
သံဖြူဇရပ် ဇန်နဝါရီ ၁၉
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနအလိုက်တာဝန်ရှိသူ များသည် ဇန်နဝါရီ ၁၈ မွန်းလွဲပိုင်းက သံဖြူဇရပ် မြို့နယ် ကုန်းမြင့်သာယာကျေးရွာရှိ Southland Myanmar ကုမ္ပဏီလီမိတက်သို့ ရောက်ရှိပြီး စက်ရုံ ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက စက်ရုံ လည်ပတ်နေမှုအခြေအနေနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်သည် ရော်ဘာစိုက်ပျိုးမှုနှင့် ထွက်ရှိမှု အများဆုံးဖြစ် သည့် ပြည်နယ်တစ်ခုဖြစ်သကဲ့သို့ အရည်အသွေးမီ အဆင့်မြင့် ရော်ဘာကုန်ချောထုတ်လုပ်နိုင်ရေး ဆောင်ရွက်ကြရန်၊ စွန့်ပစ်ရေဆိုးစနစ်များ စွန့်ထုတ် မှုတို့ကို စနစ်တကျဆောင်ရွက်ကြရန် မှာကြားသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ သည် သံဖြူဇရပ်မြို့နယ် ဝဲတဝါကျေးရွာရှိ ဒူးရင်းခြံသို့ရောက်ရှိကာ ဧက ၆၀၀ စိုက်ပျိုးနိုင်ရေး စီစဉ်ဆောင် ရွက်ထားရှိမှုနှင့် လက်ရှိတွင် ဧက ၂၀၀ စိုက်ပျိုး ဖြစ်ထွန်းနေမှု အခြေအနေတို့ကို ကြည့်ရှုအားပေးသည်။
ထို့နောက် ပငကျေးရွာ ဆားထုတ်လုပ်သည့် နေရာသို့ ရောက်ရှိကာ ပြည်နယ်ဝန်ကြီးချုပ်က အရည်အသွေးမြင့် အိမ်သုံး အိုင်အိုဒင်းဆားများ ထုတ်လုပ်နိုင်ရေး၊ စျေးကွက်သို့ဈေးနှုန်းချိုသာစွာ ဖြင့် ဖြန့်ဖြူးတင်ပို့ရောင်းချနိုင်ရေး မှာကြားပြီး နေလှန်းဆားများ ထုတ်လုပ်နေမှု၊ ဆားကြမ်းများ သိုလှောင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)