(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မြို့ရေပေးရေးစီမံကိန်း ဖွင့်လှစ်

 

 

နေပြည်တော်   ဇန်နဝါရီ   ၂၄
(၇၅)    နှစ်မြောက်    စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့်   သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်  ရေးဦးစီးဌာနနှင့်  ပုသိမ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ခဲ့သည့် ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့  မြို့ရေပေးရေး စီမံကိန်းဖွင့်ပွဲ   အခမ်းအနားကို ယနေ့      နံနက်ပိုင်းက     ပုသိမ်မြို့ မရမ်းချောင်းကျေးရွာရှိ   Water Treatment   Plant      နေရာ၌ ကျင်းပသည်။ 
ငွေကျပ် ၁၈ ဘီလီယံခန့် ကုန်ကျ
အခမ်းအနားတွင်      ပြည် ထောင်စုဝန်ကြီး ဦးလှမိုးက ပုသိမ် မြို့ ရေပေးရေးစီမံကိန်းကို အစိုးရ နှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု ဖြင့် ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ နှစ်နှစ်ခွဲခန့်ကြာ            အကောင် အထည်ဖော်    ဆောင်ရွက်ခဲ့ရာ  ငွေကျပ်    ၁၈ ဘီလီယံခန့် ကုန်ကျ ခဲ့ကြောင်း၊         ယခု      စီမံကိန်းမှ ပုသိမ်မြို့ပေါ်ရှိ  ရပ်ကွက်  ကိုးခု၊ လူဦးရေ ၁ ဒသမ ၂၅ သိန်းခန့်၊ အိမ်ထောင်စု   ၂၅၀၀၀    ခန့်ကို သန့်ရှင်းသည့်    သောက်သုံးရေ ဖြန့်ဝေပေးနိုင်မည်ဖြစ်ကြောင်း၊ စီမံကိန်းဆောင်ရွက်ရာတွင် ပုသိမ် မြို့   ငဝန်မြစ်အတွင်း   Pontoon တည်ဆောက်၍   ရေကိုရယူပြီး  ခေတ်မီ   ရေသန့်စင်ခြင်းစနစ်ကို   အသုံးပြု  ဆောင်ရွက်ပေးထား ကြောင်း၊ ယခုလုပ်ငန်းများအပေါ် ရေရှည်ပုံမှန်     လည်ပတ်နိုင်ရေး အလေးထား ကြီးကြပ်ဆောင်ရွက် ကြရန်၊ ချေးငွေဖြင့် ဆောင်ရွက် သော    လုပ်ငန်းဖြစ်သည့်အတွက် ရေပေးဝေမှုလုပ်ငန်းများ   အမြန် အကျိုးရှိစွာ     အသုံးချနိုင်ရန်၊ ပြင်ဆင်ထိန်းသိမ်းရေး   ကိစ္စရပ် များကို   ပုံမှန်ဆောင်ရွက်စေရေး  တာဝန်ရှိသူအဆင့်ဆင့်က အမြဲ မပြတ် ကြီးကြပ်စစ်ဆေးသွားရန် မှာကြားလိုကြောင်း   ပြောကြား သည်။
ဆက်လက်၍ ဧရာဝတီတိုင်း ဒေသကြီး  ဝန်ကြီးချုပ်   ဦးတင် မောင်ဝင်းက လုပ်ငန်းဆောင်ရွက် ခဲ့မှုအခြေအနေကို ရှင်းလင်းပြော ကြားသည်။
ဆက်လက်၍ သမဝါယမနှင့်  ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန  အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော် နှင့် မြို့ရေပေးရေးစီမံကိန်း တည် ဆောက်ရေးအပိုင်းကို တာဝန်ယူ ဆောင်ရွက်ခဲ့သည့်   Authentic Construction ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာက    စီမံကိန်းလုပ်ငန်း ဆောင်ရွက်ခဲ့မှု     အဆင့်ဆင့်ကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက်   ပုသိမ်မြို့   မြို့ရေပေးရေးစီမံကိန်းဖွင့်ပွဲမုခ်ဦးကို   ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသ ကြီး   ဝန်ကြီးချုပ်၊   တိုင်းမှူးနှင့် တာဝန်ရှိသူများက   ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ 
ထို့နောက် မြို့ရေပေးရေးစီမံ ကိန်း       ကမ္ပည်းမော်ကွန်းအား ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီး ချုပ်တို့က စက်ခလုတ်နှိပ်ဖွင့်လှစ် ကာ အမွှေးနံ့သာရည်များ ပက်ဖျန်း ပေးပြီး ရေသန့်စင်စက်ရုံအတွင်း ရေသန့်စင်မှု  လုပ်ငန်းစဉ်အဆင့်  ဆင့်ကို          လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။
ဧက ၇၅၀ ကျော် အကျိုးပြု
ဆက်လက်၍   ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိသည့်  ပုသိမ်မြို့နယ်  ညောင်ကုန်းကျေးရွာရှိ တောင်သူ ၄၂၈ ဦးတို့၏ စိုက်ပျိုးမြေ ဧက ၇၅၀ ကျော် အကျိုးပြုမည့် ကျေးလက် ကုန်ထုတ်လမ်း၊ တံတားလုပ်ငန်း များ ဆောင်ရွက်နေမှု အခြေအနေ များကို လည်းကောင်း၊ အသင်းသား ၃၅    ဦးဖြင့်   ဖွဲ့စည်းထားသော ရွှေကျီးညိုသမဝါယမ၏ ကုန်မျိုးစုံ အလှကုန်ပစ္စည်းများ ရောင်းချနေမှု နှင့် အကျိုးတူဆေးခန်းဖွင့်လှစ် ဆောင်ရွက်နေမှုကိုလည်းကောင်း၊  အထက်တန်းအဆင့်  ပြီးမြောက် သူများကို သုံးလခွဲကြာပို့ချလျက် ရှိသည့်    လက်မှတ်ရစာရင်းရေး စာရင်းကိုင်နှင့် စာရင်းကိုင်ကွန်ပျူ တာသင်တန်း ဖွင့်လှစ်သင်ကြားပို့ချ နေမှု  အခြေအနေများကိုလည်း ကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
၎င်းနောက်    ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် ပန်းတနော် မြို့နယ်   တော်တရကြီးကျေးရွာ မြစိမ်းရောင်      ကျေးရွာစီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို   လည်း ကောင်း၊ တော်တရကြီးကျေးရွာရှိ  မြန်မာရွှေသင်ဖျာ  ထုတ်လုပ်ရေး လုပ်ငန်းဆောင်ရွက်နေမှုကိုလည်း ကောင်း၊ ရွှေညောင်တုန်း သမဝါယမ အသင်း၏ လယ်ယာဝန်ဆောင်မှု လုပ်ငန်း ဆောင်ရွက်နေမှုကိုလည်း ကောင်း       ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည့်နည်းပညာများ  ကူညီ ဆောင်ရွက်ပေးသွားရန် မှာကြားခဲ့ ကြောင်း သိရသည်။   သတင်းစဉ်