SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး ထပ်မံတွေ့ရှိရမှုနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ခြင်း


 

                            (၁၇-၁-၂၀၂၂) ရက်နေ့
၁။    ကျန်းမာရေးဝန်ကြီးဌာနသည် “ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး စောင့်ကြပ်ကြည့်ရှု ခြင်းလုပ်ငန်း” များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ ကယ်ဆယ် ရေးလေယာဉ် (Relief Flight) များဖြင့် ပြန်လည်ဝင်ရောက်လာသူများတွင် SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးတွေ့ရှိမှုများနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေးလျက်ရှိပါသည်။  
၂။    ထိုသို့ဆောင်ရွက်လျက်ရှိရာ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာ၍ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများ၏ ဓာတ်ခွဲနမူနာများအနက် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး တွေ့ရှိနိုင်သည့် သံသယ ဖြစ်ဖွယ် ဓာတ်ခွဲနမူနာများအား ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇစစ်ဆေးခြင်းကို  အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန၌ (၁၇-၁-၂၀၂၂) ရက်နေ့တွင် ဆောင်ရွက်ခဲ့ရာ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးကို ဓာတ်ခွဲနမူနာ (၄၂) ခုတွင် အတည်ပြု တွေ့ရှိခဲ့ရပါသည်။
၃။    အဆိုပါ အိုမီခရွန်ရောဂါပိုးတွေ့ရှိသူ မြန်မာနိုင်ငံသား (၃၆) ဦးနှင့် နိုင်ငံခြားသား (၆) ဦးမှာ Relief Flight များဖြင့် ဝင်ရောက်လာသူများဖြစ်ပြီး အိန္ဒိယနိုင်ငံမှ (၂၁) ဦး၊ မလေးရှားနိုင်ငံမှ (၁၂) ဦး၊ ဖိလစ်ပိုင် နိုင်ငံမှ (၄) ဦး၊ ထိုင်းနိုင်ငံမှ (၃) ဦး၊ ယူအေအီးနိုင်ငံမှ (၁)ဦးနှင့် စင်ကာပူနိုင်ငံမှ (၁) ဦးတို့ ဖြစ်ပါသည်။
၄။    အိုမီခရွန်ရောဂါပိုးတွေ့ရှိသူများအား   သီးသန့်ထားရှိကာ  ကုသစောင့်ရှောက်မှုများ   ဆောင်ရွက် လျက်ရှိပြီး ၎င်းတို့နှင့် လေကြောင်းခရီးစဉ်တွင် အတူလိုက်ပါလာသည့်  ခရီးသည်များနှင့်  အနီးကပ် ထိတွေ့သူများအားလည်း  အသွားအလာကန့်သတ်ခြင်း (Strict Quarantine) နှင့် ဓာတ်ခွဲစမ်းသပ် စစ်ဆေးမှုများအား အထူးအားဖြည့် ဆောင်ရွက်လျက်ရှိပါသည်။
၅။    သို့ဖြစ်ပါ၍   ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်  ကိုဗစ်-၁၉ ရောဂါ  မျိုးရိုးဗီဇပြောင်းရောဂါပိုး  စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းစဉ်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်း များအား ပိုမိုအရှိန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်ကြေညာအပ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန