
နေပြည်တော် ဇန်နဝါရီ ၁၇
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ အောင်ကြီး သည် ဇန်နဝါရီ ၁၅ ရက်က မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ မြို့နယ် သဖန်းစံပြမွေးမြူရေး ခြံအတွင်း ပြန်လည်ပြုပြင်နေသည့် စံပြကန် အမှတ်(၁)နှင့် အမှတ်(၂) တို့ကို ကြည့်ရှုစစ်ဆေးပြီး ရေအလေအလွင့်မရှိ အသုံးပြုနိုင် ရေး၊ ကန်နှင့် ရေပေးဝေရေး အဆောက်အအုံများ ရေရှည် အကျိုးရှိစွာ အသုံးပြုနိုင်ရေး အတွက် စနစ်တကျ စီမံဆောင် ရွက် ရန်လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေး မှာကြားသည်။
ယခု ပြုပြင်လျက်ရှိသည့် ရေလှောင်ကန်များမှာ နှစ်ပေါင်း (၇၀)ခန့်သက်တမ်းရှိ မြေသား ကန်များ ဖြစ်ကြောင်း၊ သဲနုန်းပို့ချမှု ကြောင့် တိမ်ကောလာသဖြင့် ဆည်မြောင်းနှင့်ရေ အသုံးချမှု စီမံခန့် ခွဲရေးဦးစီးဌာနက ပြုပြင် မွမ်းမံမှုလုပ်ငန်းများဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အဆိုပါ ကန်များ ပြုပြင်မွမ်းမံပြီးပါက အမှတ်(၁) ရေလှောင်ကန်မှ စိုက် မြေဧရိယာ ဧက ၇၀ နှင့် အမှတ် (၂) ကန်မှ စိုက်မြေဧရိယာ ၃၉ ဧက စုစုပေါင်း ၁၀၉ ဧက ကို စိုက်ပျိုးရေ ပေးဝေနိုင်မည်ဖြစ် ကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မွေးမြူရေး အသုံးချသုတေသနနှင့် မျိုးထိန်း၊ မျိုးပွားခြံ (သဖန်းခြံ) တွင် ဆောင်ရွက်လျက်ရှိသည့် ဒေသ ဆိတ်မျိုးရင်း ထိန်းသိမ်းခြင်း လုပ်ငန်းများ၊ အသားတိုးနွားမျိုး ထိန်းခြင်း၊ မျိုးပွားခြင်းလုပ်ငန်း များ၊ မွေးမြူရေးဆိုင်ရာ အသုံးချ သုတေသနလုပ်ငန်းများ ဆောင် ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေး သည်။
အလားတူ ဝမ်းတွင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ရွှေတောင် ဝါသီးနှံသုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးခြံ၊ ကျောက်ဆည် မြို့နယ် လွန်ကျော် ဝါသီးနှံ သုတေသနနှင့် နည်းပညာဖွံ့ဖြိုး ရေးခြံများသို့ ရောက်ရှိပြီး ငွေ ချည်-၆၊ ရွှေတောင်-၈၊ ငွေချည်- ၉ ၊ ရွှေတောင်-၁၀ နှင့် ရွှေတောင် - ၁၁ ချည်မျှင်ရှည်ဝါနှင့် ဝါမျိုးများ မျိုးသန့် မျိုးပွားလုပ်ငန်းများကို လည်းကောင်း၊ ဝါသုတေသန လုပ်ငန်း အဆင့်ဆင့်ကိုလည်း ကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးမှာ ကြားခဲ့သည်။ သတင်းစဉ်