
ပညာရေးသည် လောကဓံကို ကြုံတွေ့ကြရသည့်အခါ အောင်မြင်စွာ ရင်ဆိုင်ကျော်လွှားနိုင်စေရန် လိုအပ်သော စိတ်နှင့် ရုပ်လက္ခဏာများ တည်ဆောက်ပေးခြင်းပင်ဖြစ်သည်။ တစ်နည်းအားဖြင့် ပညာတတ်လျှင် ကျန်းမာအောင်နေတတ်လာလိမ့်မည်။ ပညာတတ်လျှင် ချမ်းသာအောင် နေတတ်လာလိမ့်မည်ဖြစ်ပါသည်။ ထို့ကြောင့် ပညာတတ်များ ပေါကြွယ်ဝရေး၊ ပညာကိုအခြေခံသည့် အသိပညာ၊ အတတ်ပညာရှိသည့် လူ့စွမ်းအား အရင်းအမြစ်များ ပေါ်ထွက်လာစေရေး ဆက်လက်ဆောင်ရွက်ကြပါမည်။ မိမိတို့ပြည်သူပြည်သားများ၏ စွမ်းပကားဖြင့် နိုင်ငံတော် တိုးတက်အောင် ဆက်လက်စွမ်းဆောင်ကြပါစို့ဟု တိုက်တွန်းလိုပါသည်။
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၄-၁-၂၀၂၂ ရက်နေ့တွင် ပေးပို့သည့် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာမှ ကောက်နုတ်ချက်)