ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှအဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်  ဇန်နဝါရီ   ၁၄


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ပင်လယ် ရေကြောင်းနှင့်   နယ်စပ်ကုန်သွယ်ရေးစခန်းများမှ  နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ  ကုမ္ပဏီတစ်ခု၊  ယာဉ်နှစ်စီးဖြင့် နှာခေါင်းစည်း(Mask) ၁၂ တန်ကို တင်သွင်းခဲ့ကြောင်း သိရသည်။    

 


ကိုဗစ်-၁၉  ရောဂါ  ကာကွယ်၊  ထိန်းချုပ်၊  ကုသရေးဆိုင်ရာ ပစ္စည်းများကို သက်ဆိုင်ရာဌာနများနှင့်   ညှိနှိုင်းထားသည့်  SOP  များနှင့်အညီ  ဦးစားပေး တင်သွင်းခွင့်ပြုပေးလျက်ရှိပါကြောင်းနှင့်    ဆေးဝါးနှင့်  ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်  ဆက်စပ်သည့်  အသိပေးကြေညာချက်များကိုလည်း အများ ပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။ 


သတင်းစဉ်