
နေပြည်တော် ဇန်နဝါရီ ၂၁
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပစ္စည်းများအား ရေကြောင်း၊ လေကြောင်း၊ ဆိပ်ကမ်းနှင့် နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိသည်။ ထိုသို့ထုတ်ပေးရာတွင် ဇန်နဝါရီ ၂၁ ရက်၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကုမ္ပဏီ တစ်ခုမှ Vaccine (VERO CELL) ၅၀၀၀၀ ၊ ရန်ကုန်ဆိပ်ကမ်းများမှ 4-LEGS Walk Assistant/Walker ၁၅၆ ခု၊ Wheel Chair ၂၈၆ ခု၊ Commode Chair ၄၆ ခု၊ Aluminium Quadcane အခု ၅၀၊ Steel Backrest ၁၂ ခု၊ ဆေးဝါးမျိုးစုံ ၂၃ မျိုး စုစုပေါင်း (၅၅၁၇၇ ဒသမ ၆၉) KG ၊ နယ်စပ် (ချင်းရွှေဟော်) တွင် ကုမ္ပဏီ တစ်ခုမှ Pai Ome III Capsule အခု ၂၅၈၆၀၊ Glucose Injection ၁၇၅၆၈ ခု၊ Sai Vc Injection အခု ၃၉၂၀ တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်