မကွေးတိုင်းဒေသကြီးပြည်သူ့ဆေးရုံ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ လှူဒါန်းသည့် အောက်ဆီဂျင်စက်နှင့် အဆောက်အအုံလွှဲပြောင်းပေးအပ်ပွဲကျင်းပ

 

မကွေး   ဇန်နဝါရီ     ၂၂


မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံတွင် မကွေး တိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့် လှူဒါန်း သည့် အောက်ဆီဂျင်စက်နှင့် အဆောက်အအုံလွှဲပြောင်း ပေးအပ်ပွဲအခမ်းအနားကို ဇန်နဝါရီ ၂၁ ရက် နံနက် ၉ နာရီက တိုင်းဒေသကြီး ပြည်သူ့ဆေးရုံးကြီးငါးထပ် ဆောင်၌ကျင်းပရာ   မကွေးတိုင်းဒေသကြီး   ဝန်ကြီး ချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်း ဒေသကြီးအဆင့် ဌာဆိုင်ရာတာဝန်ရှိသူများနှင့် ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက် ခဲ့ကြောင်း သိရသည်။ 

 


ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်း သည့် အောက်ဆီဂျင်စက်နှင့် အဆောက်အအုံကို တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး ဝန်ကြီးများဖြစ်သည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ စီးပွားရေးရာ ဝန်ကြီး ဦးအောင်ချိန်၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာသောင်းလှိုင်တို့က ဖဲကြိုး ဖြတ် ဖွင့်လှစ်ပေးသည်။ 

 


ဆက်လက်၍   တိုင်းဒေသကြီး  အစိုးရအဖွဲ့မှ လှူဒါန်းသည့် အောက်ဆီဂျင်စက်နှင့် အဆောက်အုံကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က လွှဲပြောင်း ပေးအပ်ရာ တိုင်းဒေသကြီး ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းနီလာလှက လက်ခံရယူသည်။ 

 


ထို့နောက် အောက်ဆီဂျင်စက်နှင့် အဆောက်အအုံ ကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့မှ လှည့်လည် ကြည့်ရှုရာ တိုင်းဒေသကြီးပြည်သူ့ဆေးရုံအုပ်ကြီးက အောက်ဆီဂျင်စက်မှ  တစ်နေ့လျှင်  အောက်ဆီဂျင် ထွက်ရှိမှုအခြေအနေနှင့် လူနာများအတွက် ရယူသုံးစွဲ မည့် အခြေအနေများအား   ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။                      

 

ကိုစည်သူ(မကွေး)