အိန္ဒိယနိုင်ငံ၌ ခြောက်ရက်ဆက်တိုက် နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ နှစ်သိန်းကျော်ရှိ

နယူးဒေလီ  ဇန်နဝါရီ   ၁၈


အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက် အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၃၈၀၁၈ ဦး   ထပ်မံတွေ့ရှိခြင်းကြောင့် ယင်းသို့    နေ့စဉ်      ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ နှစ်သိန်းကျော်ရှိခဲ့သည်မှာ ခြောက်ရက်ဆက်တိုက်     ရှိသွားပြီဖြစ် ကြောင်းနှင့် လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၃၇၆၁၈၂၇၁ ဦး ရှိလာကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီး ဌာန၏ နောက်ဆုံးထုတ်ပြန်သည့် အချက် အလက်များအရ သိရသည်။


ထို့ပြင်  အိန္ဒိယနိုင်ငံ၌   လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၃၁၀ ထပ်တိုးလာခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း ၄၈၆၇၆၁ ဦးရှိလာကြောင်း သိရသည်။     အိန္ဒိယနိုင်ငံ၌   လက်ရှိတွင်   ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိဆဲလူနာ          စုစုပေါင်း ၁၇၃၆၆၂၈ ဦးရှိကြောင်း အိန္ဒိယကျန်းမာ ရေးဝန်ကြီးဌာနက ပြောကြားသည်။ 


အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက် အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည် ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူ ၁၅၇၄၂၁ ဦးရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါမှ      ပြန်လည်ကျန်းမာ လာသူစုစုပေါင်း ၃၅၃၉၄၈၈၂ ဦး ရှိလာ ကြောင်း   အိန္ဒိယကျန်းမာရေးဝန်ကြီး ဌာနက ပြောကြားသည်။
အိန္ဒိယနိုင်ငံ၌   ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများရှိနေသည့်အပြင် အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ခံရသူ အရေ အတွက်သည်လည်း  စုစုပေါင်း ၈၈၉၁ ဦး ရှိလာကြောင်းနှင့်   အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်ခံရသူအများစုမှာ မဟာ ရက်ရှ်ထရာ၊ အနောက်ဘင်ဂေါ၊ ရာဂျာ စသန်နှင့်  ဒေလီတို့မှဖြစ်ကြောင်း   သိရ သည်။              

    ကိုးကား - ဆင်ဟွာ
 ဘာသာပြန် - အလင်းသစ်