
နေပြည်တော် ဇန်နဝါရီ ၁၄
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် ဇန်နဝါရီ ၁၃ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ရှောင်လမ်း အပိုင်း (၂)၊ ၄ ဒသမ ၃ ကီလိုမီတာမှ ၆ ကီလိုမီတာအထိ ဖောက်လုပ်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ ပေါက်တိုင်းတံတား တည်ဆောက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးသည်။
ပေါက်တိုင်း တံတားသည် အရှည် ၁၄၈ ပေ၊ သံပေါင်ခုံးတံတား အမျိုးအစားဖြစ်ပြီး တံတား လုပ်ငန်းများပြီးစီး၍ အချောသပ် လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။ ထားဝယ်မြို့ရှောင်လမ်း အပိုင်း (၂) ပြီးစီးပါက မော်တော် ယာဉ်များ မြို့အတွင်းမှ ဖြတ်သန်း သွားလာရန်မလိုဘဲ ယာဉ်ကြော ကျပ်တည်းမှုများကို လျှော့ချနိုင် မည်ဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့ လမ်း ဦးစီးဌာန ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ ဆောင်၌ တနင်္သာရီတိုင်းဒေသကြီး အတွင်း ရှိ အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာန နှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ တိုင်းဒေသ ကြီးအတွင်း လမ်းပန်းဆက်သွယ် မှုများ ကောင်းမွန်စေရေးအတွက် လမ်းနှင့်တံတားများ အဆင့်မြှင့်တင် ခြင်း လုပ်ငန်းများကို အရှိန်အဟုန် ဖြင့် ဆောင်ရွက်ရန်လိုကြောင်း။
ကျေးလက်လမ်း၊ တံတားများ ကို ဦးစားပေးအနေဖြင့် ဆောင် ရွက်သွားရန်လိုကြောင်း၊ လုပ်ငန်း များ သတ်မှတ်အချိန်မီပြီးစီးရေး နှင့် အရည်အသွေးပြည့်မီရန် အလေးထားဆောင်ရွက်ရန် လို ကြောင်း၊ ဘဏ္ဍာငွေသုံးစွဲရာတွင် လည်း သတ်မှတ်ထားသည့် ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်း များနှင့်အညီ လိုက်နာဆောင်ရွက် ရန်လိုကြောင်း မှာကြားသည်။
ယနေ့တွင် ပြည်ထောင်စု ဝန်ကြီးသည် ဘုတ်ပြင်း-အုန်း တောကမ်းတံတားသို့ ရောက်ရှိပြီး လုပ်ငန်းပြီးစီးမှု၊ တံတားအချော သပ်လုပ်ငန်းများနှင့် ချဉ်းကပ် လမ်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးသည်။
ဘုတ်ပြင်း-အုန်းတောကမ်း တံတားသည် အရှည်ပေ ၁၂၀၀ ရှိ သံကူကွန်ကရစ်တံတား ဖြစ်ပြီး အုတ်မြစ်ထည်ကို Bored Pile Foundation ဖြင့်လည်းကောင်း၊ တံတားကိုယ်ထည်နှင့် အပေါ် ထည်ကို သံကူကွန်ကရစ်၊ သံကူ ကွန်ကရစ်ရက်မ၊ သံမဏိရက်မ သံကူကွန်ကရစ် ကြမ်းခင်းတို့ဖြင့် လည်းကောင်း တည်ဆောက် ထားပြီး ယာဉ်သွားလမ်းအကျယ် ၂၄ ပေနှင့် လူသွားလမ်းတစ်ဖက် လျှင် သုံးပေစီပါရှိကာ နှစ်လမ်းသွား ချဉ်းကပ်လမ်းကို ဆက်လက်တည် ဆောက်လျက်ရှိကြောင်း သိရ သည်။
သတင်းစဉ်