
သီပေါ ဇန်နဝါရီ ၂၀
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါ မြို့နယ် ပေါ်ကြိုဘုရားကြီး တိုက်ပွဲရှောင်စခန်း၌ ရောက်ရှိ ခိုလှုံနေကြသော နေရပ်စွန့်ခွာ တိုက်ပွဲရှောင်ဒေသခံပြည်သူများအား မြို့နယ်ကြက်ခြေနီအသင်း ဥက္ကဋ္ဌနှင့် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဆောင်သော ကြက်ခြေနီ မောင်မယ်များသည် မိုင်းအန္တရာယ် အကြောင်း သိကောင်းစရာ ဟောပြောခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ စည်းကမ်း ချက်များကို အသိပညာပေး ဟောပြော ဆောင်ရွက်လျက်ရှိ သည်။
ထိုသို့ ဆောင်ရွက်ရာတွင် တိုက်ပွဲရှောင် ပြည်သူများ၏ ရင်သွေးငယ်လေးများ စိတ် အာဟာရ ဖြစ်စေရေးအတွက် ကလေးကဗျာများ စုပေါင်းရွတ်ဆို ခြင်း၊ သီချင်းသီဆိုခြင်းနှင့် ရုပ်ပုံ ကာတွန်းများကို ဆေးရောင်စုံ သွင်းခြယ်ခြင်းစသည့် စိတ်ပျော်ရွှင် ချမ်းမြေ့စေရန် အနုပညာများကို သင်ကြားပြသပေးပြီး အာဟာရ မုန့်များဝေငှကြောင်း သိရသည်။
စိုင်း(သီပေါ)