တပ်မတော်မှ ဆောင်ရွက်လျက်ရှိသည့် အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် နတ်စင်တစ်ရာဆရာတော်နှင့် အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်း

 

နေပြည်တော်   ဇန်နဝါရီ   ၁၉


တပ်မတော်မှ   ဆောင်ရွက်လျက်ရှိသည့်    အမျိုး၊ ဘာသာ၊ သာသနာ    ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများတွင်   အသုံးပြုရန်အတွက်   နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့  ဗန်းမော် ကျောင်းတိုက် ပဓာနနာယက ဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု  အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာ   ဘိဝံသနှင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့    အကျိုးတော်ဆောင် သန်လျင်မြို့   မင်းကျောင်း   ပထမပြန်စာသင်တိုက် ပဓာနနာယကဆရာတော်     အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာ ဘိဝံသ တို့ကို   အမှူးပြု၍ နတ်စင်တစ်ရာဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တပညာ တေဇနှင့် အလှူရှင်များက   အလှူငွေများပေးအပ် လှူဒါန်းခြင်းကို  ယနေ့နံနက်ပိုင်းတွင် နေပြည်တော် တိုင်းစစ်ဌာနချုပ် အောင်ငြိမ်းအေးခန်းမ၌  ပြုလုပ် သည်။

 


ဦးစွာ  တိုင်းမှူး  ဗိုလ်ချုပ် ဇော်ဟိန်းနှင့်  အရာရှိ၊ စစ်သည်၊   မိသားစုများက   ဗန်းမော်ဆရာတော် ဘုရားကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ် တရားတော်များကို နာယူကြသည်။ 

 


ထို့နောက် တပ်မတော်မှ ဆောင်ရွက်လျက်ရှိသည့် အမျိုး၊ ဘာသာ၊ သာသနာ  ထိန်းသိမ်းစောင့်ရှောက် ရေးလုပ်ငန်းများတွင်   အသုံးပြုရန်အတွက်   အလှူ ငွေကျပ်သိန်း  ၃၀၀ ကို  နတ်စင်တစ်ရာဆရာတော် ဦးဆောင်သော အလှူရှင်များက ပေးအပ်လှူဒါန်းရာ တိုင်းမှူးက   လက်ခံရယူပြီး   ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

 


ယင်းနောက်  ဗန်းမော်ဆရာတော်ဘုရားကြီး အမှူးပြုသော သံဃာတော်များအား   တိုင်းမှူးနှင့် အရာရှိ၊   စစ်သည်၊   မိသားစုများက   လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး    သန်လျင် မင်းကျောင်းဆရာတော်ကြီးထံမှ     အနုမောဒနာ တရားနာယူကာ  လှူဒါန်းမှုအစုစုတို့အတွက်  ရေစက် သွန်းချအမျှပေးဝေကြသည်။

 


အခမ်းအနားအပြီးတွင်   ဗန်းမော်ဆရာတော်ဘုရားကြီးအမှူးပြုသော     သံဃာတော်များအား တိုင်းမှူးနှင့်   အဖွဲ့ဝင်များက   နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်