
လမိုင်း ဇန်နဝါရီ ၁၆
မွန်ပြည်နယ် လမိုင်းမြို့အတွင်းရှိ ကျိုက်ကေလာသတန်ခိုးကြီးဘုရားပုထိုးစေတီနှင့် ကျိုက်ဓာတ်ဇူဘုရား စေတီတော်တို့တွင် ပြာသိုလပြည့်နေ့တွင် ရပ်နီး ရပ်ဝေးမှ ဘုရားဖူးပြည်သူများစွာ လာရောက်ဖူးမြော် စည်းကားလျက်ရှိသည်။
လမိုင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ သိသာစွာ လျော့နည်းကျဆင်းမှုရှိသော်လည်း ကူးစက်မှုနှုန်း ဟန့်တားထိန်းချုပ်နိုင်ရေးနှင့် ကိုဗစ်-၁၉ ကာလ ပြည်သူများ စိတ်နှလုံးအေးချမ်းစွာဖြင့် ကုသိုလ်ယူ နိုင်ကြစေရန် ကျိုက်ကေလာသတန်ခိုးကြီးဘုရား ပုထိုးစေတီတွင် ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်း ချက်များနှင့်အညီဖွင့်လှစ်ပေးထားပြီးဖြစ်ကာ ရဟန်း ရှင်လူပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်ပွဲများ ပြုလုပ် ပြီးကုသိုလ်ကောင်းမှု ဆောင်ရွက်မှုများရှိသကဲ့သို့ မြန်မာလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့တစ်ခု ဖြစ်သည့် အခါကြီးရက်ကြီး၊ နေ့ထူးနေ့မြတ်များတွင် လည်း ဘုရားဖူးပြည်သူများ၊ ခရီးသွားပြည်သူများ အားအာဟာရဒါနစတုဒိသာများဖြင့် ကျိုက်ဓာတ်ဇူဘုရား ပုထိုးစေတီတော်ရင်ပြင်၌ဧည့်ခံကျွေးမွေး ကုသိုလ်ယူ ကြသည်။
ဖြူဖြူအေး(ပြန်/ဆက်)