မော်လမြိုင် - ထားဝယ် - ရေး ပင်လယ်ကမ်းခြေ မီးရထားလမ်းကြောင်းနှင့် ရန်ကုန် - မော်လမြိုင် - မြိတ် - ထားဝယ် ကမ်းခြေရေလမ်းကြောင်း ခရီးစဉ်များ ပြေးဆွဲနိုင်ရေးအတွက်လည်း စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်လျက်ရှိ

 

နေပြည်တော်   ဇန်နဝါရီ    ၁၃


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်သည် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများအား ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။  

 


အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်   ဗိုလ်ချုပ်ကြီး   တင်အောင်စန်း၊  မန်းငြိမ်းမောင်၊     ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့်      ဦးတင်ထွဋ်ဦး၊       ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဦးခင်ရီ၊ ဒေါက်တာ ညွန့်ဖေ၊    ဦးရွှေလေး၊   တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊   ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး  ဗိုလ်ချုပ်  စောသန်းလှိုင်၊  တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်  ဝန်ကြီးများ၊  ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 


ရှင်းလင်းတင်ပြ


ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက ဒေသဆိုင်ရာအချက်အလက်များ၊   ရေထွက်သယံ ဇာတများ ထုတ်လုပ်ရေးနှင့် မွေးမြူရေးဆောင်ရွက် နေမှုအခြေအနေ၊  တိုင်းဒေသကြီးအတွင်း  မြို့နယ် အလိုက်   ရေပေးဝေရေးစီမံကိန်းများ   ဆောင်ရွက် ထားရှိမှုနှင့်        ရေချိုရေသန့်ဖူလုံစွာသုံးစွဲနိုင်ရေး ဆောင်ရွက်ထားရှိမှု   အခြေအနေ၊   အပြည်ပြည် ဆိုင်ရာ ငါးလေလံဈေးနှင့် ရေထွက်ပစ္စည်းကုန်ချော  ထုတ်လုပ်မည့် စက်မှုဇုန်တည်ဆောက်ရန် လျာထား စီမံကိန်းဆောင်ရွက်နေမှု  အခြေအနေ၊   လျှပ်စစ် ဓာတ်အားသုံးစွဲမှုနှင့် ရေအားလျှပ်စစ်စီမံကိန်းများရှိ ဓာတ်အားပေးစက်ရုံများကို စဉ်ဆက်မပြတ် ပြုပြင် ထိန်းသိမ်းပြီး လျှပ်စစ်ဓာတ်အားများကို ဖြန့်ဝေသုံးစွဲ နိုင်မည့် အခြေအနေနှင့် လေအားလျှပ်စစ်စီမံကိန်း များ   ဆောင်ရွက်နေမှု   အခြေအနေ၊  ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း   ဆောင်ရွက်နေမှုအခြေ အနေ၊   ပညာရေး၊    ကျန်းမာရေးဆိုင်ရာအချက် အလက်များ၊ ပန်းခင်းစီမံချက်ဖြင့် အသက်အရွယ် ပြည့်မီသူ နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြား များရရှိစေရေး    ဆောင်ရွက်နေမှု   အခြေအနေ၊ တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် နေမှု အခြေအနေနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 


လေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲခွင့်ပြု


တင်ပြချက်များနှင့်ပတ်သက်၍ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဦးတင်ထွဋ်ဦး၊   ဦးလှမိုး၊   ဦးခင်မောင်ရီ၊  ဦးအောင် သန်းဦး၊ ဦးခင်ရီ၊ ဒေါက်တာညွန့်ဖေ၊ ဦးရွှေလေးနှင့် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်းတို့က သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် ဆောင်ရွက်နေမှု အခြေအနေများကို    ပြန်လည် ရှင်းလင်းပြောကြားရာ၌ မြိတ်၊ ထားဝယ်၊ ကော့သောင်း၊ ဘုတ်ပြင်းတို့တွင် လေကြောင်းလိုင်းများ ပြန်လည် ပြေးဆွဲခွင့်ပြုပေးထားသည့် အခြေအနေ၊  ရထား ပို့ဆောင်ရေးတွင် ခရီးသည်များပိုမိုလိုက်ပါနိုင်စေ ရေးနှင့် ကုန်စည်စီးဆင်းမှုများ ပိုမိုမြန်ဆန်စေရေး တို့အတွက် လမ်းကြောင်းသစ်များကို သုတေသနပြု ရွေးချယ် ဆောင်ရွက်လျက်ရှိသည့်   အခြေအနေ၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း ပို့ဆောင်ဆက်သွယ် ရေးဆိုင်ရာ   လိုအပ်ချက်များကို    အဆင့်မြှင့်တင် ဆောင်ရွက်ပေးသွားမည့်  အခြေအနေ။  

 


