
ပထမဆုရ ရခိုင်ပြည်နယ်အသင်းအား တံခွန်စိုက်ဒိုင်းနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်
နေပြည်တော် ဇန်နဝါရီ ၂၁
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနက ကျင်းပ လျက်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ် ရေး စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့ တက်ရောက်ကြည့်ရှုအားပေး သည်။
ပြိုင်ပွဲ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ စောဒန်နီယယ်၊ ဦးရွှေကြိမ်းနှင့် ၎င်းတို့၏ဇနီးများ၊ တွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးသန်းကျော်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ပြည်ထောင်စုဝန်ကြီး များနှင့် ၎င်းတို့၏ ဇနီးများ၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည် မိသားစုဝင်များနှင့် ဘောလုံး ဝါသနာရှင်များ တက်ရောက်ကြသည်။
ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ရခိုင် ပြည်နယ်အသင်းနှင့် ရှမ်းပြည်နယ် အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီ အဖွဲ့ဝင်များနှင့် တက်ရောက်လာ ကြသူများက ပြိုင်ပွဲကို ကြည့်ရှု အားပေးကြသည်။
ပြိုင်ပွဲတွင် ရှမ်းပြည်နယ် အသင်းနှင့် ရခိုင်ပြည်နယ်အသင်း တို့သည် အကြိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့ကြပြီး ရခိုင်ပြည်နယ် အသင်းက ရှမ်းပြည်နယ်အသင်း ကို ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိသွား သည်။
ဆုများပေးအပ်ချီးမြှင့်
ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်း အနားကို ဆက်လက်ကျင်းပရာ ကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက အကောင်းဆုံး ဂိုးသမားဆုရရှိသူ ရခိုင်ပြည်နယ်အသင်းမှ မတိုး ရတနာစုအား လည်းကောင်း၊ ကောင်စီအဖွဲ့ဝင် ဦးစောဒန် နီယယ်က အကောင်းဆုံးနောက် တန်း ကစားသမားဆုရရှိသူ ရှမ်းပြည်နယ်အသင်းမှ မဖြူဖွေး အားလည်းကောင်း၊ ကောင်စီအဖွဲ့ ဝင် မန်းငြိမ်းမောင်က ပွဲစဉ် တစ်လျှောက် အကောင်းဆုံး ကစားသမားဆုရရှိသူ ရခိုင် ပြည်နယ်အသင်းမှ မလှမြတ်သူ အားလည်းကောင်း၊ ကောင်စီအဖွဲ့ ဝင် ဦးမောင်းဟာက အကောင်းဆုံး အလယ်တန်း ကစားသမားဆု ရရှိသူ မွန်ပြည်နယ်အသင်းမှ မအင်ကြင်းမွှေးအား လည်းကောင်း၊ ကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်က အကောင်းဆုံး ရှေ့တန်း ကစားသမားဆုရရှိသူ ရှမ်းပြည်နယ် အသင်းမှ မနန်းဖြူဖြူသွယ်အား လည်း ကောင်း ဆုတံဆိပ်များနှင့် ငွေသား များကို ပေးအပ်ချီးမြှင့်ကြ သည်။
ထို့နောက် ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း က စတုတ္ထရရှိသည့် ရန်ကုန်တိုင်း ဒေသကြီးအသင်းအား ငွေသားဆု ကိုလည်းကောင်း၊ ကောင်စီအဖွဲ့ ဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းက တတိယဆုရရှိသည့် မွန်ပြည်နယ် အသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုကို လည်းကောင်း၊ ကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်က ဒုတိယဆု ရရှိ သည့် ရှမ်းပြည်နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသား ဆုကို လည်းကောင်း၊ ကောင်စီ အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပထမဆုရရှိသည့် ရခိုင်ပြည်နယ်
အသင်းအား တစ်ဦးချင်း ဆုတံဆိပ်ကို လည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ကြ သည်။
ယင်းနာက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က ပထမဆု ရရှိသည့် ရခိုင်ပြည်နယ်အသင်း အား ငွေသားဆုနှင့် တံခွန်စိုက် ဒိုင်းကို ပေးအပ်ချီးမြှင့်သည်။
တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက် အမျိုးသမီး(ဘောလုံး) ပြိုင်ပွဲများ ကို ဇန်နဝါရီ ၇ ရက်မှ ၂၁ ရက်အထိ ပြိုင်ပွဲဝင်အသင်းပေါင်း (၁၃) သင်း မှ ပြိုင်ပွဲဝင်အားကစားသမား ၂၈၉ ဦး ဝင်ရောက်ယှဉ်ပြိုင် ကစားခဲ့ကြောင်း သိရသည်။
သတင်းစဉ်