၁၄-၁-၂၀၂၂ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် (၁၁) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

(ယမန်နေ့မှအဆက်)


Myanmar National Post သတင်း ဌာနမှ အယ်ဒီတာချုပ် နောင်တော်လေးက မိမိမေးမြန်းလိုသည့်မေးခွန်းများကို အတို ချုံး၍ တစ်ဆက်တည်းမေးမြန်းသွားမည် ဖြစ်ကြောင်း၊         ပထမဦးဆုံးမေးခွန်း အနေဖြင့် ဝန်ကြီးတို့အနေဖြင့် မန္တလေးမှ လိင်တူချစ်သူ       လောင်းကစားသမား ဇာနည်ကိုကိုအား    ဖမ်းဆီးရမိခြင်းနှင့် ပတ်သက်၍    သတင်းထုတ်ပြန်ခဲ့ပါ ကြောင်း၊ မိမိတို့လေ့လာသိရှိရသလောက် ဇာနည်ကိုကိုသည် ယခင်မဲသူခိုးအစိုးရ၏ အခါတော်ပေးဟူ၍ပင်       သတင်းများ ကြားသိရပါကြောင်း၊ ထို့ကြောင့် ဇာနည် ကိုကိုနှင့်    မဲသူခိုးအစိုးရ၏   ဆက်စပ်မှု မည်သည့်အတိုင်းအတာအထိရှိသည်ကို ဖြေကြား၍ရသလောက်   ဖြေကြားပေးစေ လိုကြောင်း၊          နောက်မေးခွန်းတစ်ခု အနေဖြင့် ပထမသတင်းစာရှင်းလင်းပွဲနှင့်    ယခု သတင်းစာရှင်းလင်းပွဲနှစ်ခုအကြားကာလတွင်        စစ်ကိုင်းတိုင်းဒေသကြီး အတွင်း NLD၊ PDF များအနေဖြင့် ဆိုးဆိုး ရွားရွား၊ ရက်ရက်စက်စက်၊ ယုတ်ယုတ် မာမာ ဆောင်ရွက်လာသည်ကို တွေ့ရပါ ကြောင်း၊ အဆိုပါအခြေအနေကို နှိမ်နင်း ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ဖြေကြား ၍ရသလောက်       ဖြေကြားပေးစေလို ကြောင်း၊   အကြမ်းဖက်မှုများကြောင့် ဘေးအန္တရာယ်     ကျရောက်နေသည့် ပြည်သူများကို ကူညီဆောင်ရွက်ပေးနေမှု အခြေအနေနှင့်ပတ်သက်၍လည်း သိလို ပါကြောင်း၊ နောက်ဆုံးမေးခွန်းမှာ မိမိတို့ အိမ်ထဲသို့ ခွေးဝင်သည့်ကိစ္စဖြစ်ကြောင်း၊ ခွေးဝင်သည့်ကိစ္စဆိုသည်မှာ အမေရိကန် နိုင်ငံသား ကိုဗစ်ရောဂါပိုးတွေ့ရှိသူနှစ်ဦး သည်   မိမိတို့နိုင်ငံက   ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကုသမှု ခံယူခြင်းမရှိဘဲ      အမေရိကန်သံရုံးမှ ဝန်ထမ်းများက အဆိုပါနှစ်ဦးကို ၎င်းတို့ အစီအစဉ်ဖြင့်သာ    ကုသမည်ဟုဆိုပြီး လာရောက်ခေါ်ယူသွားသည့်      ကိစ္စ ဖြစ်ကြောင်း၊ အဆိုပါကိစ္စကို နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ဂျီနီဗာကွန်ဗန်းရှင်း နှင့်ငြိစွန်းသည်ဟု      ထုတ်ပြန်ထားပါ ကြောင်း၊ မိမိအိမ်ထဲသို့ ခွေးဝင်လာပါက မည်သူမဆို           မောင်းထုတ်ကြသည့် အစဉ်အလာရှိပါကြောင်း၊ ယခု တိုင်းပြည် ထဲတွင်လည်း မိမိတို့တိုင်းပြည်၏ဥပဒေ ကို          မလေးမစားပြုလုပ်နေသူများကို မောင်းထုတ်/ နှင်ထုတ်ရန် အစီအစဉ် ရှိ၊ မရှိ သိလိုကြောင်းမေးမြန်းသည်။


ဘာသာရေးဆိုသည်မှာ    အတော်အကဲဆတ်


ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြန်လည် ဖြေကြားရာတွင်     ပထမဆုံးအနေဖြင့် သတင်းထောက်ကြီး     မေးမြန်းခဲ့သည့် ဇာနည်ကိုကို၏ကိစ္စနှင့်   ပတ်သက်ပြီး ပြန်လည်      ဖြေကြားပေးသွားမည်ဖြစ် ကြောင်း၊ NLD ပါတီ၏ အခါတော်ပေး ဟုတ်၊ မဟုတ်ကို      မိမိလည်းမသိပါ ကြောင်း၊ လူမှုကွန်ရက်တွင် ပို့စ်တင်ထား မှုများရှိနိုင်ကြောင်း၊           ယခုကိစ္စနှင့် ပတ်သက်၍ မိမိပြောလိုသည်မှာ ဘာသာ ရေးဆိုသည်မှာ    အတော်အကဲဆတ်ပါ ကြောင်း၊    ဘာသာရေးတွင်    ကပြားမရှိ ကြောင်း၊ သတင်းထောက်ကြီးအနေဖြင့် ကရင်/ဗမာ      ကပြားဖြစ်လို့ရကြောင်း၊ အလားတူ မိမိသည်လည်း ကုလား/ဗမာ  ကပြားဖြစ်လို့ရကြောင်း၊ အနောက်ဘက် တွင်ရှိသည့် သံတော်ဆင့်မှ သတင်းထောက် ကြီးကလည်း မွန်/ကရင်ကပြားဖြစ်လို့ ရကြောင်း၊   သို့သော်ဘာသာရေးတွင် ဗုဒ္ဓဘာသာ/  ခရစ်ယာန် ကပြားမရှိကြောင်း၊ မွတ်စလင်/ခရစ်ယာန် ကပြားမရှိကြောင်း၊ ဘာသာရေးဆိုသည်မှာ   ဘက်တစ်ဖက် တည်း     ရပ်တည်ရခြင်းဖြစ်ကြောင်း၊ ဘာသာရေးတွင် ကပြားမရှိကြောင်း၊ ထို့ကြောင့် အကဲဆတ်ပါကြောင်း။


သတင်းထောက်ကြီး  မေးမြန်းသည့် မေးခွန်းထဲတွင် ဇာနည်ကိုကိုအား NLD ပါတီ၏   အခါတော်ပေးဟု   ပြောထား ကြောင်း၊      သို့သော်အခါတော်ပေး ဖြစ်ခြင်း/မဖြစ်ခြင်းကို  မိမိမသိကြောင်း၊ မိမိတို့မြန်မာနိုင်ငံတွင်     Ideology ခေတ်ကောင်းစဉ်က   ကွန်မြူနစ်စနစ် သည်   အမာဆုံး  Ideology ဖြစ်ပြီး အင်အားအကောင်းဆုံး  Ideology  လည်း ဖြစ်ကြောင်း၊ လူထုထောက်ခံမှုလည်း အတော်ရခဲ့ကြောင်း၊ မည်သည့်အတွက် ကြောင့် အဆိုပါ Ideology ကျဆုံးရသည် ကိုပြောရမည်ဆိုပါက   ဘာသာရေးနှင့် ထိပ်တိုက်တွေ့ခြင်းကြောင့်ဖြစ်ကြောင်း၊ မိမိအယူအဆအရ    ပြောရမည်ဆိုပါက ဗုဒ္ဓဘာသာ၏အယူအဆနှင့်  ၎င်းတို့၏ ယူအဆများမှာ အတော်ကွဲပြားခြားနား ကြောင်း၊   နောက်ဆုံးတွင်   ဘာသာရေး အပေါ်ထိခိုက်လာသောကြောင့်    ကျဆုံး ခြင်းဖြစ်ကြောင်း၊   ပေါင်းတည်ဘက်ရှိ ပဲခူးရိုးမတွင် ဒေသခံများက ရဲနီမများဟု ခေါ်သည့် အမျိုးသမီးများက ဘုန်းကြီး သင်္ကန်းများကိုချွတ်၍ အတွင်းခံချုပ်ဝတ် ခဲ့ကြကြောင်း၊ ထိုအချိန်မှစ၍ ၎င်းတို့ ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း။