တိုင်းဒေသကြီးအတွင်း    မြေသယံဇာတများ ပေါကြွယ်ဝစွာရှိသည့်အတွက်  ဒေသနှင့်ကိုက်ညီသည့်  စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ၊  စက်မှုလယ်ယာ လုပ်ငန်းများကို   သက်ဆိုင်ရာ  ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း၍  အောင်မြင်အောင်   လုပ်ဆောင် နိုင်မည့်  အခြေအနေ၊    ငါးသယံဇာတထုတ်ယူမှုတွင် သဘာဝအတိုင်း   ထုတ်ယူခြင်းအပြင်  ဈေးကွက်မှ လက်ခံနိုင်သည့် သဘာဝအတိုင်း လှောင်၍မွေးမြူ သည့်   နည်းစနစ်ဖြင့်     မွေးမြူထုတ်လုပ်နိုင်ရေး လုပ်ဆောင်နေသည့် အခြေအနေ၊   ကျေးလက်နေ ပြည်သူများ၏   လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ဝင်ငွေတိုးတက်ရေးအတွက် အသေးစား၊ အလတ်စား လုပ်ငန်းများလုပ်ဆောင်နိုင်ရေး နည်းပညာမျှဝေပေး ခြင်းများ၊ အရင်းအနှီးများ မတည်ဆောင်ရွက်ပေးခြင်း များ   လုပ်ဆောင်ပေးလျက်ရှိသည့်   အခြေအနေ၊ တိုင်းဒေသကြီးအတွင်းရှိ  မြေပေါ်၊  မြေအောက်၊ ရေပြင်၊    ရေအောက်သယံဇာတများနှင့်  သဘာဝ ပတ်ဝန်းကျင်ကောင်းမွန်မှု      အခြေအနေများကို ဆက်လက်ထိန်းသိမ်းရေးနှင့်   အဏ္ဏဝါဂေဟစနစ် ပျက်ယွင်းမှုမရှိစေရေး နိုင်ငံတော်အဆင့်ဖြင့် စနစ် တကျစီမံခန့်ခွဲ ဆောင်ရွက်လျက်ရှိသည့် အခြေအနေ။

 


စီမံကိန်းများကို ဆောင်ရွက်


တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားများ ကို ပေးဆောင်ရသည့် ဓာတ်အားခနှင့် ကိုက်ညီစွာ သုံးစွဲနိုင်ရေး၊ နိုင်ငံအဝန်း လျှပ်စစ်ဓာတ်အားများကို အပြည့်အဝ   ဖြန့်ဖြူးနိုင်ရေးတို့အတွက်   လျှပ်စစ် ဓာတ်အားထုတ်ယူနိုင်မည့် စီမံကိန်းများကို ဆောင်ရွက် နေသည့်   အခြေအနေ၊     လူဝင်မှုကြီးကြပ်ရေးနှင့်    ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ပန်းခင်းစီမံချက် ကို နိုင်ငံတော်စီမံချက်အဖြစ် ဆောင်ရွက်၍ အသက် အရွယ်ပြည့်မီသူ နိုင်ငံသားတိုင်း  နိုင်ငံသားစိစစ်ရေးကတ်ပြားများရရှိစေရေး အခြားဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိမှု အခြေအနေ၊ ထားဝယ်တက္ကသိုလ်၊ မြိတ်တက္ကသိုလ်တို့တွင် ယခင် သင်ကြားပေးလျက်ရှိသည့်   ဘာသာရပ်များအပြင် စီးပွားရေးဆိုင်ရာ   ဘာသာရပ်နှင့်   ဥပဒေဆိုင်ရာ ဘာသာရပ်များကိုပါ သင်ကြားပေးနိုင်ရေး ဆောင်ရွက် လျက်ရှိသည့် အခြေအနေနှင့် ဒေသနှင့်ကိုက်ညီသည့် ရေထွက်သယံဇာတထုတ်ယူခြင်း၊   ထိန်းသိမ်းခြင်း လုပ်ငန်းများကို အထောက်အကူဖြစ်စေရန်အတွက်  အဏ္ဏဝါသိပ္ပံဘာသာရပ်  လေ့ကျင့်ရေးစခန်းတစ်ခု ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည့် အခြေအနေ။

 


လမ်းနှင့် တံတားများကို အဆင့်မြှင့်တင်


တနင်္သာရီတိုင်းဒေသကြီးအတွင်း     လမ်းပန်း ဆက်သွယ်မှုများ ကောင်းမွန်ရေးအတွက် လမ်းနှင့် တံတားများကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးလျက် ရှိသည့်  အခြေအနေနှင့်   ကျေးလက်လမ်းတံတား များကို ဦးစားပေးအနေဖြင့် ဆောင်ရွက်ပေးလျက်ရှိ သည့် အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ကာလအတွင်း   တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် ရောဂါကူးစက်ဖြစ်ပေါ်ခဲ့မှု အခြေအနေနှင့် လက်ရှိ အချိန်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရောဂါပိုး အတည်ပြုလူနာ တွေ့ရှိမှုနှုန်းကို   လျှော့ချနိုင်ခဲ့ပြီး ဖြစ်သည့် အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ   စတုတ္ထ လှိုင်းဖြစ်ပေါ်မှုကို     ကြိုတင်ကာကွယ်နိုင်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကာကွယ်ဆေးထိုး  လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက် ရှိပြီး တနင်္သာရီတိုင်းဒေသကြီးအတွင်း ကာကွယ် ဆေးထိုးနှံပြီးစီးမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။

