
တိုကျို ဇန်နဝါရီ ၁၇
ဂျပန်နိုင်ငံ၏ ပြည်တွင်းမော်တော် ဆိုင်ကယ်များ တင်ပို့ရောင်းချမှု မှာ ၂၀၂၁ ခုနှစ်၌ လေးနှစ်တာ ကာလအတွင်း ရောင်းအား အမြင့် ဆုံးဟု သိရသည်။
ကိုဗစ် -၁၉ ကပ်ရောဂါ ကြောင့် လူစုလူဝေးကို ရှောင်ရှား ရန်အတွက် လူအများက အခြား သော သယ်ယူပို့ဆောင်ရေး နည်းလမ်းကို အသုံးပြုလာသည့် အတွက် ယခုလို ရလဒ်ထွက်ပေါ် လာခြင်းဖြစ်သည်။
ပြီးခဲ့သည့် နှစ်အတွင်း မော်တော်ဆိုင်ကယ် ၃၇၈၇၂၀ ကို တင်ပို့ရောင်းချနိုင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်နှင့် နှိုင်းယှဉ်လျှင် ၁၅ ရာခိုင်နှုန်းတိုးလာသည်ဟု ဂျပန် နိုင်ငံ မော်တော်ယာဉ်လုပ်ငန်းရှင် များအသင်းက ပြောသည်။
ကိုဗစ် -၁၉ကြောင့် ကိုယ်ပိုင် ယာဉ်များ လိုအပ်ချက် တိုးလာ မည်ကို စိုးရိမ်မှုများ ပျံ့နှံ့လျက် ရှိသည်။ တိုကျိုမြို့ရှိ မော်တော် ဆိုင်ကယ် အရောင်းဆိုင်တစ်ဆိုင် တွင် ရောင်းချရမှုမှာ ၁၀ ရာခိုင် နှုန်း တိုးလာသည်ဟု သိရသည်။
လူအများအပြားမှ အများ ပြည်သူသုံး သယ်ယူပို့ဆောင်ရေး ယာဉ်များကို အသုံးပြုမည့်အစား မော်တော်ဆိုင်ကယ်များကို အသုံး ပြုလာသည်ဟု ဝန်ထမ်းတစ်ဦးက ပြောသည်။
မော်တော် ဆိုင်ကယ်များကို လူများ ပြန်လည်စိတ်ဝင်စားလာ သည့်အတွက် ဝမ်းသာမိကြောင်းမော်တော်ဆိုင်ကယ် အရောင်း ဆိုင်မှ မန်နေဂျာက ပြောသည်။
သို့သော်လည်း ဝယ်သူ၏ လိုအပ်ချက်အတိုင်း ဖြည့်စွမ်းပေးနိုင်ခြင်းမရှိမည်ကို စိုးရိမ်မိကြောင်း ကိုလည်း ၎င်းက ပြောသည်။
လူအများအပြားက မော်တော် ဆိုင်ကယ် ဝယ်စီးလိုကြသော် လည်း ဈေးကွက်တွင် ပစ္စည်း ပြတ်လပ်မှု ဖြစ်ပေါ်မည်ကို စိုးရိမ် နေရသည်ဟု ၎င်းက ဆက်ပြော သည်။
စက်ပစ္စည်းအစိတ်အပိုင်းများပြတ်တောက်မှု ဖြစ်နေသည့် အတွက် ပြီးခဲ့သည့်နှစ်လယ်ပိုင်းမှစတင်ကာ ဝယ်သူများ၏ လိုအပ် ချက်အတိုင်း မော်တော်ဆိုင်ကယ် များ မထုတ်လုပ်နိုင်ချေ။
အင်န်အိတ်ချ်ကေ