ထို့ကြောင့် မြန်မာနိုင်ငံတွင် ၎င်းတို့ လုပ်ချင်သည့်   နိုင်ငံရေးစနစ်တစ်ခုကို စတင်အကောင်အထည်ဖော်မည်ဆိုပါက ပထမဆုံးဖြိုရမည့်အရာမှာ   ဘာသာရေး နှင့်       အမျိုးသားရေးဖြစ်သည်ကို ကောင်းစွာ      သဘောပေါက်သူများရှိ ကြောင်း၊ ထို့ကြောင့် သတင်းထောက်ကြီး ပြောခဲ့သည့်    အခါတော်ပေးဆိုသည့် အခြေအနေမျိုးဖြင့်   ဝင်၍မရကြောင်း၊ အခါတော်ပေးဆိုသည့်ကိစ္စထက် များစွာ ကြီးကျယ်ပါကြောင်း၊ အဆိုပါပုဂ္ဂိုလ် ယခု ကဲ့သို့ဖြစ်နေပါလျက်နှင့်     မည်သည့် အတွက်ကြောင့် ယခုလိုနာမည်ကျော်သွား ရသည်ကို ပြောရမည်ဆိုပါက ထိုပုဂ္ဂိုလ်၏ အောက်တွင် “ဒါမှတို့ဘုန်းဘုန်းကွ၊ ဒါမှ ဘာကွ”ဟုဆိုပြီး ယခုလိုလမ်းကြောင်းကို ရောက်ရှိသွားအောင်  မြှောက်ပေးသည့်သူ များရှိကြောင်း၊ မိမိသိရသလောက် ပြောရ လျှင် အဆိုပါပုဂ္ဂိုလ်မှာ လူဘဝတုန်းက ယခုလိုမဟုတ်ကြောင်း၊   သင်္ကန်းဆီးပြီး၊ ဘုန်းကြီးဝတ်ပြီးသည့်အချိန်မှ မည်သည့် အတွက်ကြောင့် ယခုလိုဖြစ်သွားရသည် ကို  ပြောရမည်ဆိုပါက  အကြောင်းရင်း များစွာရှိကြောင်း၊  ထို့ကြောင့် ယခုကဲ့သို့ ကိစ္စမျိုးကို        ဂရုစိုက်ရန်လိုသည်ဟု ပြောလိုကြောင်း။


အိုးမဲ့အိမ်မဲ့အများအပြားကို 
ကူညီစောင့်ရှောက်


နံပါတ်နှစ်မေးခွန်းကို       ပြန်လည် ဖြေကြားရမည်ဆိုပါက မိမိတို့အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကူညီ ဆောင်ရွက်ပေးနေပါကြောင်း၊ ထိုသို့ကူညီ ဆောင်ရွက်ပေးရာတွင်     လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနက ကူညီဆောင်ရွက်ပေး ခြင်းများရှိသကဲ့သို့    တိုင်းစစ်ဌာနချုပ်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်များအနေဖြင့် ကူညီဆောင်ရွက်ပေးခြင်းများလည်းရှိပါ ကြောင်း၊ ထို့အပြင် ပရဟိတအသင်းများ နှင့် အဆိုပါဒေသမှ သံဃာတော်အချို့က လည်း အဆိုပါ အိုးမဲ့အိမ်မဲ့အများအပြားကို ကူညီ     စောင့်ရှောက်ပေးထားကြောင်း၊ ယခုကဲ့သို့    ကူညီစောင့်ရှောက်ပေးထား သည့် သံဃာတော်များနှင့် လူပုဂ္ဂိုလ်များ ကိုလည်း မိမိတို့အနေဖြင့် အထူးကျေးဇူး တင်ပါသည်ဟု ယခုသတင်းစာရှင်းလင်း ပွဲမှတစ်ဆင့် ပြောလိုကြောင်း၊ အမေရိကန် နှစ်ယောက်ကိစ္စနှင့်ပတ်သက်၍ နိုင်ငံခြား ရေးဝန်ကြီးဌာနကလည်း ကန့်ကွက်ပြီး ဖြစ်ပါကြောင်း၊     ထို့အပြင် သံတမန် ရေးရာဆိုင်ရာ  လုပ်ထုံး၊ လုပ်နည်းများ နှင့်အညီ     မိမိတို့လုပ်ဆောင်နိုင်သမျှ ဆက်လက်       လုပ်ဆောင်သွားမည်ဟု ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။


One News  သတင်းဌာနမှ   သတင်း ထောက် ဦးသွင်ထူးအောင်က  နိုင်ငံတော် ဝန်ကြီးချုပ်၏     နှစ်သစ်ကူးမိန့်ခွန်းတွင် ၂၀၂၂ ခုနှစ်တွင်   ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ်စမည်ဟု ပြောခဲ့ကြောင်း၊ ငြိမ်းချမ်းရေးအတွက်     ခြေလှမ်းသစ် ဆိုသည်မှာ   မည်သည်ကိုပြောပါသလဲ၊ ယခင်ကထက် မည်သည့်အရာများ ပို၍ ထူးခြားသွားမည်ကို   သိလိုပါကြောင်း မေးမြန်းသည်။


bilateral ထိုးနိုင်သည့်အဆင့်တစ်ခု
ရောက်အောင် ဆောင်ရွက်သွားမည်


ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြိမ်းချမ်း ရေးအတွက် ခြေလှမ်းသစ်ဟုဆိုရာတွင် ပထမဆုံးငြိမ်းချမ်းရေးအတွက်     NCA လက်မှတ်ရေးထိုးနိုင်အောင် စတင်လာ သည့် အခြေအနေများကို မိမိပြောကြားပြီး ဖြစ်ကြောင်း၊ NCA လက်မှတ်ရေးထိုးနိုင် အောင် ရှေ့တွင်စခဲ့သည့်လုပ်ငန်းများက အများကြီးရှိကြောင်း၊ ယင်းနှင့်ပတ်သက် ပြီး    တွေ့ဆုံဆွေးနွေးမှုများ   ပြုလုပ်နေ သည့်           အကြိမ်ရေများကိုပြောပြီး ဖြစ်ကြောင်း၊ ယင်းသို့ တွေ့ဆုံဆွေးနွေးမှု များကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊     ထိုမှတစ်ဆင့်  ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးအဆင့်တစ်ခုရောက် အောင်၊ bilateral ထိုးနိုင်သည့်အဆင့် တစ်ခုရောက်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မိမိတို့၏ အခြေခံမှာ NCA ဖြစ်ကြောင်း၊ သို့သော် ယခုနှစ်အတွင်း အနည်းဆုံးအဆင့်တစ်ခုအနေဖြင့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲသွားအောင်  ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ဆောင်ရွက်လျက် လည်းရှိကြောင်း၊     အစပျိုးမှုအနေဖြင့် မိမိတို့က     နံပါတ်(၁)  ပြည်ထောင်စု စိတ်ဓာတ် ပိုမိုရှင်သန်ခိုင်မာစေရေးဖြစ်ကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ် ပိုမို ရှင်သန်ခိုင်မာစေရေးအတွက်   ယခုလာ မည့်    ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာနက   တာဝန်ခံ ဝန်ကြီးဌာနအနေဖြင့် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ကို  ခမ်းခမ်းနားနားဖြစ် အောင်        ဆောင်ရွက်နေပါကြောင်း၊ တိုင်းဒေသကြီး၊           ပြည်နယ်အလိုက် ကိုယ်စားပြုယာဉ်များ၊  ကိုယ်စားပြုသူများ ဖြင့် ဗိုလ်ရှုခံ၏ရှေ့တွင် စည်းလုံးညီညွတ် မှု ပြသနိုင်သည့်ပွဲကို ဆောင်ရွက်သွားရန် လုပ်ဆောင်နေပါကြောင်း၊     လက်တွေ့ ငြိမ်းချမ်းရေးအနေဖြင့်လည်း ဆက်လက် ဆွေးနွေးဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုးတက်မှုများရှိအောင်      ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အဖြေ တစ်ခုရအောင်အထိ       ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။


One News      သတင်းဌာနမှ သတင်းထောက် ဦးသွင်ထူးအောင်က ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံ ရေးအကျဉ်းသားများကို လွှတ်ပေးရန် ကုလသမဂ္ဂကရော    နိုင်ငံတကာကပါ တောင်းဆိုနေမှုများရှိပါကြောင်း၊  ယင်း တောင်းဆိုချက်ကို  လိုက်လျောရန်   ရှိ၊ မရှိ သိလိုကြောင်း၊ ပုဒ်မ ၅၀၅ နှင့် ဖမ်းဆီး ခံထားရသည့် အနုပညာရှင်များကိုရော ပြန်လွှတ်ရန် အစီအစဉ် ရှိ၊ မရှိ သိလိုပါ ကြောင်း မေးမြန်းသည်။


