တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၂၅ နှစ်အောက်(အမျိုးသမီး) ဘောလုံးပြိုင်ပွဲတွင် ပထမဆုရ ရခိုင်ပြည်နယ်အသင်းအား ဂုဏ်ပြုဆုချီးမြှင့်

 

 

နေပြည်တော် ဇန်နဝါရီ  ၂၄
၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၂၅ နှစ်အောက်(အမျိုးသမီး) ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် ရခိုင်ပြည်နယ် အမျိုးသမီး ဘောလုံးအသင်းအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ပြုလုပ်ရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ   အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒိုင်အဖွဲ့ဝင်များနှင့် အောင်ပွဲရ အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကား ပြောကြားပြီး   ဘောလုံးအသင်းအဖွဲ့ခေါင်းဆောင်  ပြည်နယ်အားကစားနှင့်   ကာယ ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက ပြိုင်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြည်နယ်အစိုးရအဖွဲ့နှင့် တိုင်းစစ် ဌာနချုပ်တို့မှ အောင်ပွဲရအားကစား သမားများအတွက် ပေးအပ်သည့် ဂုဏ်ပြုချီးမြှင့်ငွေများကို ပြည်နယ်လူမှုရေးဝန်ကြီးနှင့် တိုင်းမှူးတို့က ပြည်နယ်ဝန်ကြီးချုပ်ထံသို့လည်းကောင်း၊(ယာပုံ)ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊  စီးပွားရေးလုပ်ငန်းရှင်များနှင့်  ရခိုင်ယူနိုက်တက် အသင်းတို့မှ   ပေးအပ်သည့် ဂုဏ်ပြုချီးမြှင့်ငွေများကို တာဝန်ရှိသူများက ပြည်နယ်ဝန်ကြီးချုပ်၊တိုင်းမှူးနှင့် တာဝန်ရှိသူများထံသို့ လည်းကောင်း     ပေးအပ်ကြသည်။  ယင်းနောက်  အားကစားသမားများ  ကိုယ်စား အားကစားသမားတစ်ဦးက      ကျေးဇူးတင်စကား      ပြန်လည်ပြောကြား     သည်။
ရခိုင်ပြည်နယ်ဂုဏ်ဆောင် အမျိုးသမီးဘောလုံး အသင်းအတွက် ပြည်နယ်အစိုးရအဖွဲ့၊   အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊    ဌာနဆိုင်ရာများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့်  ရခိုင် ယူနိုက်တက် အသင်းတို့က ချီးမြှင့်ငွေစုစုပေါင်း ငွေကျပ် ၄၃၃ သိန်းကို ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။         
           သတင်းစဉ်