တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော်    ဇန်နဝါရီ   ၁၉

 


တိုင်းဒေသကြီးနှင့်    ပြည်နယ် အသီးသီးတို့၌   သံဃာတော်များ၊ သာသနာ့နွယ်ဝင်  သီလရှင်များ၊ ဘာသာရေး    ခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး  ဘာသာ မရွေး   အသက် ၄၀ အထက် ဒေသခံပြည်သူများ၊  အကျဉ်းသား၊ အကျဉ်းသူများ၊  မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ၊    နာတာရှည်ရောဂါအခံရှိသူ များ၊   ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်    စခန်းများ အတွင်းရှိ ပြည်သူများ၊ အသက် ၁၂ နှစ်အထက်    အခြေခံပညာ အလယ်တန်းနှင့်     အထက်တန်း အဆင့်  ကျောင်းသား   ကျောင်းသူ များ  စသည့်    ဦးတည်အုပ်စုများ သတ်မှတ်၍  တပ်မတော်မှ  ဆေး အဖွဲ့များ၊   ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊     သူနာပြုများ၊ ကျန်းမာရေး    ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ် ဆေးထိုးခြင်း    လုပ်ငန်းများကို အင်တိုက်အားတိုက်   ဆောင်ရွက် ပေးလျက်ရှိသည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၈ ရက်နှင့် ယနေ့တို့တွင် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ရှိ မြို့နယ်  ၁၂ မြို့နယ်၌  ဒေသခံ ပြည်သူ ၃၈၂၂ ဦး၊    ရှမ်းပြည် နယ်အရှေ့ပိုင်းအတွင်းရှိ  မြို့နယ် လေးမြို့နယ်၌    ဒေသခံပြည်သူ ၆၁၃ ဦး၊  ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်ငါးမြို့နယ်၌      ဒေသခံ ပြည်သူ ၂၇၉၀ ၊   တနင်္သာရီတိုင်း ဒေသကြီး        ပုလောမြို့နယ်၌ ဒေသခံပြည်သူ ၉၇၅ ဦး၊   ရန်ကုန် တိုင်းဒေသကြီး   ရန်ကင်းမြို့နယ် နှင့် တာမွေမြို့နယ်တို့၌ ဒေသခံ ပြည်သူ ၁၂၃၀ ၊   ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်၌ ဒေသခံပြည်သူ ၂၃၈၀၉ ဦး၊     ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်၌   ဒေသခံ ပြည်သူ ၁၃၄၀၁ ဦးနှင့် မန္တလေး တိုင်းဒေသကြီးအတွင်းရှိ      ခရိုင် ခုနစ်ခုတို့မှ  ဒေသခံပြည်သူ ၇၄၃၅ ဦးတို့ကို တပ်မတော်မှ  ဆေးအဖွဲ့ များက     ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊      သက်ဆိုင်ရာ ကျန်းမာရေး      ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများ   ဆောင်ရွက် ပေးနိုင်ခဲ့သည်။ 

 


ထို့အတူ      ကျောင်းသား ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ   ဇန်နဝါရီ ၁၈ ရက်နှင့်   ယနေ့တို့တွင်  ရှမ်း ပြည်နယ်မြောက်ပိုင်း   တန့်ယန်း မြို့နှင့်          မဘိမ်းမြို့တို့၌ ကျောင်းသား ကျောင်းသူ ၄၆ ဦး နှင့်    ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ   မြို့နယ် ၂၆  မြို့နယ်၌ ကျောင်းသား  ကျောင်းသူ ၇၃၂ ဦး တို့ကို   တပ်မတော်မှ   ဆေးအဖွဲ့ များက     ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊      သက်ဆိုင်ရာ ကျန်းမာရေး     ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း ၍ ကိုဗစ်- ၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းများ    ဆောင် ရွက်ပေးသည်။

 


ထိုသို့   ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များမှ    တာဝန်ရှိသူများက သွားရောက်   ကြည့်ရှုအားပေးပြီး လိုအပ်သည်များ   ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း    သိရ သည်။         


သတင်းစဉ်