ဥပဒေအရတရားစီရင်ခြင်းခံရမည်


ဗိုလ်ချုပ်ဇော်မင်းထွန်းက  အပိုင်း နှစ်ပိုင်းခွဲ၍ ပြောလိုကြောင်း၊ ပထမအပိုင်း အနေဖြင့် ဥပဒေ၏အထက်တွင် မည်သူမျှ မရှိပါကြောင်း၊ ဥပဒေအရတရားစီရင်ခြင်း ခံရမည်ဟုသာ ပြောလိုပါကြောင်း၊ ပုဒ်မ ၅၀၅(ခ)နှင့်   တရားစွဲဆိုခံထားရသည့် အနုပညာရှင်များနှင့်       ပတ်သက်ပြီး ဖြေလျှော့ဆောင်ရွက်ပေးနေမှုများရှိပါ ကြောင်း၊ ၄၈ ဦး   ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ကြောင်း၊ ၎င်းတို့တင်မက နောက်ထပ် ကျန်ရှိသူများနှင့်ပတ်သက်၍       စိစစ် ဆောင်ရွက်ခြင်းများကို အဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သင့်လျော် သည့်အချိန်တွင် ယင်းတို့ကို ဆက်လက် ဆောင်ရွက်နိုင်မည်ဟု ပြောလိုပါကြောင်း ပြန်လည်ဖြေကြားသည်။
Myanmar Hard Talk သတင်းဌာနမှ သတင်းထောက် ကိုဥက္ကာက အမေရိကန် နိုင်ငံသား နှစ်ယောက်ကို    မြန်မာနိုင်ငံ အတွင်းရှိ အမေရိကန်သံရုံးသို့ ခေါ်ဆောင် သွားသည်ဟု  သဘောပေါက်နားလည်မိပါ ကြောင်း၊   အမေရိကန်သံရုံး၏    အဝင်/ အထွက်များကိုရော မြန်မာနိုင်ငံဘက်က မည်သို့ဆောင်ရွက်ထားခြင်း   ရှိပါသလဲ၊ လူမှုကွန်ရက်ပေါ်တွင်လည်း အမေရိကန် သံရုံးအတွင်း ကိုဗစ်ကူးစက်မှုများ များစွာ ဖြစ်ပေါ်နေသည်ဟူ၍     သတင်းပျံ့နေ သည့်အတွက်  ယင်းနှင့်ပတ်သက်၍ ဗိုလ်ချုပ်တို့အနေဖြင့်        မည်သို့စိစစ် ဆောင်ရွက်ထားသည်ကို သိလိုပါကြောင်း မေးမြန်းသည်။


ဗိုလ်ချုပ်ဇော်မင်းထွန်းက   သံရုံး၏ စည်းမျဉ်းများအရ      သံရုံး၏ဥပစာက ၎င်းတို့နိုင်ငံ၏       နယ်နိမိတ်ဖြစ်သည် ဟု     အကြမ်းဖျင်းပြော၍ရပါကြောင်း၊ ထို့ကြောင့် စိစစ်ဆောင်ရွက်ခြင်းအပိုင်းကို ၎င်းတို့ကသာ စိစစ်ဆောင်ရွက်ပါကြောင်း၊ သို့သော် မြန်မာနိုင်ငံကို ယခုကဲ့သို့  အခြား နိုင်ငံခြားသားများ၊ အဖွဲ့အစည်းအသီးသီး မှ ဌာနေကိုယ်စားလှယ်များ လာရောက် ခြင်းများလည်းရှိပါကြောင်း၊ မြန်မာနိုင်ငံ သားများ ပြန်ရောက်လာခြင်းများလည်း ရှိပါကြောင်း၊        