 


နိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ရ


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးတိုးတက် ရေးနှင့်  ပတ်သက်၍    ဆွေးနွေးပြောကြားရာတွင် ပြီးခဲ့သည့် ရွေးကောက်ပွဲကာလတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့သည့်အတွက်  နိုင်ငံရေးအရ  အရေးပေါ် အခြေအနေ ကြေညာခဲ့ရပြီး နိုင်ငံရေးအပြောင်းအလဲ များ ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ကြောင်း၊ တပ်မတော်အနေ ဖြင့်   ထိုကဲ့သို့မဲစာရင်းမှားယွင်းမှုများကို  ဖြေရှင်း ဆောင်ရွက်ပေးရန် မည်သို့ပင်ပြောဆိုခဲ့သော်လည်း တာဝန်ရှိသူများအနေဖြင့် ဖြေရှင်းဆောင်ရွက်ပေးခဲ့ ခြင်း မရှိခဲ့ကြောင်း။

 


ခက်ခက် ခဲခဲဖြင့် ကြိုးပမ်းဆောင်ရွက်


တပ်မတော်သည် ပြည်သူကြားမှ  ပေါက်ဖွား လာခဲ့ခြင်းပင်ဖြစ်သည့်အတွက် ပြည်သူတို့လိုလား တောင့်တနေရသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်း ပေါ်၌ ခိုင်ခိုင်မာမာလျှောက်လှမ်းနိုင်ရေး ဆောင်ရွက် ခဲ့ပြီး ယခင်တပ်မတော်အစိုးရလက်ထက် ဒီမိုကရေစီ  မကူးပြောင်းမီကာလများတွင်     နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသည့်   ဒီမိုကရေစီကျင့်သုံးပုံများကို လေ့လာပြီး   ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုအဆင့် ဆင့်ကို ပုံဖော်ခဲ့ရကြောင်း၊ ၂၀၀၈ ခုနှစ်တွင် မဲပေး ပိုင်ခွင့်ရှိသူ၏   ၉၂ ဒသမ ၁၈   ရာခိုင်နှုန်းကျော် ထောက်ခံမှုဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို အတည်ပြုခဲ့ပြီး ပြည်သူတို့  လိုလားတောင့်တ သည့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့  ရောက်ရှိ အောင် လုပ်ဆောင်ပေးခဲ့ကြောင်း၊  ဒီမိုကရေစီပထမ သက်တမ်းကာလ သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး အကျပ်အတည်းများ၊ ပြင်ပနိုင်ငံများ၏ ဖိအားပေးမှု များနှင့် လက်နက်ကိုင်ပဋိပက္ခများအကြား ခက်ခက် ခဲခဲဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ရကြောင်း။

 


No Vote လှုပ်ရှားမှုများ ဖြစ်ပေါ်လာ


၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ၌ NLD ပါတီ အနိုင် ရရှိခဲ့ပြီး နိုင်ငံတော်ကို   အုပ်ချုပ်ခဲ့ရာတွင်  မဲဆွယ် စည်းရုံးစဉ်ပြောကြားချက်များ၊ ကတိကဝတ်များကို အကောင်အထည်ဖော်ဆောင်မှု အားနည်းချက်နှင့် အုပ်ချုပ်ရေးဆိုင်ရာ လိုအပ်ချက်များကြောင့် ပြည်သူ လူထုအနေဖြင့် ရွေးကောက်တင်မြှောက်သည့် အစိုးရ အပေါ် ယုံကြည်မှုနည်းပါးလာပြီး No Vote လှုပ်ရှားမှု များ ဖြစ်လာသည်ကို တွေ့ရှိကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် NLD အစိုးရအနေဖြင့်   ရွေးကောက်ပွဲ အတွက်    စိုးရိမ်ပူပန်မှုများ      ဖြစ်ပေါ်ခဲ့ကြောင်း၊ ရွေးကောက်ပွဲအကြိုကာလ ၂၀၁၉ ခုနှစ်၊ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲ လုပ်သည့်အခါတွင်    ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ၏   ၁၄ ရာခိုင်နှုန်းခန့်သာ မဲပေးခဲ့ပြီး လူဦးရေ   ၁၀၀ လျှင် ၁၄ ဦးခန့်သာ    မဲပေးခဲ့သည်ကို   တွေ့ရှိကြောင်း၊ ထိုကဲ့သို့ No Vote လှုပ်ရှားမှုများ ဖြစ်ပေါ်လာခြင်းဖြင့် တရားမျှတသည့် ရွေးကောက်ပွဲဖြစ်မည်မဟုတ်ဘဲ ဆန္ဒမဲပေးသူများအနေဖြင့် မိမိတို့ဆန္ဒနှင့် ကိုက်ညီ သည့် ရွေးကောက်ခံအစိုးရကို  ရရှိနိုင်မည်မဟုတ် သဖြင့် မိမိအနေဖြင့်  ရောက်သည့်နေရာတိုင်းတွင် ဆန္ဒမဲများပေးကြရန်     တိုက်တွန်းပြောကြားခဲ့ ကြောင်း။

