တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉  ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ


 

နေပြည်တော်   ဇန်နဝါရီ   ၁၇
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာ တော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊  ဘာသာ ရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာ မရွေး  အသက် ၄၀ အထက်   ဒေသခံပြည်သူများ၊ အကျဉ်းသား၊  အကျဉ်းသူများ၊   မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည် ရောဂါ အခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီ တိုက်ပွဲရှောင်စခန်းများအတွင်းရှိ     ပြည်သူများ၊ အသက် ၁၂နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့်  ကျောင်းသား ကျောင်းသူများ စသည့်   ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ  ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ ကို ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့   ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၆ ရက် နှင့် ယနေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိ မြို့နယ်ရှစ်မြို့နယ်တို့၌   ဒေသခံပြည်သူ ၂၂၆၈ ဦး၊ ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်းရှိ    မြို့နယ်သုံးမြို့ နယ်တို့၌ ဒေသခံပြည်သူ ၁၆၀၀ ၊   မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ  မြို့နယ် ၁၃ မြို့နယ်တို့၌ ဒေသခံပြည်သူ ၄၆၅၄ ဦး၊   တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်၌ ဒေသခံပြည်သူ ၅၂၀ ၊   ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ   မြို့နယ်သုံးမြို့နယ်တို့၌  ဒေသခံ ပြည်သူ ၂၂၃၃ ဦး၊  ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ဒေသခံပြည်သူ ၁၈၉၁၃ ဦး၊ ရခိုင်ပြည်နယ်အတွင်းရှိ  မြို့နယ် ၁၁ မြို့နယ်တို့၌ ဒေသခံပြည်သူ ၈၉၄၉ ဦးနှင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင်ခုနစ်ခုတို့မှ ဒေသခံပြည်သူ ၈၈၂၄ ဦး တို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံ များမှ   ဆရာဝန်များ၊   သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊  စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။ 
ထို့အတူ ကျောင်းသား၊ ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက် ရှိရာ  ယနေ့တွင်  ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်  ၂၆ မြို့နယ်တို့၌  ကျောင်းသား ကျောင်းသူ ၅၆၄ ဦးတို့ကို တပ်မတော်မှ  ဆေးအဖွဲ့များက ပြည်သူ့ ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့်  ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည်။ 
ထိုသို့ ဆောင်ရွက်ပေးနေမှုများကို  သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက  သွား ရောက်ကြည့်ရှုအားပေးပြီး  လိုအပ်သည်များ   ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။              သတင်းစဉ်