a စာမျက်နှာ ၉ မှ 
ယခုလို   ကန့်သတ်မှုများကို  မိမိတို့အနေ ဖြင့် လွန်ခဲ့သည့်တစ်နှစ်ခန့်ကတည်းက ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ ယနေ့အထိ မည်သည့်နိုင်ငံ၊ မည်သည့်အဖွဲ့အစည်းက မည်သူမျှ    အမေရိကန်သံရုံးဝန်ထမ်း တစ်ဦးနှင့်    ယင်းအမေရိကန်နိုင်ငံသား နှစ်ဦးကဲ့သို့     ဥပဒေချိုးဖောက်သူမရှိပါ ကြောင်း၊     အချို့လွတ်ထွက်သွားမှုများ ရှိကောင်းရှိနိုင်သော်လည်း   ယခုကဲ့သို့ လက်ရှိရှိနေသည့်နိုင်ငံ၏  ကိုဗစ်စည်းမျဉ်း များကို ချိုးဖောက်မှုမရှိကြောင်း ပြန်လည် ဖြေကြားသည်။ 
နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိ သူတစ်ဦးက ယင်းနှင့်ပတ်သက်ပြီး ဌာန ဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်လျက် ရှိကြောင်း ဖြည့်စွက်ဖြေကြားသည်။
People Media မှ သတင်းထောက် ဦးကျော်စိုးဦးက တိုင်းဒေသကြီး၊ ပြည်နယ် အနှံ့အပြားတွင် NUG ၊ CRPH ၊ PDF နှင့် ပတ်သက်ပြီး ၎င်းတို့၏ပိုင်ဆိုင်မှုများကို နိုင်ငံတော်က ချိတ်ပိတ်သိမ်းဆည်းထား မှုများရှိပါကြောင်း၊      ထိုပစ္စည်းများကို နိုင်ငံတော်အနေဖြင့်       နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအစိုးရ၏ သက်တမ်း အတွင်း     ထုခွဲရောင်းချသွားမည်လား သို့မဟုတ် နိုင်ငံပိုင်အဖြစ်  ဆက်ရှိနေမည် လား၊   မည်သို့ဆောင်ရွက်သွားမည်ကို သိလိုပါကြောင်းမေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက  ဥပဒေအရ သာ        ပြဋ္ဌာန်းထားသည့်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။
မြန်မာသံတော်ဆင့်သတင်းဌာနမှ အတိုင်ပင်ခံအယ်ဒီတာ ဦးကိုကိုကြီးက ဝိနည်းတော်နှင့်   မညီသည့်ဆရာတော် ဦးဇာနည်ကိုကိုနှင့်       ဒေါ်အောင်ဆန်း စုကြည် တွဲရိုက်ထားသည့်ပုံကို နိုင်ငံပိုင် သတင်းစာများတွင် တွေ့ကြောင်း၊ မည်သို့ ဆက်စပ်မှု        ရှိသည်ကိုသိလိုကြောင်း၊ ဘာသာရေးဖျက်ဆီးနေသည်ဟု   မိမိတို့ မြင်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မည်သည့်ကာကွယ်မှု များ ပြုလုပ်ပေးမည်ကို သိလိုပါကြောင်း မေးမြန်းသည်။ 
သာသနာတော်ညှိုးနွမ်းမှုဖြစ်စေ
ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်စပ်မှု နှင့်ပတ်သက်ပြီး   မိမိတို့မသိရှိကြောင်း၊ ၎င်း၏ Facebook တွင် တင်ထားခြင်းများ ရှိကြောင်း၊     ဘာသာရေးနှင့်ဖျက်ဆီးနေ သည်ဆိုသည်ကို MNP က   မေးသည့် မေးခွန်းတွင် မိမိဖြေကြားပြီးဖြစ်ကြောင်း၊ ဘာသာရေးနှင့်ပတ်သက်ပြီး       အချို့ ရည်မှန်းချက်ရှိရှိ     လုပ်နေခြင်းများရှိ ကြောင်း၊  ဘာသာရေးနှင့်   ဆက်နွှယ်နေ သည့် လူမှုအသိုက်အဝန်းအနွယ်များ၏ နိုင်ငံရေးအယူအဆ၊ ယဉ်ကျေးမှုအယူအဆ များကို တိုက်ခိုက်သည်ဟု မိမိတို့မြင် ကြောင်း၊ လုပ်နေသည့် အထောက်အထား များရှိကြောင်း၊   သို့သော်ပြဋ္ဌာန်းချက်ထဲ တွင် ဘာသာရေးကို နိုင်ငံရေးကိစ္စအလို့ငှာ အသုံးမချရဟု အခြေခံဥပဒေတွင် ပြဋ္ဌာန်း ပြီးဖြစ်ကြောင်း၊ ဆရာတော်များကိုအသုံး ချပြီး နိုင်ငံရေးလုပ်ခဲ့ခြင်း၊ သံဃာများကို အသုံးချပြီး နိုင်ငံရေးတွင် မြှောက်ပင့်ပေး နေခြင်းသည် အခြေခံဥပဒေနှင့်ငြိစွန်းပါကြောင်း၊ ထို့အပြင် သာသနာတော်ညှိုးနွမ်း မှုဖြစ်စေပါကြောင်း၊   နိုင်ငံသားအားလုံး ရှောင်ရှားရန်လိုကြောင်း၊  သာမန်ပြည်သူ လူထုအနေဖြင့်  ယခုဖြစ်နေသည့်   အခြေ အနေအရ      သံဃာတော်တစ်ပါးက ပြောလျှင်   အစိုးရဆန့်ကျင်ရေးစကား ပြောခြင်းဖြစ်စေ၊ အခြားစကားပြောခြင်း ဖြစ်စေ       ဝိုင်းပြီး ငါတို့ကိုယ်တော်ဟု လုပ်ခြင်းသည်  သာသနာကိုဖျက်ဆီးရာ ရောက်ကြောင်း၊ ရှောင်ကြဉ်ကြရန်ပြောလို ပါကြောင်း ပြန်လည်ဖြေကြားသည်။ 
မြန်မာသံတော်ဆင့်သတင်းဌာနမှ အတိုင်ပင်ခံအယ်ဒီတာ ဦးကိုကိုကြီးက လမ်းပေါ်နေကလေးများနှင့်ပတ်သက်ပြီးမေးလိုပါကြောင်း၊ ရန်ကုန်-နေပြည်တော်-  မန္တလေးတွင် လမ်းမပေါ်၌ ကလေးများ တောင်းစားနေခြင်းများ  တွေ့ကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန    အနေဖြင့် လမ်းပေါ်နေကလေးများပပျောက်ရေးဟု သတင်းစာတွင်ဖတ်ရပါကြောင်း၊ သို့သော် On Paper တွင်ရှိပြီး လက်တွေ့တွင် မတွေ့ ရကြောင်း၊      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် လမ်းပေါ်နေကလေး များပပျောက်ရေး    မည်သို့ပံ့ပိုးကူညီပေးမည်ကိုသိလိုပါကြောင်း မေးမြန်းသည်။
အရေးယူဆောင်ရွက်ပေးမည် 
ဗိုလ်ချုပ်  ဇော်မင်းထွန်းက      လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်     ပြန်လည် နေရာချထားရေး   ဝန်ကြီးဌာနအပြင် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များနှင့်လည်း   သက်ဆိုင်လိမ့် မည်ဖြစ်ကြောင်း၊   မြို့နယ်စီမံအုပ်ချုပ် ရေးကောင်စီများနှင့်လည်း    သက်ဆိုင် ကြောင်း၊   လမ်းပေါ်နေကလေးများကို မိမိသိထားသည်မှာ  အချို့က      ယခင် ကတည်းကဖြစ်ခဲ့ကြောင်း၊     အချို့က လမ်းပေါ်နေကလေးအဖွဲ့    ဂိုဏ်းတစ်ခု အနေဖြင့်   လုပ်နေခြင်းများရှိကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် အရေး ယူဆောင်ရွက်ပေးမည်ဟု      ပြောလို ကြောင်း ပြန်လည်ဖြေကြားသည်။
 မြန်မာသံတော်ဆင့်သတင်းဌာနမှ အတိုင်ပင်ခံအယ်ဒီတာ ဦးကိုကိုကြီးက ၂၀၂၁ ခုနှစ် အခြေခံပညာအထက်တန်း စာမေးပွဲ အမှတ်စာရင်းများ ထုတ်ပေးနေ ခြင်းများရှိကြောင်း၊     အချို့စာစစ်ဌာန များက ပိတ်ထားသည်ကိုတွေ့ရကြောင်း၊ မထုတ်ရသေးသည့်          ကလေးများရှိ ကြောင်း၊       တက္ကသိုလ်အမှန်တကယ် တက်လိုသည့်သူများကို တက္ကသိုလ်ဝင်ခွင့် ရက်တိုးမြှင့်ပေးရန်  အစီအစဉ်   ရှိ၊ မရှိ ပညာရေးဝန်ကြီးဌာနကို မေးမြန်းသည်။ 
