
တိုကျို ဇန်နဝါရီ ၁၂
ဂျပန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ မြင့်တက်နေသဖြင့် တိုကျို မြို့ရှိ ကုမ္ပဏီများ၌ အလုပ်လုပ်ကိုင်နေသူ ဝန်ထမ်း ၁၀ ရာခိုင်နှုန်းကျော်ခန့် လုပ်ငန်း ခွင် ပျက်ကွက်နိုင်ကြောင်း တိုကျို ဒေသန္တရအစိုးရအဖွဲ့က ခန့်မှန်းပြောကြား သည်။ ထိုသို့ လုပ်ငန်းခွင်မှ ပျက်ကွက်မည့် သူများမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ သူများ သို့မဟုတ် ရောဂါပိုးရှိသူနှင့် အနီးကပ်နေထိုင်ခဲ့သူများ ဖြစ်သည်။
အစားထိုးတာဝန်ပေးအပ်နိုင်ရန်
ထို့ပြင် ၎င်းအလုပ်ပျက်ကွက်မည့် လုပ်သားများနေရာ၌ အစားထိုးတာဝန် ပေးအပ်နိုင်ရန် အရေးပေါ်လုပ်ငန်းစီမံ ချက်များ ကြိုတင်ရေးဆွဲ ဆောင်ရွက်သင့် ကြောင်း သက်ဆိုင်ရာကုမ္ပဏီများအား တိုကျိုဒေသန္တရအစိုးရအဖွဲ့က ပြောကြား သည်။ နိုင်ငံအတွင်းရှိ အရေးကြီးသော အများပြည်သူ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၌ ကိုဗစ်-၁၉ ရောဂါကြောင့် လုပ်ငန်းလည်ပတ်မှုပိုင်း၌ အဟန့်အတား များ ဖြစ်လာနိုင်သဖြင့် အရေးပေါ်စီမံချက် များ ကြိုတင်ရေးဆွဲဆောင်ရွက်သင့် ကြောင်းနှင့် အဆိုပါစီမံချက်များနှင့် သက်ဆိုင်သည့် ဆွေးနွေးပွဲများကျင်းပ ခြင်းဖြင့် အကူအညီများပေးအပ်သွားမည် ဖြစ်ကြောင်း တိုကျိုမှတာဝန်ရှိသူများက ပြောကြားသည်။
တိုကျိုဒေသ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ မြင့်တက်လာခြင်းကြောင့် ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို သာမက လူမှုရေးဆိုင်ရာအခမ်းအနားများ နှင့် စာသင်ကျောင်းများကိုပါ လုပ်ငန်း ဆောင်ရွက်မှု နှောင့်နှေးစေခြင်း စသည့် အကျိုးသက်ရောက်မှုများ ဖြစ်လာစေခဲ့ ကြောင်း တိုကျိုမြို့တော်ဝန် ကိုကီယူရီကို က ပြောကြားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-စိုးသူရ