ငွေကျပ်သန်း ၉၀၀ ဖြင့် ဆောက်လုပ်ခဲ့သည့် မကွေးမြို့ ကမ်းနားလမ်းညဈေးတန်းဖွင့်လှစ်

 

မကွေး   ဇန်နဝါရီ   ၁၉

 


မကွေးမြို့ ကမ်းနားလမ်းတွင် ပြည်သူများ စိတ်အေးချမ်းသာစွာဖြင့်  အနားယူအပန်းဖြေ စားသောက်နိုင်ရန် ညဈေးတန်း တည်ဆောက်ခဲ့ပြီး  ညဈေးတန်းဖွင့်ပွဲ  အခမ်းအနားကို  ဇန်နဝါရီ  ၁၈   ရက်  ညနေ ၆ နာရီက မကွေးမြို့  ကမ်းနားလမ်း  We Love Magway အနီးရှိ ညစျေးတန်း၌ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးတင့်လွင်၊  မကွေးလေတပ်စခန်း   ဌာနချုပ်မှူး   ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊  တိုင်းဒေသကြီး  တရားသူကြီးချုပ် ဦးစိန်ထွန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ 

 


ဦးစွာ မကွေးမြို့ ကမ်းနားလမ်းညဈေးတန်းအား  တိုင်းဒေသကြီး ဝန်ကြီးချုပ်၊    မကွေးလေတပ်စခန်း      ဌာနချုပ်မှူး ဗိုလ်မှူးချုပ်၊ တိုင်းဒေသကြီး တရား  သူကြီးချုပ်နှင့်   တိုင်းဒေသကြီး ဝန်ကြီးများဖြစ်သည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး    ဗိုလ်မှူးကြီး   ကျော်ကျော်လင်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ သယံဇာတရေးရာဝန်ကြီး    ဦးစိုင်းမြင့်အေး၊    လူမှု ရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်နှင့်  တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးထွန်းခင် တို့က ကမ်းနားလမ်း ညဈေး တန်းကို   ဖဲကြိုးဖြတ်  ဖွင့်လှစ်ခဲ့ပြီး   ကမ်းနားလမ်း ညဈေးတန်း ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာ ပက်ဖျန်းပေးသည်။ 

 


ထို့နောက်     တိုင်းဒေသကြီး    ဝန်ကြီးချုပ်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး၊  တိုင်းဒေသကြီး တရားသူကြီးချုပ်၊  တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ကမ်းနားလမ်း ညဈေးတန်း ကို လှည့်လည်ကြည့်ရှုပြီး ကမ်းနားလမ်း ညဈေးတန်း   ဖွင့်ပွဲအထိမ်းအမှတ်   ပျော်ရွှင်စရာ    မီးရှူးမီးပန်းများ  ပစ်ဖောက်ခဲ့ကြောင်းနှင့်   အဆိုပါ ဖွင့်ပွဲအခမ်း အနားသို့   တက်ရောက်လာကြသူများအား   ဘူဖေးစနစ်ဖြင့်  ညစာတည်ခင်း  ဧည့်ခံကျွေးမွေးခဲ့ ကြောင်း သိရသည်။

 


အဆိုပါ    ညစျေးတန်းအား     တိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် သန်း ၉၀၀ ဖြင့် (အရှည် ၃၁၅ ပေ x အကျယ် ၄၄ ပေ) ရှိ ညစျေးကို သံကူကွန်ကရစ်   ပိုင်ထိပ်အုပ်နှင့်  သံကူကွန်ကရစ် တိုင်၊   သံကူကွန်ကရစ်ကြမ်းခင်း၊ သံမဏိရက်မ၊ သံပန်းလက်ရန်းတို့ဖြင့် ၂၉-၆-၂၀၂၁ ရက်က စတင် တည်ဆောက်ခဲ့ပြီး      ၃၀-၉-၂၀၂၁     ရက်တွင် လုပ်ငန်းပြီးစီးကာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။          

 

                                    
မောင်ညီညာ