
နေပြည်တော် ဇန်နဝါရီ ၂၄
မိုးကုတ်မြို့နယ်၌ ငွေကျပ်သိန်း ၅၈၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဇန်နဝါရီ ၂၂ ရက် ညနေ ၄ နာရီခွဲတွင် မိုးကုတ်မြို့နယ် မိုးကုတ်- မိုင်းလုံ သွားကားလမ်း လယ်ကြီး ပူးပေါင်းစစ်ဆေးရေး စခန်း၌ မိုင်းလုံမှ မိုးကုတ်ဘက်သို့ စိုင်းကျော်ဌေး မောင်းနှင်ပြီး မနန်းခမ်းဆွေနှင့် သိန်းဝင်း အောင်တို့ လိုက်ပါလာသည့် TOYOTA AVANZA မော်တော် ယာဉ် ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၅၈၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃ ဒသမ ၉ သိန်း သိမ်းဆည်းရမိခဲ့ သည်။
စစ်ဆေး ဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ် ဆေးပြားများအား ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ မန္တလေးတိုင်း ဒေသကြီးသို့ သယ်ဆောင်ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ သုံးဦးအား ဥပဒေအရအရေး ယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက် စစ်ဆေး ဖော်ထုတ်လျက်ရှိ ကြောင်း သိရသည်။
သတင်းစဉ်