 


တာဝန်ယူထိန်းသိမ်းဆောင်ရွက်ခဲ့


NLD  အစိုးရအနေဖြင့်   ရွေးကောက်ပွဲမတိုင်မီ ဖြစ်ပေါ်နေသည့် No Vote လှုပ်ရှားမှုများ၊ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီရွေးကောက်ပွဲ အတွေ့အကြုံများအရ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင်   အနိုင်ရရှိရေးနှင့် ပတ်သက်၍     စိုးရိမ်ပူပန်မှုများဖြစ်ပေါ်ခဲ့ပြီး ရွေးကောက်ပွဲမတိုင်မီ ပါတီများ၏ မဲဆွယ်စည်းရုံးရေး ဆောင်ရွက်မှုများတွင် လည်း အမိန့်အမျိုးမျိုးထုတ်ပြန်ခဲ့ကြောင်း၊ ရွေးကောက်ပွဲ ရလဒ်များကြေညာသည့်အချိန်တွင်  မဖြစ်နိုင်သည့် မသင်္ကာဖွယ်ရာ မဲရလဒ်များ ထွက်ပေါ်လာခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးတစ်ခု တည်း အတွင်း၌ပင် မဲမသမာမှုပြုနိုင်သည့် မဲစာရင်း ပေါင်း ၃ သိန်း ၄ သောင်းကျော်ရှိခဲ့ပြီး ထိုအထဲတွင် အသက် ၁၀၀ နှစ်အထက် ၇၀၈ ဦးအထိ ပါဝင်နေသည် ကို စိစစ်တွေ့ရှိရကြောင်း၊ ထို့ကြောင့် တပ်မတော်မှ မဲစာရင်းများအား ကျွမ်းကျင် ကွန်ပျူတာပညာရှင် များဖြင့် စိစစ်ဆောင်ရွက်ခဲ့ရာတွင်   မဲမသမာမှုပြု နိုင်သည့်    မဲစာရင်းများတွေ့ရှိရပြီး   သတင်းများ ထုတ်ပြန်ခဲ့ကြောင်း၊ ထိုသို့ မဲစာရင်းများ ကြီးမားစွာ ကွဲလွဲနေမှုများကို ဖြေရှင်းဆောင်ရွက်ပေးရန် တာဝန် ရှိသူအဖွဲ့အစည်း အဆင့်ဆင့်သို့ အကြိမ်ကြိမ်တင်ပြခဲ့ သော်လည်း ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိသည့် အပြင် နိုင်ငံတော်၏အာဏာကို အဓမ္မရယူရန် ကြိုးပမ်း လာခဲ့သောကြောင့် နိုင်ငံတော်ကို အရေးပေါ်အခြေ အနေအဖြစ်ကြေညာကာ ယာယီသမ္မတ၏ တာဝန် လွှဲအပ်ချက်အရ    တပ်မတော်က      နိုင်ငံတော်၏ တာဝန်များကို    တာဝန်ယူထိန်းသိမ်းဆောင်ရွက်ခဲ့ ရခြင်းဖြစ်ကြောင်း။ 

 


မိမိတို့အနေဖြင့်     နိုင်ငံတော်၏     အာဏာကို သိမ်းယူခြင်းမဟုတ်ဘဲ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာမှု ရှိစေရေး ထိန်းသိမ်းဆောင်ရွက်နေခြင်းသာ ဖြစ်သဖြင့် နိုင်ငံတော်၏ တည်ဆဲဥပဒေဖြစ်သည့်   ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)အတိုင်းသာ ဆက်လက် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊  ထို့ကြောင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းရာတွင် တပ်ဘက်၊ အရပ်ဘက်   မျှတအောင်ဖွဲ့စည်းခဲ့ပြီး   အစိုးရအဖွဲ့၊ တိုင်းဒေသကြီးနှင့်   ပြည်နယ်အဆင့် အုပ်ချုပ်ရေး ကောင်စီများ   ဖွဲ့စည်းရာတွင်   အရပ်သားများဖြင့် အရပ်ဘက်အုပ်ချုပ်ရေးကိုသာ ဆက်လက်ဆောင်ရွက် စေခဲ့ခြင်းဖြစ်ကြောင်း၊    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး   ဦးတည်ချက် ၉ ရပ်ချမှတ်၍ နိုင်ငံတော်ကို ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်း လုပ်ဆောင်လျက်ရှိကြောင်း၊ ရှေ့လုပ်ငန်းစဉ် ၅ ရပ် တွင်ပါဝင်သည့် ပထမအချက်ဖြစ်သော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို    ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းများ စစ်ဆေးခြင်းများအပါအဝင် လုပ်ဆောင် သင့်   လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆက်လက်လုပ်ဆောင်မည် ဆိုသည့်အတိုင်း မဲစာရင်း မှားယွင်းမှုများနှင့်   ပတ်သက်၍   ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း။