ပညာရေးဝန်ကြီးဌာနမှ  တာဝန်ရှိသူ တစ်ဦးက   အဆင့်မြှင့်ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ)က  ဆောင်ရွက်လျက်ရှိ ကြောင်း၊     အချို့ဘာသာရပ်များအတွက် ဆောင်ရွက်ပြီးဖြစ်ကြောင်း၊    ကျန်သည် များ ဆက်လက်ဆောင်ရွက်နေကြောင်း၊ မထုတ်ရသေးသည့်ကလေးများအနေဖြင့် ဆက်တင်ပြီး    မူဘောင်နှင့်ညီသည့်အခါ တွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ရှင်းလင်းဖြေကြားသည်။ 
အားနည်းချက်၊ အားသာချက်များကို 
ပြင်ဆင်ရန် မည်သို့ပြင်ဆင်ထား
Myanmar Nation သတင်းဌာနမှ ဒေါ်ဆွေဇင်ဦးက လာမည့်ရွေးကောက်ပွဲ တွင် PR စနစ်ကို   ကျင့်သုံးမည်ဟုသိရ ကြောင်း၊ PR စနစ်၏ အားသာချက်သည် မည်သည့်ပါတီကြီးမှ  လက်ဝါးကြီးမအုပ် နိုင်ကြောင်း၊ တိုင်းရင်းသားလူနည်းစုနှင့် တိုင်းရင်းသားများ၏        အသံသည် လွှတ်တော်ထဲသို့        ရောက်ရှိလာမည် ဖြစ်ကြောင်း၊        အခြေခံဥပဒေအရ လွတ်လပ်စွာ     ကိုးကွယ်ပိုင်ခွင့်ပြုထား သော်လည်း မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာ ကို အထူးပြုသည့် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ PR စနစ်ကြောင့်   လွှတ်တော်တွင်   လူမျိုး ခြားဘာသာခြားများသည် အချိုးကျအနေ ဖြင့်  ရောက်ရှိလာမည်ဖြစ်ကြောင်း၊ ထိုသို့ ရောက်ရှိလာခြင်းအတွက်    နိုင်ငံတော်၏ အားနည်းချက်၊             အားသာချက်နှင့်  Side effect များကို ပြင်ဆင်ရန် မည်သို့ ပြင်ဆင်ထားသည်၊  မည်သို့ပြင်ဆင်ထား သင့်သည်၊   မည်သို့ပြင်ဆင်ထားမည်ကို သိလိုပါကြောင်းမေးမြန်းသည်။ 
ဗိုလ်ချုပ်ဇော်မင်းထွန်းက PR စနစ် ကျင့်သုံးခြင်းသည်   ကိုယ်စားပြုမှုစနစ် များလာမည်ဖြစ်ကြောင်း၊   များလာသည့် အတွက် မြန်မာနိုင်ငံအတွင်းရှိ မြန်မာ နိုင်ငံသားအားလုံး         မဲပေးခွင့်ရှိမည် ဖြစ်ကြောင်း၊  ပါတီတည်ထောင်ရာတွင် မြန်မာနိုင်ငံသားဖြစ်လျှင်၊ စည်းမျဉ်းဥပဒေ များနှင့်ကိုက်ညီလျှင် ပါတီတည်ထောင်ခွင့် ရှိကြောင်း၊    ပေးရမည့်အခွင့်အရေးများ ဖြစ်ကြောင်း၊  အချို့ပေးရမည့် အခွင့်အရေး သည် ပေးကိုပေးရမည်ဖြစ်ကြောင်း၊ မပေး ရသည့်အခွင့်အရေးကို    မပေးသည်က ပြဿနာမရှိသော်လည်း       ပေးရမည့် အခွင့်အရေးကိုမပေးလျှင်  ပိုပြီးပြဿနာ ကြီးကြောင်း၊ ပျက်စီးကြီးခြင်းဆိုသည်မှာ မိမိတို့အစိုးရရင်ဆိုင်ရမည့်   ပျက်စီးကြီး ခြင်းမဟုတ်ဘဲ တစ်နိုင်ငံလုံးရင်ဆိုင်ရမည့် ပျက်စီးကြီးခြင်းဖြစ်ကြောင်း၊   နိုင်ငံတကာ တွင်လည်းရှိကြောင်း၊   သူ့နေရာနှင့်သူ စည်းလုံးနေရန်လိုကြောင်း၊  စည်းလုံးနေပါ  က လူဦးရေအချိုးအစားနှင့် တွက်ကြည့် ပါက မည်သူများက လူဦးရေအချိုးအစား မည်မျှရှိသည်ကို       သိပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ကိုယ်စားပြုခွင့် မည်မျှရမည်ကို သိပြီးဖြစ်မည်ဖြစ်ကြောင်း၊ အရည်အချင်း ရှိရန်    လိုအပ်ကြောင်း၊       ပညာရှိရန် လိုကြောင်း၊         စည်းလုံးညီညွတ်ရန် လိုကြောင်း၊ ပူစည်ဖောင်းကို အပ်ဖြင့်ထိုး လျှင် ပေါက်မည်ဖြစ်ကြောင်း၊ကြီးမားသည့် သံလုံးကို          အပ်နှင့်ထိုးကြည့်ပါဟုသာ ပြောလိုကြောင်း၊ မိမိဆိုလိုနိုင်သည်မှာ ဤမျှသာဖြစ်ကြောင်း   ပြန်လည်ဖြေကြား သည်။ 
Myanmar Nation သတင်းဌာနမှ ဒေါ်ဆွေဇင်ဦးက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လ ၁ ရက်နေ့တွင် အခြေခံဥပဒေနှင့်အညီ တပ်မတော်က    အာဏာထိန်းသိမ်းခဲ့ပါ ကြောင်း၊     သမ္မတစနစ်ကိုဦးတည်ပြီး ဒီမိုကရေစီနိုင်ငံ ပီပီပြင်ပြင်တည်ဆောက် ရန်အတွက် ကြိုးပမ်းနေသည့်အချိန်တွင် ဥပဒေနှင့်မညီသည့် ရုပ်ဆိုးအကျည်းတန် သည့်     အတိုင်ပင်ခံရာထူးကို    မည်သို့ ပြင်ဆင်သတ်မှတ်မည်ကို သိလိုကြောင်း၊ မိမိယခုကဲ့သို့ စွပ်စွဲရခြင်းသည် နိုင်ငံတော် အတွင်းတွင် သမ္မတအထက်က     ရာထူး တစ်ခုကဲ့သို့ ဖြစ်နေသော်လည်း  မြန်မာ နိုင်ငံမှ ပြည်ပကိုရောက်ချိန်တွင်  ဘာမျှ မဟုတ်သည့် ရာထူးဖြစ်နေသောကြောင့် ဖြစ်ကြောင်း၊ နိုင်ငံတော်အတိုင်ပင်ခံရာထူး ကိုအသုံးပြုပြီး   ပြည်တွင်းတွင်     တစ်ဦး တစ်ယောက်တည်းဆန္ဒနှင့်  လုပ်ချင်ရာ လုပ်ခဲ့သည်ကို တွေ့ရပါကြောင်း၊ ဥပမာ Facebook ကို သန်းခြောက်ထောင်ကျော် သုံးစွဲခဲ့ခြင်းကိစ္စ၊         နိုင်ငံခြားသားကို လွှတ်တော်တွင်းခေါ်ယူပြီး သွားလာ ဝင်/ထွက်ခွင့်ပြုထားသည့်ကိစ္စများ ဗိုလ်ချုပ် တို့သိပြီးဖြစ်ကြောင်း၊ နောက်နောင်တွင် ယခုကဲ့သို့ကိစ္စများ       မဖြစ်ပေါ်စေရေး အတွက် နိုင်ငံတော်အတိုင်ပင်ခံရာထူးကို မည်သို့သတ်မှတ်မည်၊       နောင်လာမည့် အစိုးရသစ်တွင် နိုင်ငံတော်အတိုင်ပင်ခံဟု ဆက်လက်ရှိနေမည်လား သိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက အားထည့် ပြီး ဖျက်ရန်မလိုကြောင်း၊ အလိုအလျောက် ပျက်ပြယ်ပြီးဖြစ်ကြောင်း၊     နိုင်ငံတော် အတိုင်ပင်ခံဥပဒေကို      လွှတ်တော်က ပြဋ္ဌာန်းခြင်းဖြစ်ကြောင်း၊ ပြဋ္ဌာန်းပြီးကတည်းကပါပြီးဖြစ်ကြောင်း၊   နိုင်ငံတော် အတိုင်ပင်ခံဥပဒေသည်  မည်သူနှင့်သာ သက်ဆိုင်ရမည်ဟု    ပါပြီးဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ အားစိုက်ပြီးဖျက်ရန်မလို ကြောင်း၊               အလိုအလျောက် ပျက်ပြယ်ပြီးဖြစ်သည်ဟု         ပြန်လည် ဖြေကြားသည်။
