
လင်းဟန်သစ်
ကူးစက်မြန် အိုမီခရွန် ဗီဇပြောင်း ဗိုင်းရပ်စ်သစ်ကြောင့် လွန်ခဲ့တဲ့နှစ် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ဖြစ်ပွား မှုအတိုင်း တဖြည်းဖြည်းတစ်ကျော့ပြန် ပုံစံ ဖြစ်လာပြီးတဲ့နောက်မှာ ကမ္ဘာ့ စီးပွားရေး ပြန်လည်ဦးမော့လာမှုကို အကြီးအကျယ် ထိပါးနှောင့်ယှက် လာခဲ့ပါတယ်။
ခရီးသွားကဏ္ဍဖရိုဖရဲဖြစ်
ခရီးသွားကဏ္ဍကို နောက်တစ်ဖန် ထိုးနှက်လာခဲ့ပြီး ဖရိုဖရဲဖြစ်စေခဲ့ပါတယ်။ အလုပ်သမားတွေကို နေအိမ်မှာ သီးသန့် နေထိုင်စေဖို့ ဖိအားတွေ ဖြစ်လာစေ ပါတယ်။ အစိုးရတွေအနေနဲ့လည်း ကန့်သတ်ချက်တွေ ချမှတ်မလား ဒါမှ မဟုတ် စီးပွားရေးကို ကမောက်ကမ ဖြစ်ခွင့်ပေးမလားဆိုတဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေကိုချဖို့ ဝေဝါးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ကူးစက်မြန် အိုမီခရွန်ဗိုင်းရပ်စ်သစ် ဟာ စီးပွားရေးနာလန်ထူမှုမှာ ဆိုးရွား တဲ့ အကျိုးသက်ရောက်မှု ဖြစ်စေနိုင် မလား သို့မဟုတ် ရောဂါလက္ခဏာ မပြဘဲဖြစ်နေတဲ့ အိုမီခရွန်ဗိုင်းရပ်စ်က စီးပွားရေးကို နောက်တစ်ကြိမ် နစ်မြုပ် စေမှာလားဆိုတာကတော့ စဉ်းစားစရာ ကောင်းပါတယ်။
အိုမီခရွန်က စီးပွားရေးကို နှောင့်ယှက်
ဟန့်တားမှုဖြစ်စေလိမ့်မယ်
ကမ္ဘာ့ဘဏ်က ၂၀၂၂ ခုနှစ်အတွက် တိကျတဲ့ ကမ္ဘာလုံးဆိုင်ရာ ခန့်မှန်းချက် ကို ဇန်နဝါရီ ၁၁ ရက်က ဖော်ပြခဲ့ရာမှာ အိုမီခရွန် ကိုရိုနာဗိုင်းရပ်စ်သစ်ဟာ စီးပွားရေးကို နှောင့်ယှက်ဟန့်တားမှု ဖြစ်စေလိမ့်မယ်ဆိုပြီး ဖော်ပြထား ပါတယ်။
ဝါရှင်တန် အခြေစိုက်စီးပွားရေး အဖွဲ့တစ်ဖွဲ့က ကမ္ဘာ့စီးပွားရေးတိုးတက် ဖွံ့ဖြိုးမှုဟာ ၂၀၂၁ ခုနှစ်မှာ ၅ ဒသမ ၅ ရာခိုင်နှုန်းအထိ ပြန်တက်လာပြီး နောက်မှာ ၄ ဒသမ ၁ ရာခိုင်နှုန်းအထိ ပြန်လည် ကျဆင်းလာနိုင်ကြောင်းနဲ့ နောက်ထပ် ၃ ဒသမ ၄ ရာခိုင်နှုန်းအထိ ထပ်မံနှေးကွေး ကျဆင်းလာနိုင်ကြောင်း သတိပေးထားပါတယ်။
ဘူးလေးရာဖရုံဆင့်
ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဒေးဗစ်မယ်လ် ပက်စ်က ကပ်ရောဂါဟာ ဆင်းရဲတဲ့နိုင်ငံ တွေကို တန်ဖိုးကြီးကြီး ပေးဆပ်စေ ရနိုင်ပြီး အရင်ထဲကမှ ဆင်းရဲမှုတွေ၊ အာဟာရချို့တဲ့မှုတွေ၊ ကျန်းမာရေး ပြဿနာတွေ ရှိနေတဲ့အပေါ် ဒုက္ခတွေ ထပ်ဆင့်လိုက်သလို ဘူးလေးရာဖရုံဆင့် ပုံစံမျိုးဖြစ်လာမှာ စိုးရိမ်မိတယ်လို့ ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်) အကြီး အကဲ ခရစ်စတာလီနာ ဂျော်ဂျီဗာက ကမ္ဘာ့စီးပွားရေး ကြီးထွားဖွံ့ဖြိုးမှုခန့်မှန်း ချက်ဟာ အိုမီခရွန်ဗိုင်းရပ်စ်သစ်ကြောင့် အကွဲကွဲအပြဲပြဲ ဖြစ်နိုင်တဲ့ အခြေ အနေမှာရှိတယ်လို့ သတိပေးထား ပါတယ်။
