လှိုင်မြစ်-လှော်ကား ရေအားဖြည့်စီမံကိန်း ရန်ကုန်မြို့တော်ဝန်နှင့် စီးပွားရေးရာဝန်ကြီး ကြည့်ရှုစစ်ဆေး

 

ရန်ကုန်   ဇန်နဝါရီ  ၁၆


ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦးတို့သည် ယနေ့ နံနက် ၇ နာရီခွဲတွင် မှော်ဘီမြို့နယ် ဆန်စပါးသုတေသနဌာန မြေနေရာဝင်း အတွင်း ဆောင်ရွက်နေသော လှိုင်မြစ်-လှော်ကား ရေအားဖြည့်စီမံကိန်းသို့ ရောက်ရှိပြီး ယခုကာလသည် နွေစပါးအတွက်  ရေခေါ်မြောင်း၊  ရေသွင်းမြောင်းများ  Upgrade လုပ်နေရသည့်  အချိန်ဖြစ်၍ ဧက ၁၀၀ အတွက် အကျိုးပြုနိုင်သည့်အပြင် ရန်ကုန်မြို့အတွက် လိုအပ်သည့်သောက်သုံးရေ ဖြန့်ဖြူးပေးနိုင်မည်ဖြစ် ကြောင်းနှင့်   မှော်ဘီမြို့အား   ဖြတ်သန်းဆောင်ရွက်ရခြင်းဖြစ်၍   ပြန်လည်ပြုပြင်ဆောင်ရွက်မှုများကို မူလကထက် ပိုမိုကောင်းမွန်ရန် လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်းမှာကြားပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 


ထို့နောက်   စီမံကိန်းလုပ်ငန်း ခွင်အတွင်း မြေသားအကြို အနည် ထိုင်ကန်   တည်ဆောက်ပြီးစီးမှု၊ ရေဝင်မြောင်း      တူးဖော်နေမှု၊ ရေတွန်းစက်ရုံ Basement Wall သံချည်သံကွေး        လုပ်ငန်းနှင့် ရေဂိတ်တံခါး Base Slab Lean Concrete လောင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊  ရေသန့်စင်ရန် Chemical   Dosing   Facilities တည်ဆောက်နေမှု၊ ရေတွန်းစက်ရုံ ဓာတ်အားခွဲရုံ    တည်ဆောက် ပြီးစီးမှုတို့ကို    ကြည့်ရှုစစ်ဆေး သည်။

 


ယင်းနောက်     မြို့ချောင်း လမ်းနှင့်     ရေပေးမြောင်းဆုံရာ ကားလမ်းကူးတံတားနှင့်    Pipe   Syphon   တည်ဆောက်ထားမှု၊ မြို့ချောင်းရွာအနီး     ရေပေးမြောင်း တွင် Trifurcation, Bifurcation နှင့်   မြောင်းခွဲအဆောက်အအုံ  ဆောင်ရွက်နေမှုနှင့်       ၎င်းမှ မြို့ချောင်းရွာ လှိုင်မြစ်ကမ်းဘေးရှိ ကန်ကလေး   ရေတင်စခန်း   ရေပို့ လွှတ်မည့်နေရာတွင် အချင်း ၃၀ လက်မ MS မြစ်ရေတင်ပိုက်လိုင်း ခြောက်လိုင်း သွယ်တန်းထားမှု၊ ပန့်နှင့်    မော်တာများ     တပ်ဆင် အသုံးပြုနိုင်ရန်   Pontoon  သုံးခု   တည်ဆောက်ထားမှုနှင့် 33/3.3KV,   2.5MVA  ကန်ကလေး  လျှပ်စစ် မြစ်ရေတင် ဓာတ်အားခွဲရုံ   တည် ဆောက်နေမှုတို့အား    လိုက်လံ ကြည့်ရှုစစ်ဆေးပြီး   လိုအပ်သည် များ မှာကြားဖြည့်ဆည်း ဆောင် ရွက်ပေးသည်။

 


ထို့နောက်   မြို့တော်ဝန်နှင့် အဖွဲ့သည်       မင်္ဂလာဒုံမြို့နယ် မင်္ဂလာကန်သို့   သွားရောက်၍ မင်္ဂလာကန်ရေပိုလွှဲ    Spill   Way နှင့် ရေထုတ်မြောင်းအနီး အလျား ပေ ၁၂၀၊ အနံပေ ၅၀၊ ရေစုကန် တူးဖော်ပြီးစီးမှု၊   ခရေပင်လမ်း မျက်နှာစာ     ကန်ပေါင်ပေါ်တွင် လူသွားစင်္ကြံ စက်ဘီးလမ်း ပြုလုပ် ရန်  အရှည် ပေ ၁၂၀၀၊  အကျယ် ပေ  ၂၀၊     မြေညှိပြုပြင်ပြီးစီးမှု၊ သစ်တောဦးစီးဌာန၊    မင်္ဂလာဒုံ ပျိုးဥယျာဉ်ဘက်အခြမ်း   Aqua-marine နှင့် Amphibious Exca-vator ယာဉ်များဖြင့် ဗေဒါ၊ ဒိုက်၊    ရေမှော်၊ ကိုင်းတောများ ရှင်းလင်း နေမှု၊    ကန်ပတ်လည်     မြက်ပင်၊  ချုံနွယ်များ   ရှင်းလင်းပြီးစီးမှုနှင့်     အရိပ်ရအပင်များ၏   အုပ်မိုးကိုင်း များ ရှင်းလင်း အလင်းဖွင့်ထားမှု တို့ကို ကြည့်ရှုစစ်ဆေးပြီး   လိုအပ် သည်များမှာကြား     ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။


သတင်းစဉ်