
နေပြည်တော် ဇန်နဝါရီ ၁၉
ကုန်စည်ကူးသန်းရေးတွင် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုထိန်းချုပ်ရေးလုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။
ပုံ)
အစည်းအဝေး၌ ကုန်စည် ကူးသန်းရေးတွင် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှု ထိန်းချုပ်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်က မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုတွင် ကျိန်စန်း ကျော့၊ ချင်းရွှေဟော်၊ လွယ်ဂျယ် နှင့် ကန်ပိုက်တီးနယ်စပ်ကုန်သွယ် ရေးစခန်းများ ပြန်လည်ဖွင့်လှစ် ၍ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း၊ ယခင် မူဆယ် (၁၀၅)မိုင် ကုန် သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံသို့ ဝင်ထွက်သည့် ဂိတ်ငါးခုရှိပြီး ယခုအခါ ကျိန်စန်းကျော့ ဂိတ် တစ်ခုတည်းကိုသာ ဖွင့်လှစ်နိုင် ခဲ့ခြင်းဖြစ်ပြီး ပို့ကုန်တင်ပို့နိုင် မှုပမာဏ လွန်စွာနည်းပါးနေသေး ကြောင်း၊ နှစ်နိုင်ငံနယ်စပ်ကုန်သွယ် မှုတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြောင့် ကုန်သွယ်မှုကန့်သတ် ချက်နှင့် အခက်အခဲများစွာ ရှိနေ ကြောင်း၊ ပိုးသတ်ရခြင်း၊ ယာဉ် ချိန်း ပြောင်းရခြင်း၊ ရှန်တိန်ယာဉ် မောင်းများဖြင့် ဆောင်ရွက်ရခြင်း နှင့် ကုန်ပစ္စည်းများ ချိန်းပြောင်း ရခြင်းများကြောင့် ကုန်ကျစရိတ် များခြင်း၊ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်း စသည့် ကုန်သွယ်မှု အခက်အခဲများ ရှိသော်လည်း ကျော်လွှားနိုင်ရန် ဆောင်ရွက်ပြီး မြန်မာ့ပို့ကုန်များ ပိုမိုတင်ပို့နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
ကုန်သွယ်မှု တိုးမြှင့်နိုင်ရေး အတွက် နှစ်နိုင်ငံနယ်စပ်တာဝန်ရှိသူများအနေဖြင့် တွေ့ကြုံရသည့် အခက်အခဲများကို ညှိနှိုင်းဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ နယ်စပ် ကိုယ်စားလှယ် တာဝန်ရှိသူ အချင်းချင်း ညှိနှိုင်းဆောင်ရွက် ကြရန်နှင့် ခက်ခဲသည့်ကိစ္စရပ် များကို တင်ပြကြရန်ဖြစ်ပြီး ပြည်ထောင်စုအဆင့်မှ ဆက်လက် ဆွေးနွေးပေးသွားမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်များတွင် နှစ်နိုင်ငံနယ်စပ် အချင်းချင်း တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိသော်လည်း ယခုထက် ပိုမိုတိုးမြှင့်ဆောင်ရွက်ကြရန် လို ကြောင်း၊ တစ်ဖက်နိုင်ငံမှ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ကူညီ ထောက်ပံ့မှုများအပေါ် သက်ဆိုင်ရာ ဌာနများနှင့် ခရိုင်အဆင့်၊ မြို့နယ် အဆင့် (Task Force) လုပ်ငန်း အဖွဲ့များက ကဏ္ဍအလိုက် ဆောင်ရွက်မှုကို တင်ပြပေးကြရန် လိုကြောင်း ဆွေးနွေးပြောကြား သည်။
ယင်းနောက် ဆပ်ကော်မတီ ဝင်များ၊ Task Force အဖွဲ့ဝင် များနှင့် အစည်းအဝေးသို့ တက် ရောက်လာကြသည့် သက်ဆိုင်ရာ ဌာနများမှကဏ္ဍအလိုက် ဆွေးနွေး ခဲ့ကြပြီး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးက တင်ပြ ချက်များအပေါ် ဖြည့်စွက်ဆွေးနွေး ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်