အိုင်အမ်အက်ဖ်က ငွေကြေး တိုးတက်မှုဟာ ၂၀၂၁ ခုနှစ်မှာ ၅ ဒသမ ၉ ရာခိုင်နှုန်းရှိခဲ့ပြီး ဒီနှစ်မှာတော့ ၄ ဒသမ ၉ ရာခိုင်နှုန်း ရှိနိုင်တယ်လို့ အရင်က ပြောခဲ့ပါတယ်။
အိုမီခရွန်က
စီးပွားရေးပျက်စီးအောင်လုပ်နေ
ကပ်ရောဂါကြောင့် စီးပွားရေးအပေါ် ထိုးနှက်ချက် ကြီးမားလာမယ့်အရေးကို ပျော့ပျောင်းစေဖို့ အမေရိကန်ကျန်းမာ ရေး အာဏာပိုင်တွေကတော့ သီးသန့် ခွဲခြားနေထိုင်ရမယ့်ကာလကို ထက်ဝက် ကနေ ငါးရက်အထိ လျှော့ချခဲ့ပါတယ်။
မူဒီစီးပွားရေးအရာရှိချုပ် မာ့ခ် ဇန်ဒီက အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာ ပထမ လေးလပတ်မှာ ၂ ဒသမ ၂ ရာခိုင်နှုန်း ရှိခဲ့ပြီး ယခင်မျှော်မှန်းထားတဲ့ ၅ ဒသမ ၂ ရာခိုင်နှုန်းထက် ထက်ဝက်မက လျော့ နည်းကျဆင်းခဲ့တယ်လို့ ပြောပါတယ်။
အိုမီခရွန်ဟာ စီးပွားရေးပျက်စီး အောင် လုပ်ဆောင်နေပါတယ်။ အကြွေး ဝယ်ကတ် အသုံးပြုမှုတွေ၊ စားသောက် ဆိုင်ကြိုတင်မှာယူမှုတွေ လျော့နည်း လာခဲ့ပြီး လေကြောင်းလိုင်း ဖျက်သိမ်း မှုတွေလည်း ရှိလာခဲ့ပါတယ်။ အလားတူ ကျောင်းအတော်များများလည်း အွန်လိုင်း သင်ကြားမှုပုံစံကို ပြန်လည်ပြုလုပ် လာကြတယ်လို့ ဇန်ဒီက ထပ်လောင်း ပြောကြားလိုက်ပါတယ်။
ပြန်လည်ကောင်းမွန်လာမယ်
သို့သော်လည်း မိမိအမြင်ကတော့ အိုမီခရွန်ဟာ အလျင်အမြန်ပဲ ပြီးဆုံး သွားနိုင်ပြီး ဒုတိယလေးလပတ်မှာ အမေ ရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးဟာ ပြန်လည်ကောင်းမွန်လာမယ်လို့ သူက ထပ်မံဖြည့်စွက် ပြောကြားလိုက်ပါ တယ်။
ကိုရိုနာဗိုင်းရပ်စ် လှိုင်းဂယက် တစ်ခုချင်းစီက ကျန်းမာရေးစနစ်နဲ့ စီးပွားရေးကို နည်းနည်းချင်းစီပျက်စီးယိုယွင်းစေခဲ့မယ်လို့ ထင်တယ်လို့ သူက ပြောပါတယ်။
ကြီးမားတဲ့မသေချာမှုနဲ့ရင်ဆိုင်ရမယ်
ဥရောပဇုန်မှာလည်း တင်းကျပ်တဲ့ ကန့်သတ်ချက်တွေ၊ စားသုံးသူ သတိ ပေးချက်တွေနဲ့ စားသုံးသူပြတ်တောက်မှု တွေက နောက်သီတင်းပတ် အနည်းငယ် အတွင်း စီးပွားရေးဆိုင်ရာ လုပ်ဆောင် ချက်တွေကို လျော့နည်းစေမှာ ဖြစ်ပါ တယ်။ သို့သော်လည်း စီးပွားရေးဟာ ဖေဖော်ဝါရီလမှာတာ့ ပြန်လည်နာလန် ထူလာနိုင်ပါတယ်လို့ ဥရောပစီးပွားရေး ခေါင်းဆောင် ကန်နင်ဂန်က ပြောကြား လိုက်ပါတယ်။
