တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

 

နေပြည်တော်   ဇန်နဝါရီ    ၂၂


တပ်မတော်   (ကြည်း၊  ရေ၊ လေ) အရာရှိ၊    စစ်သည်၊   အရာထမ်း၊ အမှုထမ်းများနှင့်  စေတနာရှင် အလှူရှင်များက မြို့နယ်အသီးသီး ရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်း များနှင့်   ဘာသာရေးကျောင်း များသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်း များ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး  စစ်ဆေးပေးခြင်း များကို ဆောင်ရွက်လျက်ရှိသည်။

 


ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက် ပိုင်း) တန့်ယန်းမြို့ရှိ ရွှေမောင်း သီလရှင်ကျောင်းတိုက်၊   ရန်ကုန် တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ဈေးရပ်ကွက်ရှိ သိမ်ကုန်းကျောင်း တိုက်၊ ဒလမြို့နယ်  ကမာကဆစ် ရပ်ကွက်ရှိ အလယ်ကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ပုညကာရီကျောင်းတိုက်၊ စစ်ကိုင်း တိုင်းဒေသကြီး ခန္တီးမြို့ ဇီးဖြူကုန်း ရပ်ကွက်ရှိ  ဇေယျသုခကျောင်း တိုက်၊ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင် ခြေ ဝေနေယျမနောသုခ ကျောင်း တိုက်၊ ပဲခူးတိုင်းဒေသကြီး ရေတာ ရှည်မြို့နယ်  ဆွာမြို့ရှိ  ရတနာ အလင်းရောင်  ကလေးများစောင့် ရှောက်ရေးနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတို့ရှိ   ဆရာ တော်၊ သံဃာတော်များ၊ သာသနာ့ နွယ်ဝင်သီလရှင်များနှင့်  ဘုန်း တော်ကြီးသင် ပညာရေးကျောင်း များတွင်  တက်ရောက်နေသည့် ကျောင်းသား     ကျောင်းသူများ အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နဝကမ္မ အလှူ ငွေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေး  အထောက်အကူပြုပစ္စည်း များ၊   နေ့ဆွမ်းများနှင့်   လှူဖွယ် ပစ္စည်းများကို သက်ဆိုင်ရာ တိုင်း စစ်ဌာနချုပ်အသီးသီးမှ တာဝန် ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းကြသည်။

 


ထို့အပြင် ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်    ဆွာမြို့ရှိ ရတနာအလင်းရောင် ကလေးများ စောင့်ရှောက်ရေးနှင့် ဘုန်းတော် ကြီးသင်      ပညာရေးကျောင်းရှိ  သံဃာတော်များနှင့် ကျောင်းသား ကျောင်းသူများအား  တောင်ပိုင်း တိုင်းစစ်ဌာနချုပ် နယ်မြေခံဆေး အဖွဲ့က လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်းများ  ဆောင်ရွက် ပေးကြောင်း သတင်းရရှိသည်။


သတင်းစဉ်