Myanmar Nation သတင်းဌာနမှ ဒေါ်ဆွေဇင်ဦးက   မေးခွန်းမဟုတ်ဘဲ အလေးအနက်ထားပြီး    တောင်းဆိုလို ကြောင်း၊ Non CDM ဝန်ထမ်းများအတွက် ဖြစ်ကြောင်း၊     အများနှင့်သက်ဆိုင်ပါ ကြောင်း၊ နိုင်ငံတော်အကြီးအကဲကလည်း Non CDM ဝန်ထမ်းများကို ဂုဏ်ပြုမည်ဟု ပြောထားခြင်းရှိကြောင်း၊    Non CDM ဝန်ထမ်းများသည်   ဆရာဝန်/ဆရာမ များသာမက    ဝန်ကြီးဌာနအသီးသီးမှ CDM တစ်ရက် တစ်မနက်မျှပင်မလုပ်ဘဲ နိုင်ငံတော်အပေါ်သစ္စာရှိရှိဖြင့်   တာဝန် ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများအတွက် ရာထူး၊ ဂုဏ်ပကာသန၊ ငွေကြေးမဟုတ်ဘဲ တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏    လက်မှတ်ပါသည့် ဂုဏ်ပြုလွှာကို    မျှော်လင့်ကြကြောင်း၊ လွတ်လပ်ရေးနေ့တွင်    မိမိတို့မျှော်လင့် ထားသော်လည်း    မတွေ့ရကြောင်း၊ ပြည်ထောင်စုနေ့၊ တပ်မတော်နေ့များဖြစ် သည့် အခါကြီး၊ ရက်ကြီးများတွင် ဂုဏ်ပြု ပေးစေလိုကြောင်း၊ တစ်ရက်/တစ်မနက် CDM မလုပ်သည့် ဝန်ထမ်းများကို သေချာ စိစစ်ပြီး   ဂုဏ်ပြုပေးပါရန်    ဗိုလ်ချုပ်မှ တစ်ဆင့်    တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကြီးကို        အမှာတော်ပါးလိုပါ ကြောင်း ပြောကြားသည်။
ခေတ်ပုံရိပ်သတင်းဂျာနယ်မှ သတင်း ထောက် ဒေါ်သန်းသန်းဌေးက  လက်ရှိ အိမ်စောင့်အစိုးရလက်ထက်တွင်ဖြစ်နေ သည့်ဝန်ထမ်းတချို့၏ စိတ်ဓာတ်ရေးရာ ပိုင်း၊ အဂတိလိုက်စားမှုနှင့်ပတ်သက်ပြီး ပျက်စီးနေကြကြောင်း၊ ငွေရှိသည့် ပါတီ တစ်ခုက   ဌာနဆိုင်ရာများနှင့်ပေါင်းပြီး နိုင်ထက်စီးနင်းလုပ်ခြင်းများ     များနေ ကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတော်အစိုးရအနေဖြင့် မည်ကဲ့သို့ ဖြေရှင်းပေးနိုင်မည်ကို    သိလိုကြောင်း မေးမြန်းသည်။
ဝန်ထမ်းများလိုက်နာရမည့် ညွှန်ကြားချက်များရှိပြီးဖြစ် 
ဗိုလ်ချုပ်ဇော်မင်းထွန်းက       ဌာန ဆိုင်ရာ         ဝန်ထမ်းများနှင့်ပတ်သက်ပြီး ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများ ရှိပြီးဖြစ် ကြောင်း၊ အစိုးရအနေဖြင့်   ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်ပတ်သက်ပြီး   ဝန်ထမ်း များ လိုက်နာရမည့် ညွှန်ကြားချက်များရှိပြီးဖြစ်ကြောင်း၊   အဂတိလိုက်စားမှုနှင့် ပတ်သက်ပြီး မိမိတစ်နိုင်ငံတည်းမဟုတ် ဘဲ အခြားနိုင်ငံများတွင်လည်း  ကင်းစင် ခြင်းမရှိသေးကြောင်း၊ ကင်းစင်ရန်ခက်ခဲ ကြောင်း၊        သို့သော် အဂတိလိုက်စားမှု ကင်းစင်ရေးအတွက်   အစိုးရ၊ ဝန်ထမ်း၊ ဌာနဆိုင်ရာများ        အကြီးအကဲများ အနေဖြင့်      ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း၊ တရားလက်လွန်မှုများရှိခဲ့လျှင် သတင်းပေးနိုင်ကြောင်း        ပြန်လည် ဖြေကြားသည်။
လွှတ်တော်ပြင်ပအဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ပြည်သူ့ဘဝမြှင့်တင် ရေးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာစိုးမြင့်ဦးက မိမိတို့သည် နိုင်ငံချစ်စိတ်၊ အမျိုးသား အကျိုးစီးပွားကို မြှင့်တင်ကာကွယ်လိုစိတ် ဖြင့်    ဆောင်ရွက်နေသည့်အသင်းအဖွဲ့ ဖြစ်ကြောင်း၊  ထိုကဲ့သို့      လုပ်ဆောင်ခြင်း ကြောင့်    အားနည်းချက်များတွေ့လျှင်  တင်ပြပြီး မေးမြန်းကြောင်း၊ တစ်ခါတစ်ရံ    ဌာန ဆိုင်ရာများကို   မုန်း၍မဟုတ်ကြောင်း၊     ပြဿနာအသေးအမွှားများ     ဖြစ်တတ် ကြောင်း၊    
P စာမျက်နှာ   ၁၀  မှ  
သို့သော်ပြည်သူများ၏စိတ်        ပျက်ပြား လာသည့်အခါ             မိမိတို့အနေဖြင့် နိုင်ငံတော်စည်းလုံးညီညွတ်ရေး၊   မျိုးချစ် စိတ်ဖြင့်    နိုင်ငံတော်တည်ဆောက်ရေး ကိစ္စများတွင် များစွာအဟန့်အတားဖြစ် စေကြောင်း၊ ထို့ကြောင့် မိမိတို့မှာ အမုန်းခံ ပြီး မေးခြင်းဖြစ်ကြောင်း၊    နိုင်ငံတော်ကို ချစ်၍မေးခြင်းဖြစ်ကြောင်း၊     အဂတိ လိုက်စားမှုများနှင့်ပတ်သက်ပြီး တော်တော် များများတွေ့ရကြောင်း၊    တချို့ကိစ္စများ သည် လက်ရှိဖြစ်တည်မှုအခြေအနေများ ပင်လျှင်  ယခင်ကလုပ်ခဲ့သည့်ကိစ္စများ ကြောင့်    ထိုကိစ္စအပေါ်သက်ရောက်မှု များစွာရှိကြောင်း၊    အဓိကအနေဖြင့် ပြည်သူများ၏ မကျေနပ်မှုဖြစ်ကြောင်း၊ ထိုမကျေနပ်မှုများသည်      အကျင့်ပျက် ဝန်ထမ်းများကြောင့်ဖြစ်ကြောင်း၊ တရား စီရင်ရေးနှင့်   မြေယာပြဿနာများတွင် အဂတိလိုက်စားမှုများ         ကျယ်ကျယ် ပြန့်ပြန့်ဖြစ်နေကြောင်း၊     မုန်းတီးသည့် အချိန်တွင်  ပင့်ပေးသည့်သူများကိုပင့်ပေး ကြကြောင်း၊ မရောက်သင့်သည့်ရပ်ဝန်း များကို   ရောက်ကုန်သည့်လူငယ်များ၊ ပြည်သူများနှင့် မိသားစုများ များစွာရှိ ကြောင်း၊     ထိုမြေယာပြဿနာများတွင် ပွင့်လင်းမြင်သာရန်       လိုအပ်ကြောင်း၊  မြေယာမှုခင်းတွင်  ဆုံးဖြတ်စစ်ဆေးသည့် နေရာသည် မြေယာတရားရုံးဖြစ်ကြောင်း၊ တရားရုံးဆိုသည်မှာ   ပွင့်လင်းမြင်သာမှုရှိ ကြောင်း၊ သို့သော်ဝန်ကြီးဌာနက ထိုအမှု များကို ပြင်ပသို့မပေါက်ကြားအောင် ကာကွယ်ရမည်ဟု       ညွှန်ကြားချက် ထုတ်ထာပြီး ကျန်သည့်သူများ မိတ္တူကူး ယူမှုခွင့်မရှိကြောင်း၊ ထိုအခါ အကျင့်ပျက် ဝန်ထမ်းများအတွက်        လုပ်ပိုင်ခွင့် အကြီးကြီးဖြစ်လာကြောင်း၊ လုပ်ချင်သလို လုပ်နေကြောင်း၊ ဥပဒေကို  လက်တစ်လုံး ခြားတင်မဟုတ်ဘဲ      တစ်တောင်ခြား၊ တစ်လံခြားဖြစ်လာပြီး နောက်ဆို လုံးလုံး ဆန့်ကျင်ပြီးလုပ်ပါကြောင်း။
ယခင်အစိုးရလက်ထက်တွင်     ချင်း ပြည်နယ်က   ဝန်ကြီးတစ်ယောက်နှင့် အချေအတင်ဖြစ်ခဲ့ကြောင်း၊ ဝန်ကြီးကို ပြောလျှင် ၎င်းက ဥပဒေအတိုင်းလုပ်သည် ဟု ပြောကြားကြောင်း၊ အဆိုပါဝန်ကြီးကို မည်သည့်ဥပဒေဖြင့် လုပ်သည်ကိုမေးလျှင် ဝန်ကြီးကမဖြေနိုင်ကြောင်း၊   ဥပဒေကို မထီမဲ့မြင်ဖြစ်နေသည့်     ခေတ်ကာလ အခြေအနေမျိုးတွင်  တချို့ဝန်ထမ်းများ တွင် အဂတိလိုက်စားမှုရှိကြောင်း၊ အဆိုပါ ကိစ္စရပ်များကို     ထိထိရောက်ရောက် အရေးယူစေလိုပါကြောင်း၊   မြေယာနှင့် ပတ်သက်ပြီး မူလပိုင်ရှင်သည် အချို့နေရာ တွင်  မူလပိုင်ရှင်မှ   ရောင်းချလိုက်သည့် သူက   ဆက်လက်ပြီးနှစ်ပေါင်းများစွာ လုပ်ကိုင်နေကြောင်း၊   သို့သော် မြေယာ ပြဿနာများဖြစ်သည့်အခါ ၎င်းကို လုံးဝ ပလပ်ပြီး      ဘာမျှမဆိုင်သည့်ပုဂ္ဂိုလ် တစ်ယောက်(အဆိုပါမြေပေါ်တွင် ခြေမချ ဖူးသည့်တစ်ယောက်)ကို