 


ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကာကွယ်ရေး လုပ်ငန်းများသည် အလွန်အရေးကြီးပြီး မိမိတို့အနေ ဖြင့်    တတိယလှိုင်းဖြစ်ပေါ်ခဲ့သည့်   ဇူလိုင်လနှင့် ဩဂုတ်လတို့တွင် အခက်အခဲမျိုးစုံကြားမှ ကြိုးပမ်း ဆောင်ရွက်ခဲ့ရကြောင်း၊ လူ့အသက်ထက် အရေးကြီး တာ ဘာမှမရှိသည့်အတွက်   ကျန်းမာရေးဝန်ထမ်း အခက်အခဲ၊ ကာကွယ် ကုသ ထိန်းချုပ်ရေး ဆေးဝါး များ၊ ပစ္စည်းများ စသည့်အခက်အခဲပေါင်းစုံကြားမှ ကြံ့ကြံ့ခံ ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ကာကွယ် ဆေးရရှိရေးအတွက် ယခင်အစိုးရလက်ထက်တွင် အိန္ဒိယမှ မှာယူထားခဲ့ပြီးဖြစ်သော်လည်း အိန္ဒိယနိုင်ငံ တွင် ရောဂါဖြစ်ပွားမှုများ များပြားလာသည့်အတွက် ရောက်ရှိခဲ့ခြင်းမရှိခဲ့ကြောင်း၊ ထို့ကြောင့် ကာကွယ် ဆေးရရှိရေးအတွက်   နိုင်ငံပေါင်းစုံနှင့်  ချိတ်ဆက် ဆောင်ရွက်ခဲ့ပြီး ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများ ကို  ရည်မှန်းဆောင်ရွက်ခဲ့သည့်အတိုင်း  ဒီဇင်ဘာ လကုန်တွင်    ၅၀ ရာခိုင်နှုန်းကျော်အထိ   ထိုးနှံ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း။

 


လျှပ်စစ်စွမ်းအားရရှိရန်လို


မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အဓိက လုပ်ကိုင်ပြီး   အခြေခံရှိသည့် တိုင်းပြည်ဖြစ်သည့် အတွက် စီးပွားရေးလုပ်ငန်းများကို အရှိန်အဟုန် မပြတ် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပေးလျက် ရှိကြောင်း၊    တိုင်းပြည်တစ်ခု   ဖွံ့ဖြိုးတိုးတက်ရေး အတွက်   လမ်းပန်းဆက်သွယ်မှု     ကောင်းမွန်ရန်၊ ဆက်သွယ်ရေးစနစ် လျင်မြန်ကောင်းမွန်ရန်၊ လျှပ်စစ် စွမ်းအားရရှိရန်   လိုအပ်မည်ဖြစ်ပြီး    ပညာရေး၊ ကျန်းမာရေး ကောင်းမွန်ရမည်ဖြစ်ကြောင်း။

 


စိန်ရတုအကြိုကာလဖြစ်


ငြိမ်းချမ်းရေးနှင့်   ပတ်သက်၍   ယခုနှစ်သည် စိန်ရတုပြည်ထောင်စုနေ့ဖြစ်ပြီး   ၂၀၂၃    ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့သည် စိန်ရတုလွတ်လပ်ရေးနေ့ ဖြစ်သည့်အတွက် စိန်ရတုအကြိုကာလဖြစ်ကြောင်း၊ ၇၅ နှစ်တာကြာခဲ့ပြီဖြစ်သည့် နိုင်ငံတော်၏ အချုပ် အခြာအာဏာ ပိုမိုခိုင်မာစေရေးနှင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးတို့တွင် ငြိမ်းချမ်းရေးရရှိရန်မှာ အရေး ကြီးကြောင်း၊ နိုင်ငံရေး၊ တိုင်းရင်းသားရေး၊ ဘာသာ ရေးအရ ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ပြီး မိမိတို့ လျှောက်လှမ်းနေသည့်    ပါတီစုံလမ်းကြောင်းကို လျှောက်လှမ်းရာတွင် တစ်ယောက်တစ်မျိုးဖြစ်နေ၍ ရမည်မဟုတ်ဘဲ နိုင်ငံသားတိုင်း တူညီသည့် အခွင့် အရေးရရှိရမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)တွင်လည်း နိုင်ငံသားတစ်ဦးချင်း၏ ရပိုင်ခွင့်နှင့် ပတ်သက်၍ အတိအလင်းပြဋ္ဌာန်းထား ပြီးဖြစ်ကြောင်း၊ ငြိမ်းချမ်းခြင်းမရှိပါက မှန်ကန်မျှတ သည့် ရွေးကောက်ပွဲဖြစ်နိုင်မည်မဟုတ်ဘဲ ငြိမ်းချမ်း ရေးတွင် လက်နက်ကိုင်အဖွဲ့အစည်းအားလုံး ဥပဒေ နှင့်အညီ ပါဝင်လာမှသာလျှင် လွတ်လပ်ပြီး တရားမျှတ သည့်   ရွေးကောက်ပွဲ     ဖြစ်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးရရှိရေးအတွက် ဦးတည်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ပြုလုပ်ဆောင်ရွက်၍ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု    ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လက်မှတ်မထိုးရသေးသည့် အဖွဲ့အစည်း များ ပါဝင်လာနိုင်စေရေး အလွတ်သဘော ဆွေးနွေးမှု များဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။

