ဘူးသီးတောင်မြို့၌ ဆောင်းရာသီဖိတ်ခေါ်ဖလား အလွတ်တန်းအမျိုးသား ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

 

ဘူးသီးတောင်  ဇန်နဝါရီ  ၁၉


ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့၌ ၂၀၂၂ ခုနှစ် ဘူးသီးတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏    စီစဉ် ဆောင်ရွက်မှုဖြင့် ဆောင်းရာသီ ဖိတ်ခေါ်ဖလား     အလွတ်တန်း အမျိုးသား ဘော်လီဘောပြိုင်ပွဲ နှင့် အမျိုးသမီး ထုပ်ဆီးတိုးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့မအားကစားခန်းမ၌ ကျင်းပသည်။

 


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့၊  အဖွဲ့ဝင် ဗိုလ်မှူး ဦးငြိမ်း ချမ်းဦးက အမှာစကား ပြောကြား ရာတွင် လူငယ်လူရွယ်များ မူးယစ် ဆေးဝါးသုံးစွဲမှုများ လျှော့ချလာ နိုင်စေရန်၊ အားကစားကို လေ့လာ လိုက်စား၍ ကျန်းမာကြံ့ခိုင်သော လူသားအရင်းအမြစ်များ ဖြစ်ပေါ် လာစေရန်နှင့်   မြို့နယ်၊  ခရိုင်၊ ပြည်နယ်နှင့်     နိုင်ငံ့ဂုဏ်ဆောင် မျိုးဆက်သစ် အားကစားသမား များ      ဖြစ်ပေါ်လာစေရန်ဆိုသည့် မြင့်မားသော  ရည်ရွယ်ချက်ဖြင့် ကျင်းပရခြင်း    ဖြစ်ပါကြောင်း၊ တစ်ချိန်က မြန်မာ့ဘော်လီဘော အဆင့်အတန်းသည် အရှေ့တောင် အာရှ အဆင့်များတွင် အကြိမ်ကြိမ် ချန်ပီယံဖြစ်ခဲ့ပြီး     နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်ခဲ့ကြောင်း    ပြောကြား သည်။

 


ထို့နောက်       မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့်         ဌာန ဆိုင်ရာများမှ           ပြိုင်ပွဲဝင်အသင်း များကို     လိုက်လံနှုတ်ဆက်ပြီး အားကစားသမားများက   အား ကစား သစ္စာအဓိဋ္ဌာန် ရွတ်ဆိုကာ ပြိုင်ပွဲများကို စတင်ယှဉ်ပြိုင်ကြ သည်။ 

 


 အဆိုပါ ၂၀၂၂ ခုနှစ် ဘူးသီး တောင်မြို့နယ်  စီမံအုပ်ချုပ်ရေး အဖွဲ့၏         စီစဉ်ဆောင်ရွက်မှု ဖြင့် ဆောင်းရာသီဖိတ်ခေါ်ဖလား အလွတ်တန်းအမျိုးသား ဘော်လီ ဘောပြိုင်ပွဲကို အသင်း ရှစ်သင်း နှင့် အမျိုးသမီးထုပ်ဆီးတိုးပြိုင်ပွဲ အသင်း ရှစ်သင်းတို့ဖြင့် ဇန်နဝါရီ ၁၉   ရက်မှ  ၂၅ ရက်ထိ ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရသည်။


လှကျော်(ပြန်/ဆက်)