တပ်မတော်အထည်ချုပ်စက်ရုံ(ပျဉ်ပုံကြီး) ဖွင့်ပွဲကျင်းပ

 

နေပြည်တော်   ဇန်နဝါရီ   ၁၅


(၇၅)    နှစ်မြောက်     စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် တပ်မတော်အထည် ချုပ်စက်ရုံ (ပျဉ်ပုံကြီး)  ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင်   ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့နယ်ရှိ နယ်မြေခံ တပ်၌ကျင်းပရာ     ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)၊   ပြန်လည် နေရာချထားရေးညွှန်ကြားရေးမှူး ရုံး ညွှန်ကြားရေးမှူးနှင့် စစ်လက် နက်ပစ္စည်းညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူးတို့က    ဖဲကြိုး ဖြတ် ဖွင့်လှစ်ပေးသည်။

 


ထို့နောက်   စက်ရုံသစ်ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ်   မင်္ဂလာ ကမ္ပည်းမော်ကွန်းကို အောင်သပြေ ပန်းနံ့သာရည်များဖြင့်   ပက်ဖျန်း ပေးပြီး စက်ရုံသစ်အတွင်း လုပ်ငန်း ဆောင်ရွက်နေမှုကို  လှည့်လည် ကြည့်ရှုကြရာ    စက်ရုံမှူးက လုပ်ငန်းဆောင်ရွက်မှု အခြေအနေ များကို    လိုက်လံရှင်းလင်းပြသ သည်။ 

 


အဆိုပါ တပ်မတော်အထည်ချုပ်စက်ရုံ(ပျဉ်ပုံကြီး)ကို နိုင်ငံ တော်    စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊     နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၏ လမ်းညွှန်ချက်အရ တပ်မတော် သား   မိသားစုဝင်များ   အလုပ် အကိုင်ရရှိစေရေးအတွက် ရည်ရွယ် ၍ ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁၁ ရက် တွင်   ပဲခူးမြို့နယ်ရှိ  နယ်မြေခံ တပ်ဝင်းအတွင်း၌   စတင်တည် ဆောက်ခဲ့ပြီး ယနေ့တွင် ဖွင့်လှစ် ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိ သည်။                

   သတင်းစဉ်