 


ဒေသအတွင်း၌ ဖူလုံအောင် ဆောင်ရွက်


လူတို့တွင်    တိုးတက်ကြီးပွားလိုစိတ်ရှိပါက ရပ်နေ၍ရမည်မဟုတ်ဘဲ လုပ်ကိုင်ဆောင်ရွက်နေမှ သာလျှင် တိုးတက်မှုများ   ဖြစ်ပေါ်လာနိုင်မည်ဖြစ် ကြောင်း၊ ထို့အတူ နိုင်ငံတစ်နိုင်ငံအနေဖြင့်လည်း တိုးတက်မှုဖြစ်ပေါ်လာအောင် မလုပ်ဆောင်နိုင်ပါက ပြိုကျသွားနိုင်မည်ဖြစ်ကြောင်း၊     မိမိတို့အနေဖြင့်  နိုင်ငံတော်ကို တည်ဆောက်ရာတွင် သာယာဝပြော ရေးနှင့် စားရေရိက္ခာဖူလုံရေးကို ရည်မှန်းဆောင်ရွက် လျက်ရှိကြောင်း၊  တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် ဆန်ဖူလုံမှု ၇၀ ရာခိုင်နှုန်းသာရှိပြီး   လိုအပ်သည် များကို ပြင်ပမှ ဝယ်ယူနေရသည်ကို တွေ့ရှိရကြောင်း၊ စားကုန်၊     သုံးကုန်၊    သောက်ကုန်ပစ္စည်းများကို မိမိဒေသအတွင်း၌ ဖူလုံအောင် ဆောင်ရွက်နိုင်မည်၊ ထုတ်လုပ်နိုင်မည်ဆိုပါက ဒေသတွင်းရှိ ငွေကြေးများ ပြင်ပသို့ရောက်ရှိတော့မည်မဟုတ်ဘဲ  ဒေသတွင်း ငွေကြေးလည်ပတ်မှုကို ဖြစ်ပေါ်စေနိုင်မည်ဖြစ်ကာ ဒေသခံများ၏ ချမ်းသာကြွယ်ဝမှုကို ဖြစ်ပေါ်စေနိုင် မည်ဖြစ်ကြောင်း၊ ဆန်အထွက်နှုန်း တစ်ဧက တင်း ၇၀ ခန့်သာရှိသဖြင့် တင်း ၁၀၀ ထွက်အောင် ကြိုးစား ဆောင်ရွက်ပြီး   ဒေသတွင်း    ဆန်ဖူလုံမှုရှိအောင် လုပ်ဆောင်ကြစေလိုကြောင်း။

 


မည်သည့် စိုက်ပျိုးရေးကို လုပ်ဆောင်သည်ဖြစ်စေ မျိုး၊ မြေ၊ ရေ၊ နည်းကောင်းမွန်ပါက အောင်မြင်နိုင် မည်ဖြစ်ကြောင်း၊ မျိုးကောင်းရမည်၊ မြေကိုစနစ်တကျ ပြုပြင်ရမည်၊ သဘာဝမြေဩဇာများကို ထုတ်လုပ်၍ နည်းစနစ်တကျသုံးစွဲနိုင်ရမည်၊ အထွက်နှုန်း ကောင်းမွန် မည့် မှန်ကန်သည့် စိုက်နည်းစနစ်များကို အသုံးပြုရ မည်ဖြစ်ပြီး     မွေးမြူရေးဆောင်ရွက်သည်ဖြစ်စေ၊ စိုက်ပျိုးရေးဖြစ်စေ အဓိကလိုအပ်ချက်တစ်ခုဖြစ်သည့် ကောင်းမွန်သည့်  ရေအရင်းအမြစ်များ  ရရှိအောင် လည်း ဆောင်ရွက်ပေးနိုင်ရမည်ဖြစ်ကြောင်း။

 


