
မော်လမြိုင် ဇန်နဝါရီ ၂၂
မွန်ပြည်နယ် သထုံမြို့နယ်အတွင်း ဆောင်ရွက်နေ သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီး များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဇန်နဝါရီ ၂၀ ရက်က ကြည့်ရှုစစ်ဆေးသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်တန်း ကျေးရွာအုပ်စု၌ ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ် ခွင့်ပြု ရန်ပုံငွေဖြင့် လယ်ယာမြေအဆင့်မြှင့်တင်ခြင်း ဧက ၃၅၀ ဖော်ထုတ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ် ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် စိုက်ပျိုး ရေးကဏ္ဍအတွက် လယ်ယာမြေအဆင့်မြှင့်တင်ခြင်း နှင့် အခြားလိုအပ်သည်များကို ကူညီထောက်ပံ့ပေး လျက်ရှိသကဲ့သို့ ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရေး အလေးပေးဆောင်ရွက်လျက်ရှိကြောင်းနှင့် စိုက်ပျိုး ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အဓိကထားဆောင်ရွက် ကြရန် တောင်သူများအား တိုက်တွန်းမှာကြား၍ လိုအပ်သည်များတင်ပြမှုကို ညှိနှိုင်းဆောင်ရွက် ပေးသည်။
မွန်ပြည်နယ်သည် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်သည့် ပြည်နယ်တစ်ခုဖြစ်သည်နှင့်အညီ သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်များကို အသုံးပြုခြင်း ဖြင့် သီးနှံအထွက်နှုန်း ပိုမိုတိုးတက်ကောင်းမွန်လာ စေရန် တောင်သူများအား စိုက်ပျိုးနည်းစနစ်ပညာ ပေးခြင်း၊ မျိုးစပါးများ၊ ဓာတ်မြေဩဇာများ ထောက်ပံ့ ခြင်း၊ လယ်ယာမြေများ ဖော်ထုတ်ပေးခြင်းအပြင် စိုက်ပျိုးရေးသွင်းအားစုများကို အချိုးကျ၊ အချိန်ကိုက် စနစ်တကျ ထည့်သွင်းအသုံးပြုနိုင်ရေး အလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပြည်နယ်ဝန်ကြီးချုပ်သည် အင်းရှည်ကျေးရွာ တွင် စက်မှုနယ်မြေ (သထုံ) အကောင်အထည်ဖော် ရေးအတွက် ဆောင်ရွက်နေမှုများကိုလည်း ကြည့်ရှု စစ်ဆေးရာ ပြည်နယ်ဝန်ကြီးချုပ်အား စက်ရုံတာဝန်ခံ က လက်ရှိ စက်ရုံအခြေအနေနှင့် ဆက်လက်ဆောင် ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း နိုင်ငံ တကာ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ ကိုဗစ်-၁၉ ကာလတွင် ထိခိုက်ခဲ့သည့် လူမှုစီးပွားဘဝ ပြန်လည် ကုစားမှုအနေဖြင့် ဒေသတွင်းပြည်သူများ အလုပ် အကိုင်အခွင့်အလမ်းများ ရရှိစေရေး၊ ဒေသထွက် ထုတ်ကုန်များကို ပြည်တွင်းပြည်ပဈေးကွက်များသို့ တင်ပို့ဖြန့်ဖြူးရောင်းချနိုင်ရေး ရည်ရွယ်ဆောင်ရွက် ကြရန်လိုအပ်ကြောင်း၊ ထို့အတွက် စက်ရုံနယ်မြေများ၊ စက်မှုဇုန်များ၊ စက်ရုံစုများ တည်ထောင်နိုင်ရေး အတွက်လည်း အထူးအလေးပေး ဆောင်ရွက်လျက်ရှိ ကြောင်းနှင့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဇာဖြူဝင်း(ပြန်/ဆက်)