လုပ်ပိုင်ခွင့်ချပေး ခြင်းက         အတော်ပင်အကျည်းတန် ရုပ်ဆိုးပါကြောင်း၊   အမှန်တကယ်   မူလ ပိုင်ရှင် မဟုတ်ဘူးဆိုလျှင်လည်း      မူလ ပိုင်ရှင်ဆီက သမာသောနည်းဖြင့်    ရယူ ထားသည့်သူများကို    စဉ်းစားပေးသင့် ကြောင်း၊       မြေပြင်တွင်ဖြစ်နေသည့် ပြဿနာများက              ပုံစံ(၇) သော်လည်းကောင်း၊ မြေလွတ်မြေရိုင်း လုပ်ပိုင်ခွင့်သော်လည်းကောင်း၊ အတည် တကျမရသေးသည့်   တောင်သူများကို လျှောက်ထားနိုင်သည်ဟု ပြောကြောင်း၊ လျှောက်ထားခိုင်းပြီးလျှင်     အဆိုပါ တောင်သူများမှာ     ရချင်မှရကြောင်း၊ တစ်ခါတစ်ရံ အဆိုပါတောင်သူများက တစ်ဝက်၊ ဘာမျှမဆိုင်သည့်သူကတစ်ဝက်၊ ထိုမြေပေါ်ကို   တစ်ခါမျှမရောက်ဖူးသည့် သူများကရကုန်ခြင်းက အမြောက်အမြား ရှိကြောင်း၊ အဆိုပါကိစ္စများကို ကြပ်ကြပ် မတ်မတ်ဖြင့်ဆောင်ရွက်ပြီး ပြည်သူများ ၏ကျေနပ်မှုကိုရယူ၍  နိုင်ငံတော်စည်းလုံး ညီညွတ်မှုကို တည်ဆောက်နိုင်ရန်အတွက် အဆိုပါကိစ္စများကို         ဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိကို သိလိုကြောင်းမေးမြန်း သည်။
နစ်နာသည့်သူကသာ တောင်းခွင့်ရှိ
ဗိုလ်ချုပ်ဇော်မင်းထွန်းက    မြေယာ ပြဿနာများအနေဖြင့် မှတ်တမ်းမှတ်ရာ၊ မိတ္တူကူးယူခွင့်ကို  ဌာနတိုင်းတွင် စည်းမျဉ်း များရှိကြောင်း၊       ဥပမာရွေးကောက်ပွဲ ကော်မရှင်တွင်  မဲပေးသည့်သူ၊   စစ်ဆေး သည့်သူများက မည်မျှတင်ရမည်၊ မည်မျှ ပေးရမည်ဟူ၍ ရှိပြီးဖြစ်ကြောင်း၊ မြေယာ တွင်လည်း   မိမိသိရသလောက်   မိတ္တူ ကူးယူခွင့်နှင့်ပတ်သက်ပြီး    မြေစာရင်း လက်စွဲဥပဒေများရှိကြောင်း၊       အဆိုပါ မြေစာရင်း လက်စွဲဥပဒေများတွင် မိတ္တူ ကူးယူလိုသူနှင့် ကြည့်ရှုစစ်ဆေးလိုသူက မြေစာရင်း    လက်စွဲဥပဒေတွင်ပါသည့် အတိုင်း၊ ပြဋ္ဌာန်းချက်များအရ ငါးဆယ် ကျပ်တန်   ရုံးတံဆိပ်ကပ်နှိပ်ထားသည့် လျှောက်လွှာပုံစံရေးသားပြီး သက်ဆိုင်ရာ အမှုထိန်းထံကို      ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊  သို့သော်မြေယာနှင့်သက်ဆိုင်မှု မရှိသူများအတွက်     မည်သူတစ်ဦး တစ်ယောက်ကိုမျှ ရုံးလုပ်ငန်းနှင့်ဆက်စပ် သည့် စာရွက်စာတမ်းများကို ကြည့်ရှု စစ်ဆေးပိုင်ခွင့်၊  မိတ္တူကူးယူပိုင်ခွင့်မပြုနိုင် ဟု  ပြဋ္ဌာန်းထားကြောင်း၊   ကာယကံရှင် ကိုယ်တိုင်အနေဖြင့်           တောင်းခံ၍ရ ကြောင်း၊  ဘေးလူအနေဖြင့်   တောင်းခံ၍ မရကြောင်း၊   မိမိသိသလောက်ပြောပြ ခြင်းဖြစ်ကြောင်း၊  လူတိုင်းတောင်းခံခွင့်မရှိကြောင်း၊  ရွေးကောက်ပွဲကော်မရှင်ကို မဲစာရင်းတောင်းသကဲ့သို့   မဲပေးသည့် သူတိုင်းက   ၎င်းနှင့် သက်ဆိုင်သည့်နယ် များကို တောင်းခွင့်ရှိကြောင်း၊   အဆိုပါ မြေယာကိစ္စတွင်   နစ်နာသည့်သူကသာ တောင်းခွင့်ရှိကြောင်း၊ မြေယာပြဿနာ နှင့်ပတ်သက်ပြီး    မည်သူက တရားပြီး မည်သူကမတရားဟု မပြောလိုကြောင်း။
အကြံပြုချက်များနှင့်  ပတ်သက်ပြီး မိမိတို့အနေဖြင့်    ထည့်သွင်းဖော်ပြသွား မည်ဖြစ်ကြောင်း၊   မိမိအနေဖြင့် ပြိုင်ပြီး မငြင်းလိုပါကြောင်း၊ မြေယာနှင့်ပတ်သက် ပြီး    မိမိလည်းမကျွမ်းကျင်ပါကြောင်း၊  မြေယာနှင့်ပတ်သက်ပြီး    လုပ်နေသည့် ပွဲစားလည်းမဟုတ်ကြောင်း၊ မိမိအနေဖြင့် မကျွမ်းကျင်ခြင်းကြောင့် သတင်းထောက် ကြီးနှင့် အပြိုင်မငြင်းလိုကြောင်း၊  ယခု သည် သတင်းစာရှင်းလင်းပွဲလုပ်နေခြင်း ဖြစ်ကြောင်း၊    သတင်းထောက်ကြီး ပြောသည့်ကိစ္စများကို မှတ်တမ်းတင်ပေး မည်ဖြစ်ကြောင်း၊      အဆိုပါကိစ္စနှင့် ပတ်သက်ပြီး    ကျေနပ်သူများရှိသလို မကျေနပ်သူများလည်း   ရှိခြင်းကြောင့် ဘက်နှစ်ဖက်ရှိနိုင်ကြောင်း၊       ပြည်သူ လူထုကောင်းကျိုးအတွက် ပြောခြင်းကို မိမိတို့အနေဖြင့်လက်ခံကြောင်း၊ သို့သော် လည်းတစ်ဖက်တွင် ၎င်း၏ဝန်ထမ်းများ လုပ်ဆောင်နေရသည်များ     ရှိကြောင်း၊ သမာခြင်း၊   မသမာခြင်းကို မိမိဆုံးဖြတ် နေခြင်းမဟုတ်ကြောင်း၊ သို့သော် အဆိုပါ ကိစ္စများနှင့်ပတ်သက်ပြီး သတင်းထောက် ကြီးပြောကြားသည်များကို ပြောပေးမည်၊ မှတ်တမ်းတင်ပေးသွားမည်ဖြစ်ကြောင်၊ ပြိုင်ပြီးအငြင်းပွားရန်    မဟုတ်ကြောင်း  ပြန်လည်ဖြေကြားသည်။
 နိုင်ငံအကျိုးပြုသတင်းမီဒီယာမှ သတင်းအယ်ဒီတာ ကိုခန့်က လက်ရှိဖြစ် ပေါ်လျက်ရှိသည့် နိုင်ငံရေးအခြေအနေကို တည်ငြိမ်အောင် နိုင်ငံတော်အစိုးရအနေ ဖြင့် အချိန်ကာလသတ်မှတ်ပြီးဆောင်ရွက် နေပါသလား၊   မည်သည့်အချိန်ကာလ နောက်ဆုံးထားပြီး   နိုင်ငံတော်တည်ငြိမ် အောင်   ဆောင်ရွက်နေသည်ကိုသိလိုပါ ကြောင်း မေးမြန်းသည်။
အမြန်ဆုံးတည်ငြိမ်အောင်ဆောင်ရွက်
ဗိုလ်ချုပ်ဇော်မင်းထွန်းက   အချိန် ကာလ သတ်မှတ်ထားခြင်းမရှိပါကြောင်း၊ အချိန်ကာလသတ်မှတ်၍လည်း   မရပါ ကြောင်း၊ ဖြစ်ပျက်နေသည့်အဖြစ်အပျက်၊ အကြောင်းအရာ   မှန်သမျှသည်    မိမိတို့ အနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်လုံခြုံစေရေး၊ လမ်းပန်းဆက်သွယ် မှု  လုံခြုံချောမွေ့စေရေးနှင့် ပြည်သူ့ဘဝ တည်ငြိမ်အေးချမ်းရေးအတွက်       လုံခြုံ ရေးတပ်ဖွဲ့များအနေဖြင့်ရော     အစိုးရ အနေဖြင့်ပါ    အစွမ်းကုန် စွမ်းအားရှိသမျှ အမြန်ဆုံးတည်ငြိမ်အောင် ဆောင်ရွက် လျက်ရှိကြောင်း ဖြေကြားသည်။
နိုင်ငံအကျိုးပြု    သတင်းမီဒီယာမှ သတင်းအယ်ဒီတာ ကိုခန့်က   နိုင်ငံရေး အကျပ်အတည်းကာလတွင်        အစိုးရ အောက်ခြေဝန်ထမ်းအချို့၏ အကျင့်ပျက် လာဘ်စားမှုကို လက်ရှိအစိုးရအနေဖြင့် မည်သို့ကိုင်တွယ်     အရေးယူဆောင်ရွက် နေပါသလဲ သို့မဟုတ် တိတိကျကျအချက် အလက်များဖြင့် တိုင်ကြားပါက မည်သည့် ဌာနသို့ တိုင်ကြားရမည်ကို သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက တိုင်ကြား ရမည့် ဌာနများရှိပါကြောင်း၊       အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရှိပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများရှိပါ ကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ  ရှိပါကြောင်း ယင်းဌာနများသို့ တိုင်ကြားနိုင်ကြောင်း ပြန်လည်ဖြေကြားသည်။