ဒေသစီးပွားရေးကို အထောက်အကူဖြစ်


ရေထွက်လုပ်ငန်းနှင့် ပတ်သက်၍ အဓိကထား ဆောင်ရွက်ကြသည်ဖြစ်သော်လည်း အခြား ကြက်၊ ဝက်၊ အမဲ၊ ဆိတ် မွေးမြူရေးလုပ်ငန်းများကိုလည်း နည်းလမ်း စနစ်တကျဖြင့် ဆောင်ရွက်မည်ဆိုပါက ဒေသစီးပွားရေးကို အထောက်အကူဖြစ်စေနိုင်မည် ဖြစ်ကြောင်း၊   ဒေသတွင်းဖူလုံရေးကို  ဦးစားပေး ဆောင်ရွက်ပြီး ထိုမှတစ်ဆင့်   အေးခဲအသားငါးနှင့် အသားခြောက်များကို ပြည်ပနိုင်ငံများသို့ တင်ပို့ ဆောင်ရွက်နိုင်ရေး ဈေးကွက်ရှာ ဆောင်ရွက်ကြစေလို ကြောင်း၊ တင်ပို့နိုင်ရေးအတွက်လည်း ရေကြောင်း လမ်းများ၊ လေကြောင်းလမ်းများ စသည့် ကောင်းမွန် သည့် အခွင့်အရေးများရှိပြီးဖြစ်သဖြင့်  အောင်မြင် အောင် လုပ်ဆောင်ကြစေလိုကြောင်း။

 


ကျန်းမာရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက် 


ကျန်းမာရေးနှင့်   ပတ်သက်၍   မိမိတို့နိုင်ငံ၏ မျှော်မှန်းသက်တမ်းသည် အာဆီယံတွင် အနိမ့်ဆုံး ဖြစ်ပြီး ၆၇ နှစ်သာရှိသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အခြားနိုင်ငံများနည်းတူ မျှော်မှန်းသက်တမ်း တိုးမြင့်လာစေရေး အာဟာရပြည့်ဝစွာ စားသောက် ရန်နှင့် ကျန်းမာရေးနှင့် ညီညွတ်မျှတသည့် နေထိုင် သွားလာလှုပ်ရှားမှုများရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဆန်ကိုဗဟိုပြု၍ အခြားသားငါးသီးနှံတို့ကို စားသောက် ခြင်းဖြစ်သည့်အတွက်   အာဟာရပြည့်ဝအောင် စားသောက်ကြရမည်ဖြစ်ပြီး တနင်္သာရီတိုင်းဒေသ ကြီးတွင် ငါးမျိုးစုံကို ရွေးချယ်စားသုံးနိုင်ပြီး အခြား အသားငါး၊ ဟင်းသီးဟင်းရွက်များလည်း ပြည့်စုံစွာ ရရှိနိုင်ပြီးဖြစ်သဖြင့်     ပြည့်ပြည့်ဝဝစားသုံးကာ ကျန်းမာရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်ကြစေလိုကြောင်း။

 


တတ်မြောက်အောင် လေ့ကျင့်သင်ကြား


ပညာရေးကဏ္ဍနှင့် ပတ်သက်၍ မိမိတို့နိုင်ငံတွင် ကျောင်းနေသူရာခိုင်နှုန်းနှင့်     စာတတ်မြောက်သူ ရာခိုင်နှုန်း   နည်းပါးလျက်ရှိသဖြင့် ပညာရေးကို အားပေးကြရန် လိုအပ်မည်ဖြစ်ပြီး အသိပညာ၊ အတတ် ပညာရှင်များပေါ်ထွက်လာမှသာလျှင်  ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း ပိုမိုလုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း၊ မိမိတို့၏ မျိုးဆက်သစ်လူငယ်လူရွယ် များကို ကောင်းမွန်သည့် စာပေပညာအမွေအနှစ်များ သင်ကြားပေးနိုင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ အခြေခံပညာများ၊ တက္ကသိုလ်ပညာများ သင်ကြား ပေးနေခြင်းသည် မိမိတို့တစ်ဦးချင်းစီ၏ ရှေ့ဆက်ရ မည့်ဘဝခရီးတွင် မိမိခြေထောက်ပေါ် မိမိရပ်တည်နိုင် ရေးနှင့်   တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပင် ဖြစ်သည့်အတွက် အခွင့်အရေးကို ရရှိ‌အောင်ယူကြ စေလိုကြောင်း၊     အစိုးရကောင်းစေလိုခြင်းမဟုတ် ကြောင်း၊   စစ်တမ်းများအရ ၂၀၀၇-၂၀၀၈ ခုနှစ် ပညာသင်နှစ်တွင်   ကျောင်းစတင်တက်ရောက်သူ ဦးရေ ၁ ဒသမ ၅ သန်းရှိပြီး တက္ကသိုလ်ဝင်တန်းသို့ ရောက်ရှိခဲ့သူ ၂ သိန်း ၇  သောင်းကျော်ခန့်သာရှိခဲ့ သဖြင့် ကျောင်းစတင်တက်ရောက်ခဲ့သူများအနက် ၉၀   ရာခိုင်နှုန်းသည်   တက္ကသိုလ်ဝင်တန်းအောက် ပညာအရည်အချင်း၌သာရှိသည်ကို   တွေ့ရှိရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံ၏ ပညာရည်အဆင့် အတန်းမြင့်မားစေရေးအတွက် ပညာရေးကို အားပေး ဆောင်ရွက်ကြရန်လိုပြီး အမှန်တကယ် တတ်မြောက် အောင် လေ့ကျင့်သင်ကြားပေးကြရမည် ဖြစ်ကြောင်း။

