
လေရှီး ဇန်နဝါရီ ၁၅
၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင် ကျရောက်သည့် နာဂရိုးရာနှစ်သစ်ကူး ပွဲတော် အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့ရှိ မြို့နယ်နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် နာဂရိုးရာနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် အခမ်းအနား သဘာပတိ ဦးအောင်ဝင်းက အဖွင့်အမှာစကားပြောကြား သည်။ ထို့နောက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌ ဦးထွန်း ထွန်းဝင်း မှပေးပို့သော နှစ်သစ်နှုတ်ခွန်းဆက် သဝဏ်လွှာကို မြို့နယ် နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှု အတွင်းရေးမှူး ဦးအောင်ဝင်းနိုင်က ဖတ်ကြားသည်။
ထို့နောက် သဘာပတိ ဦးအောင်ဝင်းက နာဂရိုးရာ နှစ်သစ်ကူးနေ့မှ စ၍ နာဂတိုင်းရင်းသူ တိုင်းရင်းသားများအားလုံး ဆန်ရေစပါးများ ပေါကြွယ်ဝပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေကြောင်း ရိုးရာပန်တုံးထု ကာ ဆုတောင်းမေတ္တာပို့သသည်။ ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်များကို ရိုးရာခေါင်ရည်၊ ရိုးရာအစား အစာများဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
ဆိုင်းသား(လေရှီး)