
ဟနွိုင်း ဇန်နဝါရီ ၁၇
ဗီယက်နမ်နိုင်ငံတွင် ဇန်နဝါရီ ၁၇ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၁၆၃၇၈ ဦးရှိကြောင်းဖော်ပြခဲ့ပြီး ပြည်ပကူးစက်ဖြစ်ပွားသူ ၅၃ ဦးနှင့် ပြည်တွင်းကူးစက်ဖြစ်ပွားသူ ၁၆၃၂၅ ဦးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ကြေညာသည်။
ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားမှုနှင့်အတူ နိုင်ငံတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၂၀၄၅၂၉၀ အထိ ရောက်ရှိလာပြီး ၃၅၇၈၈ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆက်လက်သတင်းထုတ်ပြန်ဖော်ပြခဲ့သည်။
ဗီယက်နမ်မြို့တော် ဟနွိုင်းသည် ကိုဗစ်-၁၉ အစုလိုက်ကူးစက်မှု အများဆုံးနေရာတစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး ဇန်နဝါရီ ၁၇ ရက်က ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၂၉၅၅ ဦးရှိခဲ့သည်။ ဒါနန်ပြည်နယ်မှ ၉၂၄ ဦး၊ ဟန်ယန်ပြည်နယ်မှ ၆၇၅ ဦးတို့ ဖြစ်ကြသည်။
တစ်နေ့တည်းတွင် တောင်ပိုင်း ကာမူပြည်နယ် တွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၅၃၆၆ ဦး စမ်းသပ်တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးအာဏာပိုင် များက ပြောသည်။
နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည်ကျန်းမာလာသူ ၁၇၄၇၄၆၂ ဦးရှိလာပြီး နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသူ ပေါင်းမှာလည်း ၁၆၉ သန်း ကျော်လွန်လာပြီ ဖြစ်သည်။ ယင်းအနက် ၇၂ ဒသမ ၄ သန်းမှာ ဒုတိယ အကြိမ်ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးပြီဖြစ်ကာ ၁၇ ဒသမ ၉ သန်းမှာ တတိယအကြိမ်ထိုးနှံပြီးပြီ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆက်လက် ဖော်ပြထားသည်။
ဗီယက်နမ်တွင် ကိုရိုနာဗိုင်းရပ်စ် လှိုင်းဂယက် လေးကြိမ် တိုက်ခတ်ခြင်းကို ကြီးမားစွာ ခံစားခဲ့ရသည်။ ဇန်နဝါရီ ၁၇ ရက်အထိ ပြည်တွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း နှစ်သန်း ကျော်ရှိခဲ့သည်။
ဆင်ဟွာ