
နေပြည်တော် ဇန်နဝါရီ ၁၉
(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်း အနားကျင်းပရေး ကော်မတီ ပြည်ထောင်စုအလံတော် သယ်ယူ ပို့ဆောင်မည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနား ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ ကော်မတီအတွင်း ရေးမှူး ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဒုတိယဝန်ကြီး ဦးအောင်ကျော် ထွန်း၊ နေပြည်တော် စည်ပင် သာယာရေးကော်မတီ ဒုတိယ မြို့တော်ဝန် ဦးမောင်မောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ဖိတ်ကြားထားသူများ တက်ရောက် ကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုးနှင့် ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေးတို့က အွန်လိုင်းစနစ် ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ ဂုဏ်ပြုအခမ်း အနားကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ရန်ကုန်မြို့ မြို့တော်ခန်းမ၌ ထားရှိသည့် ပြည်ထောင်စု အလံတော်ကို ပြည်ထောင်စု နယ်မြေ နေပြည်တော်ရှိ မြို့တော်ခန်းမသို့ သယ်ယူပို့ဆောင်မည့် အစီအစဉ် နှင့် ဖေဖော်ဝါရီ ၁၂ ရက် စိန်ရတု ပြည်ထောင်စုနေ့တွင် ပြည်ထောင်စုအလံ စိုက်ထူ အလေးပြုမည့် အစီအစဉ်တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြား သည်။
ထို့နောက် ကော်မတီအတွင်း ရေးမှူး ဒုတိယဝန်ကြီး ဦးရဲတင့် က ပြည်ထောင်စုအလံတော် သယ်ယူပို့ဆောင်မည့် လုပ်ငန်း အစီအစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။
ဆွေးနွေး
ယင်းနောက် ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးလှစိုးက ဆွေးနွေးပြောကြားပြီး ဂုဏ်ပြု အခမ်းအနားကျင်းပရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် အစည်းအဝေးသို့ တက်ရောက်လာ ကြသူများက ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးကြသည်။
ဆွေးနွေးတင်ပြချက်များအပေါ် ဂုဏ်ပြုအခမ်းအနားကျင်းပရေး ကော်မတီဥက္ကဋ္ဌက ပေါင်းစပ် ညှိနှိုင်းပေးပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်
n