ရထားတွဲဆိုင်းအသစ်များဖြင့် အဆန်ရထားလမ်းသစ်တွင် စတင်စမ်းသပ်ပြေးဆွဲမည်

 

ကျောက်တံခါး   ဇန်နဝါရီ   ၁၉


၂၀၂၂  ခုနှစ်   ဇန်နဝါရီ   ၂၄  ရက် တွင် ပဲခူးတိုင်းဒေသကြီး  ညောင် လေးပင်မြို့နယ်    ပိန်းဇလုပ်မြို့မှ  ကျောက်တံခါးမြို့နယ်       တောကျွဲ အင်းမြို့အထိ အဆန်ရထားလမ်း သစ်တွင်    ရထားတွဲဆိုင်းအသစ် ဖြင့် တစ်နာရီလျှင် ကီလိုမီတာ ၁၀၀  နှုန်းဖြင့်  စမ်းသပ်ပြေးဆွဲ မည်ဖြစ်ကြောင်း သိရသည်။

 


စမ်းသပ်ပြေးဆွဲခြင်း  ပြီးစီး ပါက မြန်နှုန်းမြှင့်ရထားများသည်  ရထား        သံလမ်းသစ်ပေါ်တွင် ပြေးဆွဲတော့မည်ဖြစ်၍      ရထား သံလမ်းဘေး       တစ်လျှောက် နေထိုင်နေသော  ပြည်သူများနှင့် ရထားသံလမ်းကူးများအား   ဖြတ်သန်းသွားလာသော   ပြည်သူများ  မလိုလားအပ်သော  မတော်တဆမှုများ မဖြစ်ပွားစေရန် အထူးဂရုပြု ဖြတ်သန်းသွားလာကြစေရန်နှင့် တရားမဝင် ရထားလမ်းကူးများမှ        ဖြတ်သန်းသွားလာခြင်းနှင့် မော်တော်ယာဉ်များ မောင်းနှင်မှုမပြုကြရန်  ရထားသံလမ်းပေါ်တွင်  ကျွဲနွားများ  ထိန်းကျောင်းခြင်း၊   အဝတ်များ လှန်းခြင်းနှင့် ကလေးများ ဆော့ကစားခြင်းမပြုလုပ်ကြရန် ဖြတ်သန်း သွားလာမည့်ယာဉ်များ၊       ဆိုင်ကယ်များနှင့်       ပြည်သူများသည်  သတ်မှတ်ထားသော သတိပေးဆိုင်းဘုတ်များနှင့်  တာဝန်ရှိသူများ၏ အချက်ပြများကို  အလေးထားလိုက်နာကြစေရန်  မြန်မာ့မီးရထားမှ အသိပေးကြေညာထားကြောင်း သိရသည်။

 


ရန်ကုန်- မန္တလေးမီးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းကို JICA  ၏   ODAD  (Official Development Assistant)  ချေးငွေဖြင့် ရန်ကုန်မှ မန္တလေးလမ်းပိုင်းကို  အပိုင်း  နှစ်ပိုင်းခွဲ၍ ဆောင်ရွက်လျက် ရှိပြီး အပိုင်း (၁) တွင်CP 103 ညောင်လေးပင်မှ တောင်ငူအထိ ဆောက် လုပ်မည်ဖြစ်သည်။  ထိုလုပ်ငန်းကို  ၂၀၁၈  ခုနှစ်  နိုဝင်ဘာလမှ  စတင် ဆောင်ရွက်ခဲ့ကာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလအထိ ၄၈ လ ကြာမြင့်မည် ဖြစ်၍   ယခုအခါ   ပိန်းဇလုပ်မှ  တောကျွဲအင်းအထိ  ရထားလမ်း အဆင့်မြှင့်တင်ရေး   လုပ်ငန်းများ   ဆောင်ရွက်ပြီးစီးသွားပြီဖြစ်သည်။ ထိုလုပ်ငန်းများအားလုံး ပြီးစီးသွားချိန် ၂၀၂၂ ခုနှစ်အလွန်တွင် ရန်ကုန်မှ တောင်ငူအထိ     သုံးနာရီခွဲနှင့်   မန္တလေးအထိ    ရှစ်နာရီသာကြာမြင့် တော့မည်ဖြစ်သဖြင့်  ခရီးသွားပြည်သူများ သက်သောင့်သက်သာဖြင့် အချိန်တိုအတွင်း ရောက်ရှိစေနိုင်မည့်အပြင် မြန်ဆန်သောခရီးလမ်း သည်   ကောင်းမွန်မြန်ဆန်သော   ကုန်စည်စီးဆင်းမှုကို အထောက် အကူဖြစ်စေပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း များစွာအကျိုးပြု နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။ 

 


ခင်ကို(ကျောက်တံခါး)