ကန့်ဘလူမြို့နယ်အတွင်းရှိ ရေလှောင်တမံများမှ နွေစပါး ဧက ၂၉၀၀၀ ကျော် စိုက်ပျိုးရေပေးဝေသွားမည်

 

ကန့်ဘလူ   ဇန်နဝါရီ    ၁၉

 


စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်        အတွင်းရှိ ကင်းတပ်ရေလှောင်တမံ၊ ကျေးပင် အက်ရေလှောင်တမံ၊ ပေကြီးရေလှောင်တမံ၊ သိန်ရင်ရေလှောင်တမံ၊ မင်းမြင်ရေလှောင်တမံ၊  လင်ပန်းရေလှောင်တမံနှင့်    လျှပ်စစ်ရေတင် လုပ်ငန်းတို့မှ   နွေစပါး   ဧက   ၂၉၅၁၀   ကို  အောင်မြင်စွာ စိုက်ပျိုးနိုင်ရေး ဆည်ရေများကို  ဖေဖော်ဝါရီ   ဒုတိယပတ်တွင်   စတင်ပေးဝေ မည်ဖြစ်ကြောင်း   မြို့နယ်ဆည်မြောင်းနှင့်  ရေအသုံးချမှု  စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရ သည်။    

 


ကန့်ဘလူမြို့နယ်         ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနနှင့်  တည် ဆောက်ရေးလုပ်ငန်း ဌာနတို့မှ ထိန်းသိမ်းထား သည့် ရေလှောင်တမံများ၏ ဆည်ရေသောက် စနစ်အတွင်းရှိ   ရေပေးမြောင်းများ၊   ရေပေး မြောင်းအဆောက်အအုံများ ပြင်ဆင်ထိန်းသိမ်း  ခြင်းလုပ်ငန်းများကို မိုးစပါးရေးပေးဝေရာသီ  ပြီးဆုံးချိန် ဒီဇင်ဘာ ပထမပတ်မှ စတင်ကာ နွေစပါး    ရေစတင်ပေးဝေမည့်    ဖေဖော်ဝါရီ ပထမပတ်ထိ ရေဖြတ်ကာလသတ်မှတ်ထား ပြီး ယင်းကာလအတွင်း ပြင်ဆင်မွမ်းမံခြင်း၊ မြောင်းစစ်လမ်း၊ မြောင်းပေါင်များပြုပြင်ခြင်း၊ နွေစပါး ရေပေးဝေနိုင်မည့်ဧက စိစစ်အတည် ပြုခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 


“ကျွန်တော်တို့ဌာနအနေနဲ့ နွေစပါးရာသီ စိုက်ပျိုးရေ ဖူလုံစွာရရှိရေးအတွက် နည်းလမ်း ခြောက်သွယ်နဲ့ ဆောင်ရွက်ပေးနေပါတယ်။ ဒီနည်းလမ်းတွေက    ဆည်မြောင်းတာတမံ တွေ   အသစ်တည်ဆောက်တာ၊    ရေဝေရေလဲ ဧရိယာကနေ စီးဆင်းတဲ့ရေတွေကို အပြည့် အဝသိုလှောင် အသုံးချရေးစီမံဆောင်ရွက်တာ၊  တည်ဆောက်ပြီး    ဆည်မြောင်းတာတမံတွေ ကနေ ဆည်ရေကို ထိရောက်စွာပေးဝေဖို့နဲ့ ရေပိုမိုသိုလှောင်နိုင်ဖို့    ပြုပြင်တာ၊    မြစ် ချောင်းများရေလျှံချိန်မှာ   အင်းအိုင်ချိုင့်ဝှမ်း များအတွင်း    ရေသွင်းသိုလှောင်ထားရှိတာ၊  မြစ်ချောင်းကနေ  ရေစုပ်စက်နဲ့   စုပ်တင်တာ၊ မြေအောက်ရေကို   ထုတ်ယူသုံးစွဲတာ  စတဲ့ နည်းလမ်းတွေနဲ့     လယ်ယာလုပ်ငန်းခွင်မှာ  တောင်သူလယ်သမားတွေ          အကျိုးရှိစွာ အသုံးချနိုင်ဖို့     ကြီးကြပ်ဆောင်ရွက်ပေးပါ တယ် ” ဟု မြို့နယ်ဆည်မြောင်းနှင့် ရေအသုံး ချမှု   စီမံခန့်ခွဲရေးဦးစီးဌာန    ဦးစီးအရာရှိ ဦးသူရဇော်က ပြောသည်။

 


ကန့်ဘလူမြို့နယ်၌ စိုက်ပျိုးရေးလုပ်ငန်း များအတွက်   မိုးရေကို  မှီခိုအားထားစိုက်ပျိုး ရကြောင်း၊   နိုင်ငံတော်၏   စီးပွားရေး   ဖွံ့ဖြိုး တိုးတက်မှုအတွက် အဓိကကျသည့် စိုက်ပျိုး ရေးကဏ္ဍ     ဖွံ့ဖြိုးတိုးတက်ရေး၊     စိုက်ပျိုး ထုတ်ကုန်များ    တိုးတက်ရေး   အထောက် အကူပြုစေရန်အတွက်   ဆည်မြောင်းနှင့်   ရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက မြစ်ချောင်း များ၊ ဆည်များ၊ တာတမံများ၊ မြေအောက်ရေဖော်ထုတ်ရေးစီမံကိန်းများကို ဆောင်ရွက်ပေး လျက်ရှိသည်။

 


ကင်းတပ်ရေလှောင်တမံ၏  မြောင်းများ မှ  မြောင်းအလိုက်   နွေစပါး  ဧက  ၂၃၁၅၀၊ သိန်ရင်ရေလှောင်တမံမှ  ဧက ၁၂၀၀၊  မင်းမြင် ရေလှောင်တမံမှ ဧက ၁၀၀၀၊ ကျေးပင်အက် ရေလှောင်တမံမှ    ဧက   ၂၀၀၀၊  လင်ပန်း ရေလှောင်တမံမှ ဧက ၄၀၀၊ ပေကြီးရေလှောင် တမံမှ ဧက ၁၅၀ နှင့်လျှပ်စစ်ရေတင်လုပ်ငန်းမှ ဧက ၁၆၁၀ စုစုပေါင်း ဧက၂၉၅၁၀ ကို ဆည်ရေ ပေးဝေစိုက်ပျိုးသွားမည်ဖြစ်ကြောင်း     သိရ သည်။              

 

အောင်ဝင်းငြိမ်း(ကန့်ဘလူ)