“တူယှဉ်နွှဲပျော် ဂီတပွဲတော်” သီချင်းဆိုပြိုင်ပွဲ အုပ်စု(င) ပထမပွဲစဉ် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တိုက်ရိုက် Live ပြသမည်

 

နေပြည်တော်   ဇန်နဝါရီ    ၁၉


စိန်ရတု       ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့်    “တူယှဉ် နွှဲပျော် ဂီတပွဲတော်”   သီချင်းဆို ပြိုင်ပွဲ  အုပ်စု (င)   ပထမပွဲစဉ်ကို ဇန်နဝါရီ ၂၁ ရက်  (သောကြာနေ့) ညတွင်    မြန်မာ့အသံနှင့်ရုပ်မြင် သံကြားမှ    တိုက်ရိုက်   Live ရိုက်ကူးထုတ်လွှင့်မည် ဖြစ်သည်။  

 


အဆိုပါပွဲစဉ်၌  တိုင်းရင်းသား ပြိုင်ပွဲဝင်များ        ဖြစ်ကြသည့်   မွန်ပြည်နယ်မှ     အေးသက်ထား ဇော်၊   ဧရာဝတီတိုင်းဒေသကြီးမှ ဇင်သူသူထွန်း၊  မကွေးတိုင်းဒေသ ကြီးမှ ရန်လေး၊  နေပြည်တော်မှ ကျော်မျိုးထက်၊  ရခိုင်ပြည်နယ်မှ သန်းသန်းဆင့်၊      တနင်္သာရီတိုင်း ဒေသကြီးမှ ရာဇာ၊ ရှမ်းပြည်နယ်မှ ဇင်နွယ်၊   ပဲခူးတိုင်းဒေသကြီးမှ   ချစ်နုနှင့်   စစ်ကိုင်းတိုင်းဒေသကြီးမှ စုလတ်ဖြူတို့က    ယှဉ်ပြိုင်သီဆိုကြ မည်ဖြစ်ပြီး မြန်မာ့အသံနှင့်ရုပ်မြင် သံကြား ခေတ်ပေါ်တေးဂီတအဖွဲ့ မှ      တီးခတ်ပေးမည်ဖြစ်ကာ     ဒုတိယအကြိမ်အဖြစ်  ဇန်နဝါရီ ၂၃ ရက် (တနင်္ဂနွေနေ့)    နံနက် ၁၀ နာရီခွဲတွင်   ထပ်မံထုတ်လွှင့် ပြသမည် ဖြစ်သည်။ 

 


“တူယှဉ်နွှဲပျော် ဂီတပွဲတော်”   သီချင်းဆိုပြိုင်ပွဲတွင်  နေပြည်တော်၊ ပြည်နယ်နှင့်   တိုင်းဒေသကြီးတို့မှ    တိုင်းရင်းသားညီအစ်ကို မောင်နှမ သုံးဦးစီဖြင့်  စုစုပေါင်း ၄၅ ဦးတို့က  အဖွဲ့ ငါးဖွဲ့ခွဲ၍    အုပ်စု ပွဲစဉ် ၁၀ ပွဲကို      ရန်ကုန်မြို့  ပြည်လမ်းရှိ  မြန်မာ့အသံနှင့်   ရုပ်မြင်သံကြား တွင် လည်းကောင်း၊   နောက်ဆုံး ပွဲစဉ်သုံးပွဲကို        ရန်ကုန်မြို့ ပြည်သာယာရှိ      မြဝတီမီဒီယာ စင်တာတွင်          လည်းကောင်း  နိုဝင်ဘာ ၂၆ ရက်မှစ၍ အပတ်စဉ် သောကြာနေ့ညများတွင်  တိုက် ရိုက် Live ရိုက်ကူးထုတ်လွှင့် ပြသ လျက်ရှိရာ ၂၀၂၂   ခုနှစ် ဖေဖော်ဝါရီ  ၆ ရက်    တနင်္ဂနွေနေ့ညအပါအဝင် ၂၀၂၂  ခုနှစ်  ဖေဖော်ဝါရီ ၁၁ ရက် အထိ   အပတ်စဉ်   သောကြာနေ့ ညတိုင်း        သီဆိုယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်