
ရပ်စောက် ဇန်နဝါရီ ၂၂
၂၀၂၂ ခုနှစ် ရှမ်းပြည်နယ်ဝန်ကြီး ချုပ်ဖလား အမျိုးသား အမျိုးသမီး မြန်မာ့သိုင်းပြိုင်ပွဲတွင် ရပ်စောက် မြို့နယ်ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေးအတွက် လူငယ် ကစားသမားများအား မြို့နယ် အားကစားနှင့်ကာယ ပညာဦးစီး ဌာနမှ စခန်းသွင်းလေ့ကျင့်ပေး လျက်ရှိသည်။
မြို့နယ်အားကစားနှင့် ကာယ ပညာဦးစီးဌာနအနေဖြင့် မြို့နယ် ကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင် ခြင်းမှတစ်ဆင့် ခရိုင်ကိုယ်စားပြု၊ ပြည်နယ်ကိုယ်စားပြု လက်ရွေး စင် ကစားသမားများပေါ်ထွက် လာပြီး ရပ်စောက်မြို့နယ် ဂုဏ်ဆောင် လက်ရွေးစင်ကစား သမားများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ပြီး ယခုပါဝင် ယှဉ်ပြိုင် မည့် ပြိုင်ပွဲတိုင်းတွင်လည်း ဆုများ အသီးသီးရရှိစေရန်နှင့် အောင်မြင်မှု ရရှိနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ် အားကစားမှူး ဦးမြတ်သူက ပြောသည်။
အဆိုပါ ပြည်နယ်ဝန်ကြီးချုပ် ဖလား မြန်မာ့သိုင်းပြိုင်ပွဲကို တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် အားကစား လေ့ကျင့်ရေးရုံ၌ ယခုလ ၂၂ ရက်မှ ၂၆ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်းနှင့် ပြိုင် ပွဲကို ရပ်စောက် မြို့နယ်ကိုယ်စား ပြု အမျိုးသား ခုနစ်ဦးနှင့် အမျိုး သမီး နှစ်ဦး ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်ကြောင်း မြို့နယ် အားကစားနှင့် ကာယပညာဦးစီး ဌာနမှ သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)