အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ တွေ့ဆုံဆွေးနွေး

နေပြည်တော်   ဇန်နဝါရီ   ၂၀


အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု   ညှိနှိုင်းရေး ကော်မတီနှင့်   နိုင်ငံရေးပါတီများ  အစု အဖွဲ့၏  အလုပ်အဖွဲ့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင်   နေပြည်တော်ရှိ အမျိုးသား     စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု     ဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 
တက်ရောက်


အစည်းအဝေးသို့     အမျိုးသား စည်းလုံးညီညွတ်ရေးနှင့်   ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး    ဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး     ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်နှင့်    ကော်မတီဝင် များ၊     နိုင်ငံရေးပါတီများအစုအဖွဲ့ ခေါင်းဆောင်  ရှမ်းတိုင်းရင်းသားများ ဒီမို ကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း နှင့်    အလုပ်အဖွဲ့ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ 


တွေ့ဆုံပွဲတွင်   အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်         ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့်  နိုင်ငံရေး ပါတီများအစုအဖွဲ့၏        အလုပ်အဖွဲ့ ခေါင်းဆောင်    ဦးစိုင်းအိုက်ပေါင်းတို့က နှုတ်ခွန်းဆက် အမှာစကားများ ပြောကြား ကြသည်။ 


ယင်းနောက်   ၂၀၂၀   ပြည့်နှစ်တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့မှ ညှိနှိုင်း      ပြင်ဆင်ဆောင်ရွက်ခဲ့သည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ  မူဘောင်နှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်  ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များကို    နှစ်ဖက်  အပြန် အလှန် ဆွေးနွေးညှိနှိုင်းကြသည်။


ထို့နောက်   နိုင်ငံရေးပါတီများ  အစု အဖွဲ့၏     အလုပ်အဖွဲ့ခေါင်းဆောင် ဦးစိုင်းအိုက်ပေါင်းနှင့်  အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ     ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်တို့က နိဂုံးချုပ် အမှာ စကားများ ပြောကြားကြပြီး တွေ့ဆုံပွဲကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။


သတင်းစဉ်