တပ်မတော်သားတစ်ဦးချင်းအနေဖြင့် စစ်သားကောင်းပီသစွာ နေထိုင်ကျင့်ကြံခြင်းအားဖြင့် တပ်မတော်၏ဂုဏ်ကို မြှင့်တင်ကြရမည်

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ မောရဝတီရေတပ်စခန်းဌာနချုပ်မှ အရာရှိ၊ စစ်သည်မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

 

နေပြည်တော်  ဇန်နဝါရီ   ၁၃


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်          ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်    ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊     ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် တာဝန်ရှိသူများလိုက်ပါ၍  ယနေ့  ညနေပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊   မောရဝတီ ရေတပ်စခန်းဌာနချုပ်မှ အရာရှိ၊  စစ်သည်မိသားစု များအား သွားရောက် တွေ့ဆုံအမှာစကားပြောကြား သည်။

 


အစဉ်အလာကောင်းတစ်ခု


ထိုသို့     တွေ့ဆုံအမှာစကားပြောကြားရာတွင် တပ်မတော်၏      အဓိကလုပ်ငန်းတာဝန်သည် နိုင်ငံတော်ကာကွယ်ရန်ဖြစ်ပြီး    စစ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်နှင့်   အုပ်ချုပ်ရေးစွမ်းရည်တို့ အစဉ်ထက်မြက်နေအောင်    လေ့ကျင့်ဆောင်ရွက် နေကြရမည်ဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင်မှုနှင့် ပတ်သက်၍ ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွှန်ကြား ချက်များ၊ မူဝါဒများအတိုင်း   လိုက်နာဆောင်ရွက် ရန်လိုကြောင်း၊  စစ်စည်းကမ်းကောင်းမွန်မှုသည် တပ်မတော်၏   အစဉ်အလာကောင်းတစ်ခုပင်ဖြစ် သည့်အတွက် ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း။

 


အမိန့်နှင့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်


တပ်မတော်သားအားလုံးသည် မိမိတို့၏ သဘော ဆန္ဒအလျောက် နိုင်ငံတော်ကာကွယ်ရေးတာဝန်များ ကို ထမ်းဆောင်ရန် တပ်မတော်တွင်းသို့ ဝင်ရောက် အမှုထမ်းခဲ့ကြသူများပင်ဖြစ်ကြောင်း၊  ထို့ကြောင့် တပ်မတော်ကိုချစ်သည့်စိတ်ဖြင့်     မိမိကိုယ်ကို စစ်သားကောင်းတစ်ယောက်ပီသအောင်    တည် ဆောက်ရမည်ဖြစ်ပြီး မိမိတပ်ဖွဲ့၊ မိမိတပ်ရင်း၊ မိမိ တပ်မတော်နှင့် နိုင်ငံချစ်စိတ်များကို    တည်ဆောက် ကြရန်လိုကြောင်း၊ တပ်မတော်သားများဖြစ်သည့် အတွက် မိမိအားတာဝန်ပေးအပ်လာပါက မည်သည့် နေရာဒေသဖြစ်စေ သွားရောက်တာဝန်ထမ်းဆောင် ရမည်ဖြစ်ပြီး ပေးအပ်လာသည့် အမိန့်နှင့်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ကြရမည်ဖြစ်ကြောင်း၊ အလားတူ   ရုံးလုပ်ငန်းများ     ဆောင်ရွက်ရာတွင် လည်း  လုပ်ငန်းတာဝန်များကို    မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ တပ်မတော်သားတစ်ဦး ချင်းအနေဖြင့် စစ်သားကောင်းပီသစွာ   နေထိုင် ကျင့်ကြံခြင်းအားဖြင့် တပ်မတော်၏ဂုဏ်ကို မြှင့်တင် ကြရမည်ဖြစ်ကြောင်း။

 


