သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်ခံရသည့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်အား ဂုဏ်ပြုပူဇော်ပွဲသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ပူဇော်

 

စစ်တွေ  ဇန်နဝါရီ  ၁၉

 


ပြည်ထောင်စုသမ္မတ   မြန်မာနိုင်ငံတော်အစိုးရမှ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်  အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတဘွဲ့ ဆက်ကပ်ခြင်းခံရသည့် ရခိုင် ပြည်နယ် စစ်တွေမြို့ ပညာမဏ္ဍိုင် ပရိယတ္တိစာသင် တိုက်   ပဓာနနာယက၊   နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်ဆရာတော် ဘဒ္ဒန္တဣန္ဒာဝုဓအား ဂုဏ်ပြု ပူဇော်ပွဲအခမ်းအနားကို   ဇန်နဝါရီ   ၁၆ ရက်က အဆိုပါစာသင်တိုက် ဓမ္မမဏ္ဍိုင်ဆောင်၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော် မင်း၊     အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်   ထင်လတ်ဦး၊   ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ၊     အလှူရှင်များ    တက်ရောက်  ပူဇော်ကြသည်။

 


ဆက်ကပ်လှူဒါန်း

 

အခမ်းအနားတွင် ပြည်နယ်ဩဝါဒါစရိယ၊ အဂ္ဂ မဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ စစ်တွေ မြို့  နန္ဒာရာမပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တနန္ဒသိရီမဟာထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီး ချုပ် အမှူးပြုသော ဧည့်ပရိသတ်များက   ငါးပါး သီလခံယူဆောက်တည်ကြပြီး အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတဘွဲ့  ဆက်ကပ်ခြင်းခံရသည့်   နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်အား ဂုဏ်ပြုပူဇော် သည့် ဂုဏ်ပြုထောပနာစာတမ်းကို  မင်းပြားမြို့ သုခိတာရုံကျောင်းတိုက်       စာချဆရာတော်က ဖတ်ကြားပူဇော်ကာ      ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က သာသနာတော်ဆိုင်ရာ  အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်အား  ဆက်ကပ် လှူဒါန်းကြသည်။ 

 


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အလှူရှင်စေတနာရှင်များက အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော်အား   ဂုဏ ပူဇာအလှူတော်ငွေများ   ဆက်ကပ်လှူဒါန်းခဲ့ကြ ကြောင်းသိရသည်။

 

    
 တင်ထွန်း(ပြန်/ဆက်)