
နေပြည်တော် ဇန်နဝါရီ ၁၄
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ် ၁၈ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး၌ ကျင်းပသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
အစည်းအဝေး၌ ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၅) ခု၏ မတည်ငွေရင်း တိုးမြှင့်ခြင်း အပါ အဝင် မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ ကုန်ထုတ် လုပ်မှုကဏ္ဍ၊ သတ္တုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍများ၌ လုပ်ငန်းသစ် ၁၀ ခုကို ခွင့်ပြုခဲ့သည်။ အဆိုပါ လုပ်ငန်း များ၏ ရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန် ဒေါ်လာ ၂၄၁ ဒသမ ၇၉ သန်းနှင့် ငွေကျပ် ၈၀၆၀၆၆ ဒသမ ၅၉၅ သန်းရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၂၆၄၆ နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။
ယခုအစည်းအဝေး၌ ခွင့်ပြုခဲ့သည့်လုပ်ငန်းများ တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ရင်းနှီး မြှုပ်နှံမှု ဖိတ်ခေါ်ထားသည့် ကဏ္ဍများဖြစ်သော မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍများနှင့် ကုန်ထုတ် လုပ်မှုလုပ်ငန်းကဏ္ဍများ ပါဝင်သည်။
၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမှုအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၉ ခုက စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၇၉ ဒသမ ၃၉၅ သန်းဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုအနေဖြင့် လုပ်ငန်းပေါင်း ၂၀ က စုစုပေါင်း ငွေကျပ် ၁၀၄၈၀၂၉ ဒသမ ၂၁၅ သန်းဖြင့် လည်းကောင်း ခွင့်ပြုခဲ့ပြီး အလုပ်အကိုင်အခွင့် အလမ်းပေါင်း ၁၂၇၄၇ ခု ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်