
နေပြည်တော် ဇန်နဝါရီ ၁၉
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပစ္စည်းများကို ရေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိ သည်။ ထိုသို့ ထုတ်ပေးရာတွင် ဇန်နဝါရီ ၁၉ ရက်၌ ရန်ကုန်ဆိပ်ကမ်းများမှ Hexisol Hand Rub With Dispenser ၁၀၀၀ ၊ Spinocan ၂၅၀၀၀ ၊ Original Perfusor Line ၂၅၀၀၀ ၊ Infusomat Space Line ၅၀၀၀၊ I.V Administration Set ၁၀၀၀၀ ၊ Surgical Glove ၈၁၀၀ ၊ ဆေးဝါးမျိုးစုံ ၆၀ စုစုပေါင်း ၂၀၅၅၈၇ ဒသမ ၈၄ kg ၊ နယ်စပ်(ချင်းရွှေဟော်)တွင် ကုမ္ပဏီ တစ်ခုမှ Oxygen Cylinder ၁၁၀၀ တို့ကို ထုတ်ပေးခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်