ဝင်ငွေနှင့်ထွက်ငွေကို မျှတအောင်သုံးစွဲ


တပ်နေပျော်ရေးအတွက် သက်သာချောင်ချိရေး နှင့် ပတ်သက်၍ တပ်မတော်မှ  ဆောင်ရွက်ပေးထား ပြီး သက်ဆိုင်ရာ  တပ်ဌာနချုပ်များအလိုက်လည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊     တစ်ဦးချင်း ပျော်ပါးစားသောက်မှုကို ထိန်းသိမ်းခြင်းအားဖြင့် မလိုအပ်သော ငွေဖြုန်းတီးမှုကို ထိန်းသိမ်းနိုင်မည် ဖြစ်ပြီး ဝင်ငွေနှင့်ထွက်ငွေကို မျှတအောင် သုံးစွဲနိုင် မည်ဖြစ်ကြောင်း၊  အလားတူ    တပ်ဌာနချုပ်မှ    စီမံ ဆောင်ရွက်သည့်      တပ်ပိုင်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းအောင် ဆောင် ရွက်ကြရန်လိုသကဲ့သို့   မိမိတို့တစ်ဦးချင်းအလိုက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးများကို အောင်မြင် ဖြစ်ထွန်းအောင် ဆောင်ရွက်ခြင်းဖြင့် အပိုဝင်ငွေရရှိ နိုင်မည်ဖြစ်ကြောင်း၊   ဦးစီးခေါင်းဆောင်ရသူများ အနေဖြင့်လည်း    မိမိတို့ကွပ်ကဲအုပ်ချုပ်ရသည့် တပ်ရင်းတပ်ဖွဲ့များမှ စစ်သည်မိသားစုများ၏ ရပိုင် ခွင့်နှင့် သက်သာချောင်ချိရေးကို နည်းလမ်းတကျ မှန်မှန်ကန်ကန်ဖြင့်   ဖြည့်ဆည်းဆောင်ရွက်ပေးရ မည်ဖြစ်ကြောင်း၊ တပ်မှူးကောင်းသဖွယ် စိတ်ဓာတ် နှင့် မိဘသဖွယ်စိတ်ဓာတ် ထားရှိရမည်ဖြစ်ကြောင်း၊ ထိုနည်းတူ   လက်အောက်ငယ်သားများအနေဖြင့် လည်း ချမှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများကို တိကျစွာလိုက်နာ၍   မိမိကိုယ်ကို     ထိန်းထိန်း သိမ်းသိမ်းဖြင့် နေထိုင်ကြရန်လိုကြောင်း၊ မိမိဘဝ တက်လမ်းကို ထိခိုက်စေနိုင်သည့် အသောက်အစား၊ အပျော်အပါးတို့ကို ရှောင်ကြဉ်ကြရန်လိုပြီး မိမိဝင်ငွေ နှင့် ထွက်ငွေမျှတအောင် စည်းစနစ်ကျစွာဖြင့် သုံးစွဲ ကြရမည်ဖြစ်ကာ အသိတရား၊ သတိတရားလက်ကိုင် ထား၍ မိမိဘဝတိုးတက်အောင်   လုပ်ဆောင်ကြရ မည်ဖြစ်ကြောင်း။

 


ကလေးငယ်များအားလုံး ပညာသင်ကြားနိုင်ရေး


ပညာရည်သင်ကြားရေးနှင့်ပတ်သက်၍ မိမိတို့ ကိုယ်တိုင် စာပေဖတ်ရှုရန်လိုအပ်သကဲ့သို့ မိမိတို့၏ သားသမီးများ၏ ပညာရည်မြင့်မားရေးကို အားပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊    တပ်မတော်သား မိသားစုဝင်များ၏    ပညာရည်မြင့်မားရေးအတွက် လည်း  တပ်မတော်မှ    ငွေကြေးများကုန်ကျခံ၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊  မိမိတို့   တာဝန် ထမ်းဆောင်ရာဒေသများတွင်   မိမိတို့၏ ကလေး ငယ်များအားလုံး ပညာသင်ကြားနိုင်ရေး ဆောင်ရွက် မှသာ မိမိတို့၏ သားသမီးများအား ပညာအမွေများ ပေးနိုင်မည်ဖြစ်ကြောင်း၊ အလားတူ တပ်နှင့်ပြည်သူ တစ်သားတည်းရှိနေစေရန်အတွက် တပ်ပြင်စည်းရုံးရေးလုပ်ငန်းများအား        လက်တွေ့ကျကျဖြင့် ဆောင်ရွက်ကြရန်လိုကြောင်းဖြင့် မှာကြား သည်။

 


လက်ခံရယူ


ယင်းနောက်     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အရာရှိ၊  စစ်သည်၊ မိသားစုများ အတွက်   စားသောက်ဖွယ်ရာများ  ပေးအပ် ရာ   ရေတပ်စခန်းဌာနချုပ်မှူးနှင့်    ဇနီး တို့က  လက်ခံရယူကြသည်။    ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည်   အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်း နှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်