နိုင်ငံအကျိုးပြု    သတင်းမီဒီယာမှ သတင်းအယ်ဒီတာ ကိုခန့်က နိုင်ငံတော် နှင့်ပြည်သူများအား      ပိုမိုကာကွယ် စောင့်ရှောက်နိုင်ရန်အတွက် စစ်မှုမထမ်း မနေရစနစ်ကို မည်သည့်အချိန် မည်သည့် ကာလတွင် စတင်ကျင့်သုံးရန် ရည်ရွယ် ထားသည်ကို သိလိုကြောင်းမေးမြန်းသည်။
နိုင်ငံသားတိုင်း 
စစ်မှုထမ်းရန်အတွက် တာဝန်ရှိ
ဗိုလ်ချုပ်ဇော်မင်းထွန်းက    နိုင်ငံသား တစ်ယောက်အနေဖြင့် စစ်မှုထမ်းရမည် ဆိုလျှင်  ထမ်းရမည်ဖြစ်ကြောင်း၊ နိုင်ငံသား တိုင်း၏တာဝန်ဖြစ်ကြောင်း၊ မိမိပြောလို သည်မှာ       စစ်မှုမထမ်းမနေရဥပဒေကို ပြဋ္ဌာန်းထားသည့်    နိုင်ငံများရှိသကဲ့သို့ ပြဋ္ဌာန်းထားခြင်းမရှိသည့်  နိုင်ငံများလည်း ရှိကြောင်း၊ မြန်မာနိုင်ငံတွင် အခြေခံဥပဒေ အရ နိုင်ငံသားတိုင်း စစ်မှုထမ်းရန်အတွက် တာဝန်ရှိကြောင်း၊    မြန်မာနိုင်ငံတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့် နှစ်  နိုဝင်ဘာလတွင်    ပြဋ္ဌာန်းပြီးဖြစ် ကြောင်း၊           အကြမ်းဖျင်းပြောရလျှင် အသက်(၁၈) နှစ်မှ (၃၅) နှစ်ကြားရှိသူများ စစ်မှုထမ်းရမည်ဖြစ်ကြောင်း၊ စစ်မှုထမ်း ရာတွင်   နှစ်နှစ်၊   သုံးနှစ်   အစဉ်လိုက် စစ်မှုထမ်းရမည်ဖြစ်ကြောင်း၊ စစ်မှုထမ်း ပြီးပါက နှစ်နှစ်၊ သုံးနှစ်ပြည့်လျှင် ပြည်သူ့ စစ်မှုထမ်းဘဝမှ   ထွက်ခွာ၍ရကြောင်း၊ မထွက်ခွာလိုပါက   ဆက်လက်အမှုထမ်း လိုလျှင် ၎င်း၏အဆင့်အလိုက်ပေးသွား မည်ဖြစ်ကြောင်း၊ ယင်းကိစ္စသည် မိမိတို့ နိုင်ငံမှ ဥပဒေပြဋ္ဌာန်းထားပြီး မိမိတို့က လက်တွေ့မကျင့်သုံးသေးသည့်   နိုင်ငံဖြစ် ကြောင်း၊ မိမိတို့အိမ်နီးနားချင်းနိုင်ငံများ ကို ကြည့်မည်ဆိုပါက အိန္ဒိယနိုင်ငံသည် ပြည်သူ့စစ်မှုထမ်းဥပဒေ    ပြဋ္ဌာန်းထား ခြင်းမရှိကြောင်း၊    ဘင်္ဂလားဒေ့ရှ်သည် လည်း   ပြဋ္ဌာန်းထားခြင်းမရှိကြောင်း၊ လာအိုကပြဋ္ဌာန်းထားပြီး         လက်တွေ့ ကျင့်သုံးလျက်ရှိကြောင်း၊  ထိုင်းနိုင်ငံက ပြဋ္ဌာန်းထားပြီး     ထိုင်းနိုင်ငံအနေဖြင့် မဲနှိုက်၍ကျင့်သုံးကြောင်း၊ အနီမဲကျလျှင် စစ်မှုထမ်းရပြီး အနက်မဲကျလျှင် စစ်မှု မထမ်းရကြောင်း၊   တရုတ်နိုင်ငံကပြဋ္ဌာန်း ထားပြီး   လက်တွေ့မကျင့်သုံးကြောင်း၊ မိမိတို့နိုင်ငံက ပြဋ္ဌာန်းထားပြီး   လက်တွေ့ မကျင့်သုံးကြောင်း၊ ပြဋ္ဌာန်းနိုင်ရန်အတွက် နိုင်ငံ၏အခြေအနေအရ  ကာကွယ်ရေး၊ လုံခြုံရေးအခြေအနေအရ    ကျင့်သုံးရန် လိုအပ်ပါက   လက်တွေ့ကျင့်သုံးရန်ရှိပါ ကြောင်း၊ ပြဋ္ဌာန်းရန်အတွက် အဆင်သင့် ဖြစ်နေသည့်ဥပဒေဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။
နေပြည်တော်တိုင်း(မ်)        အွန်လိုင်း သတင်းအေဂျင်စီမှ     သတင်းထောက် ဦးမင်းမောင်က ကျန်းမာရေးနှင့်ပတ်သက် ၍မေးမြန်းလိုကြောင်း၊   ကိုဗစ်ရောဂါပိုး Omicron နှင့်ပတ်သက်ပြီး   အမေရိကန် တွင် အတော်များများ   မနိုင်မနင်းဖြစ်ပြီး တစ်ရက်တည်းတွင်   တစ်သိန်းကျော် တွေ့ရှိရကြောင်း၊ ပါဝါအင်အားကြီးသည့် နိုင်ငံများတောင်မှ        Omicron ကို တော်တော်လေး           အသည်းအသန် ကာကွယ်နေရကြောင်း၊  မိမိတို့ မြန်မာ နိုင်ငံတွင်         အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာန(ရန်ကုန်)၌  စစ်ဆေးရာတွင် ဓာတ်ခွဲအတည်ပြု      Omicron ရောဂါ ပိုးတွေ့ရှိသူ    ၄၂   ဦး   တွေ့ရှိရကြောင်း၊ နိုင်ငံခြားလေကြောင်းလိုင်းမှ  ပါလာသူ UAE က ၃၂ ယောက်နှင့်    နိုင်ငံခြားမှ မြန်မာနိုင်ငံအတွင်းပါလာသည့် ကိုဗစ်ပိုး တွေ့ရှိသောလူနာများကို     ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ထားခြင်းနှင့် ပတ်သက်၍ သိလိုကြောင်းမေးမြန်းသည်။
ပြည်တွင်းကူးစက်မှု မတွေ့ရသေး
ဗိုလ်ချုပ်ဇော်မင်းထွန်းက    နိုင်ငံခြား ခရီးစဉ်မှပါလာသည့်ခရီးသည်များကို မိမိ တို့အနေဖြင့် Quarantine ထားကြောင်း၊ ရောက်ရောက်ချင်း  စစ်ဆေးမှုများပြုလုပ် ကြောင်း၊  ရောဂါပိုးတွေ့လျှင်     ကုသရေး စင်တာများသို့ပို့ကြောင်း၊ မတွေ့လျှင် လည်း Quarantine အပြည့်ထားကြောင်း၊  ယခင်က      ကျန်းမာရေးဝန်ကြီးဌာနမှ ဖြေလျှော့ပြီး တစ်ပတ်သာထားကြောင်း၊ ယခုနှစ်ပတ်အပြည့်ထားကြောင်း၊ လုံးဝ ကင်းရှင်းမှပြန်လွှတ်ကြောင်း၊   ထိုကဲ့သို့ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံ တွင် Omicron ရောဂါနှင့်ပတ်သက်ပြီး ပြည်တွင်းကူးစက်မှု    မတွေ့ရသေး ကြောင်း၊ နိုင်ငံခြားမှ ပြန်လာသည့်သူများ သာတွေ့ရှိရကြောင်း၊   မိမိတို့အနေဖြင့် တိကျစွာ       လိုက်နာလျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ကျန်းမာ ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဒုတိယဝန်ကြီးဖြေကြားမှုများမှာ ပြည့်စုံပါ ကြောင်း၊ ထပ်ဖြည့်စရာမရှိပါကြောင်း၊ ပြည်သူများအနေဖြင့် မိမိတို့၏ ကျန်းမာ ရေးဆိုင်ရာပြဋ္ဌာန်းချက်များကို လိုက်နာ ရန် လိုအပ်ပါကြောင်း၊ ပြည်ပနိုင်ငံများမှ ပြန်လာသည့်     ပုဂ္ဂိုလ်များကိုလည်း Quarantine   စည်းကမ်း  တိတိကျကျ   လိုက်နာရန်နှင့်    ကိုဗစ်ကာကွယ်ရေး စည်းမျဉ်းများကို   ဆောင်ရွက်ရန်လိုပါ ကြောင်း၊ ထို့အပြင် ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကိုလည်း ယခုဆိုလျှင် အသက်  (၁၈) နှစ်အထက်ပြည့်သူများကို ကာကွယ် ဆေးထိုးနေပြီဖြစ်သည့်အတွက် လူတိုင်း ကာကွယ်ဆေး     ထိုးနှံနိုင်ရေးကိုလည်း ပူးပေါင်းဆောင်ရွက်ပေးကြရန်  လိုအပ် ကြောင်း ဖြည့်စွက်ဖြေကြားသည်။     ။