
လွိုင်ကော် ဇန်နဝါရီ ၁၅
နှစ်(၇၀)ပြည့် ကယားပြည်နယ်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့ရှိ ပြည်နယ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် စောဒန်နီယယ်နှင့် ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြ သည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမောင်မောင် အုန်းနှင့် ဦးစောထွန်းအောင်မြင့်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင် ဦး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်း အောင်၊ ပြည်နယ်တရားသူကြီး ချုပ် ဒေါ်သန်းသန်းအေး၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသား တိုင်းရင်းသူ များ တက်ရောက်ကြသည်။
အခမ်းအနားတွင် သဘာပတိ အဖွဲ့ဝင် ကယားမျိုးနွယ်စု ကိုးခု တို့မှ လူမျိုးစုခေါင်းဆောင်များက နေရာယူကြပြီး တက်ရောက်လာ ကြသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံ၊ ကျဆုံးလေ ပြီးသော အာဇာနည်ခေါင်းဆောင် များနှင့် ရဲဘော်အပေါင်းအား အလေးပြုကြသည်။
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ နှစ်(၇၀)ပြည့် ကယားပြည်နယ်နေ့ အခမ်းအနား သို့ ပေးပို့သည့် သဝဏ်လွှာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် စောဒန်နီယယ်က ဖတ်ကြားပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးက ကယားပြည် နယ်နေ့မိန့်ခွန်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်က ပြည်နယ်အတွင်း စီမံခန့်ခွဲ ရေး၊ လူမှုရေး၊ လုံခြုံရေးနှင့် တရား ဥပဒေစိုးမိုးရေး ကဏ္ဍတို့တွင် စွမ်းစွမ်းတမံတာဝန်ထမ်းဆောင် ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းများမှ ဂုဏ်ထူးဆောင်ဆုတံဆိပ် ရရှိသူ ၅၃ ဦးအနက် စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆု (ပထမဆင့်) ရရှိသူ ကယားပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအံ့မော်အား လည်းကောင်း၊ လူမှုရေးဆိုင်ရာ ထူးချွန်ဆု (ပထမဆင့်) ရရှိသူ လွိုင်ကော်မြို့နယ်စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ ဦးမောင် မောင်အားလည်းကောင်း၊ စီမံ ခန့်ခွဲရေးဆိုင်ရာထူးချွန်ဆု (ဒုတိယ ဆင့်) ရရှိကြသူ အားကစားနှင့် ကာယပညာ သိပ္ပံ (လွိုင်ကော်) ကျောင်းအုပ်ကြီး ဒေါ်စိုးစိုးမြာနှင့် ပြည်နယ်ဥပဒေအထောက်အကူ ပြုကော်မတီဝင် ဦးအဲလ်ဘက် တို့အားလည်းကောင်း၊ စီမံခန့်ခွဲ ရေးဆိုင်ရာ ထူးချွန်ဆု (တတိယ ဆင့်) ရရှိသူ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးသိန်းတန် အားလည်းကောင်း၊ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး ဆိုင်ရာ ထူးချွန်ဆု (တတိယဆင့်) ရရှိကြသူ ပြည်နယ်ရဲတပ်ဖွဲ့ရုံးမှ ဒုတိယရဲအုပ် ချစ်ဆွေ၊ ဒုတိယ ရဲအုပ် ခင်မြင့်နှင့် ရဲတပ်ကြပ်ကြီး စိုးမင်းထွေး တို့အားလည်းကောင် ဂုဏ်ထူးဆောင်ဆုတံဆိပ်များနှင့် ထူးချွန်မှုဂုဏ်ထူးဆောင်လက်မှတ်များကို ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက ကယားပြည်နယ်အတွင်းရှိ တပ်ရင်း၊ တပ်ဖွဲ့များနှင့် နိုင်ငံ့ဝန်ထမ်းများ အတွက် DVB - T2 Set Top Box အလုံး ၁၀၀၀ ကိုပေးအပ်လှူဒါန်း ရာ တပ်ရင်း၊ တပ်ဖွဲ့များကိုယ်စား အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်း အောင်ကလည်းကောင်း၊ နိုင်ငံ့ ဝန်ထမ်းများကိုယ်စား ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန ပြည်နယ်ဦးစီးမှူး ဒေါ်စိုးစိုး ထွန်းကလည်းကောင်း လက်ခံရယူ ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည် နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များသည် သဘာပတိအဖွဲ့ဝင် ကယားမျိုးနွယ်စု ကိုးခုတို့မှ လူမျိုးစု ခေါင်းဆောင်များနှင့် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြ သည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ နှင့် ပြည်ထောင်စုဝန်ကြီးများ သည် တက်ရောက်လာကြသည့် ဒေသခံတိုင်းရင်းသား တိုင်းရင်းသူ တို့ကို ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
နှစ်(၇၀)ပြည့် ကယားပြည် နယ်နေ့ အထိမ်းအမှတ်အဖြစ် ပြည်နယ်အတွင်း စီမံခန့်ခွဲရေး၊ လူမှုရေး၊ လုံခြုံရေးနှင့် တရား ဥပဒေစိုးမိုးရေး ကဏ္ဍတို့တွင် စွမ်းစွမ်းတမံတာဝန်ထမ်းဆောင် ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းများမှ ဂုဏ်ထူးဆောင်ဆုတံဆိပ် ရရှိသူ ၅၃ ဦး အနက် ရှစ်ဦးအား ဂုဏ်ထူး ဆောင်ဆုတံဆိပ်များနှင့် ထူးချွန်မှု ဂုဏ်ထူးဆောင်လက်မှတ်များကို ပေးအပ် ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ကျန်ရှိသည့် ဂုဏ်ထူးဆောင် ဆု တံဆိပ်ရရှိသူများကိုလည်း အခမ်း အနားပြုလုပ်၍ ဆက်လက် ပေးအပ် ချီးမြှင့်သွားမည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်