
နေပြည်တော် ဇန်နဝါရီ ၁၇
မိုးကုတ်မြို့နယ်တွင် ငွေကျပ် သိန်း ၄၉၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် ဇန်နဝါရီ ၁၄ ရက် ည ၇ နာရီတွင် မန္တလေးတိုင်း ဒေသကြီး မိုးကုတ်မြို့နယ် လယ်ကြီး ပူးပေါင်းစစ်ဆေးရေး စခန်းတွင် မိုင်းလုံမှ မိုးကုတ် ဘက်သို့ ထွန်းလင်းထက် မောင်းနှင်ပြီး ကျော်ရင် လိုက်ပါ လာသည့် NISSAN DIESEL ၆ ဘီး မော်တော်ယာဉ်ကို သတင်း အရ ရှာဖွေရာ ယာဉ်ပေါ်မှ ဒေသ ကာလ တန်ဖိုးငွေကျပ်သိန်း ၄၉၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူ ၁၉ ဒသမ ၈ ကီလို သိမ်းဆည်း ရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက် များအရ ဘိန်းဖြူများကို ရှမ်း ပြည်နယ် မြောက်ပိုင်းမှ ကချင် ပြည်နယ်သို့ သယ်ဆောင်ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ နှစ်ဦးကို ဥပဒေအရ အရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက် စစ်ဆေးဖော်ထုတ်လျက် ရှိ ကြောင်း သိရသည်။
သတင်းစဉ်