 


တစ်ဖက်တစ်လမ်းက လုပ်ဆောင်


စီးပွားရေးကဏ္ဍ  ဖွံ့ဖြိုးတိုးတက်ရေးအတွက်  တနင်္သာရီတိုင်းဒေသကြီးအတွင်း ငါးကိုအခြေခံသည့် စက်မှုလုပ်ငန်းများကို အောင်မြင်အောင် လုပ်ဆောင် ကြစေလိုပြီး   သယံဇာတပေါကြွယ်ဝမှုနှင့်  နေရာ အချက်အချာကျမှုကိုအခြေခံ၍ ဒေသခံပြည်သူလူထု ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပေး ရန်လိုကြောင်း၊ ဒေသတွင်း လျှပ်စစ်ဖူလုံရေးအစိုးရမှ လုပ်ဆောင်ပေးမည်ဖြစ်သော်လည်း     လျှပ်စစ် ဓာတ်အားခ သက်သာစေသည့် LED မီးအမျိုးအစား များကို  သုံးစွဲခြင်းဖြင့်လည်း    လျှပ်စစ်ဓာတ်အား သုံးစွဲမှုများကို သက်သာအောင် တစ်ဖက်တစ်လမ်းက လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ဒေသထွက်ကုန်၊ ထုတ်ကုန်များအား သက်သာသောဈေးနှုန်းများဖြင့်  ပြင်ပသို့တင်ပို့နိုင်ရေးနှင့်       ခရီးသွားပြည်သူတို့   လမ်းကြောင်းတစ်လျှောက် စိတ်အေးချမ်းသာစွာဖြင့်  ရှုခင်းများကြည့်ရှု၍ စိတ်ချမ်းမြေ့စွာ သွားလာနိုင်ရေး မော်လမြိုင်-ထားဝယ်-ရေး     ပင်လယ်ကမ်းခြေ မီးရထားလမ်းကြောင်းနှင့်   ရန်ကုန်-မော်လမြိုင်-မြိတ်-ထားဝယ် ကမ်းခြေရေလမ်းကြောင်း ခရီးစဉ် များ ပြေးဆွဲနိုင်ရေးအတွက်လည်း စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်လျက်ရှိကြောင်း၊ တနင်္သာရီ တိုင်းဒေသကြီးတွင်   ကျောက်မီးသွေး၊    သံရိုင်း၊ ထုံးကျောက်နှင့် သဲသယံဇာတများ များစွာရှိသည့် အတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် သံမဏိ လုပ်ငန်း၊  ဘိလပ်မြေလုပ်ငန်းနှင့်   ဖန်ချက်လုပ်ငန်း များလုပ်ဆောင်ရန် စိတ်ဝင်စားမှုရှိပါက လုပ်ဆောင် နိုင်ရေး မည်သူမဆိုဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်ဆောင် ရွက်ကြစေလိုကြောင်း။

 


အားကစားမြှင့်တင်ခြင်းကို ဆောင်ရွက်


အားကစားကဏ္ဍ   ဖွံ့ဖြိုးတိုးတက်ရေးအတွက်  နိုင်ငံတော်အစိုးရအနေဖြင့်   တိုင်းနှင့်   ပြည်နယ် အသီးသီးတွင် အားကစားကွင်းများ၊ အားကစားရုံများ နှင့် အထောက်အကူပြုပစ္စည်းများကို   ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသဖြင့်        ဒေသခံများ၏ အားကစားမြှင့်တင်ခြင်းကိုဆောင်ရွက်ပြီး မြို့နယ် အဆင့်၊ တိုင်း‌ဒေသကြီးအဆင့်မှတစ်ဆင့် နိုင်ငံအဆင့် အထိ အားကစားကဏ္ဍတွင် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း။

 


အောင်မြင်အောင် ဆောင်ရွက်


တနင်္သာရီတိုင်းဒေသကြီးသည်       ရေခံမြေခံ ကောင်းမွန်ပြီး နဂိုရှိရင်းစွဲ သယံဇာတအရင်းအမြစ် များ ကြွယ်ဝသည့်အတွက် အနာဂတ်မျှော်မှန်းချက် များစွာရှိသည့် ဒေသတစ်ခုဖြစ်ကြောင်း၊ ပညာရေးကို အားပေးကြစေလိုပြီး စနစ်ကျနသည့်  စီးပွားရေး လုပ်ငန်းများပေါ်ထွက်လာရေးကို အားပေးဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှု၊ တိုင်းဒေသကြီးနှင့်    မြို့နယ်အဆင့်   ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ ထိန်းသိမ်းကြပ်မတ်မှု၊ ဒေသခံ ပြည်သူလူထုတို့၏   ပူးပေါင်းပါဝင်မှုတို့ဖြင့်   ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

 


‌တွေ့ဆုံပွဲအပြီးတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်  အဖွဲ့ဝင် များသည် တက်ရောက်လာကြသူများအား ရင်းရင်း နှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်