
နေပြည်တော် ဇန်နဝါရီ ၁၉
(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် မြန်မာ့အသံ နှင့်ရုပ်မြင်သံကြားနှင့် မြန်မာနိုင်ငံ လူရွှင်တော်အသင်း(ဗဟို) တို့ ပူးပေါင်းပြီး “စိန်ရတု ပြည်ထောင်စု လူရွှင်တော်ဖလား” လူရွှင်တော်ပြိုင်ပွဲ၊ ပွဲစဉ်(၃)ကို ဇန်နဝါရီ ၂၂ ရက်၊ (စနေနေ့) ည ၈ နာရီသတင်းအပြီးတွင် မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ထုတ်လွှင့် ပြသမည်ဖြစ်သည်။
ယင်းပြိုင်ပွဲတွင် ဟာသ မင်္ဂလာရွှေဆိုင်းတော်အဖွဲ့ တီး ခတ် မှုနှင့်အတူ လူရွှင်တော်များ ဖြစ်ကြသည့် အိုးဝေ၊ ဒင်္ဂါး၊ ကော်ဖီ နှင့် ဖြိုးကြွယ်တို့က ပါဝင်ယှဉ်ပြိုင် ကြမည် ဖြစ်သည်။
အဆိုပါပြိုင်ပွဲကို ဇန်နဝါရီ ၂၆ ရက် (ဗုဒ္ဓဟူးနေ့) မွန်းလွဲ ၁ နာရီခွဲ National News အင်္ဂလိပ်ဘာသာသတင်း အစီ အစဉ်အပြီးတွင် ဒုတိယအကြိမ် ထမ်မံ ထုတ်လွှင့်ပြသမည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်