ကာကွယ်ဆေးထိုးနှုန်း နည်းတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ ကြီးမားတဲ့ မသေချာမှုတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး တရုတ်နိုင်ငံရဲ့ ကိုဗစ်-၁၉ ကင်းစင်ရေး မူဝါဒအရ မြို့တွေအကုန်လုံးကို အလုံ ပိတ် ကန့်သတ်လိုက်မယ်ဆိုရင် ကမ္ဘာ့ ဒုတိယအကြီးဆုံး စီးပွားရေးအဆောက် အအုံကြီးရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက် နိုင်ပါတယ်။
ပြန်လည်တိုးတက်လာဖို့မျှော်လင့်
နယ်စပ်တွေပိတ်ထားရခြင်း၊ အလုံ ပိတ်ကန့်သတ်ချက်တွေ ချမှတ်ထား ခြင်းစတဲ့ ကန့်သတ်ချက်တွေကြောင့် ပျက်စီးနေတဲ့ ခရီးသွားကဏ္ဍဟာလည်း ၂၀၂၂ ခုနှစ်မှာ ပြန်လည်တိုးတက်လာဖို့မျှော်လင့်ရပါတယ်။
သို့သော်လည်း အဓိကဆောင်းရာသီ အားလပ်ရက်မှာ အိုမီခရွန်ပေါ်ပေါက် လာတာကြောင့် လေကြောင်းလိုင်း တွေကို ဖျက်သိမ်းလိုက်ရသလို ဇိမ်ခံ သင်္ဘောကြီးတွေလည်း ရပ်နားထားဖို့ အကြောင်း ဖြစ်လာပါတယ်။ ထို့အတူ ဟိုတယ်တွေမှာလည်း လာရောက် တည်းခိုဖို့ စာရင်းသွင်းတဲ့လူဦးရေဟာ နည်းသထက် နည်းလာခဲ့ပါတယ်။ သို့သော်လည်း ရင်းနှီးမြှုပ်နှံသူတွေ ကတော့ အပြုသဘောဆောင်ထားကြ ပါတယ်။ စီးပွားရေးဟာ အိုမီခရွန် လွန်ကာလမှာ ပြန်လည်ကောင်းမွန်လာဖို့ မျှော်လင့်ထားတယ်လို့လည်း သုတေသီ တွေက သုံးသပ်ထားပါတယ်။
ငွေကြေးဖောင်းပွမှုတွေမြင့်မားလာ
စီးပွားရေးပြန်လည်နာလန်ထူမှုမှာ ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုရှိ ပါတယ်။ ထို့အတူ ငွေကြေးဖောင်းပွ မှုလည်း မြင့်မားလာခဲ့ပါတယ်။ ဗဟို ဘဏ်တွေကတော့ ငွေကြေးဖောင်းပွ တာဟာ ခဏတာဖြစ်ပြီး နောက်ပိုင်းမှာ ပြန်ကျသွားမယ်လို့ အလေးအနက် ပြောကြားထားပါတယ်။ သို့သော်လည်း စားသုံးသူတွေနဲ့ စီးပွားရေးလုပ်ငန်း တွေကို ထိခိုက်နိုင်တယ်လို့ သုံးသပ် ထားပါတယ်။
အစိုးရတွေအနေနဲ့ စီးပွားရေးကို ကုစားဖို့ ၂၀၂၀ ပြည့်နှစ်မှာ စီးပွားရေး ပြန်လည်ထူထောင်ရေး အစီအစဉ်တွေ လုပ်ဆောင်ခဲ့တဲ့အတွက် အကြွေး ၂၂၆ ထရီလီယံ ရှိခဲ့တယ်လို့ အပြည်ပြည် ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ဖြစ်တဲ့ အိုင်အမ်အက်ဖ်က ပြောပါတယ်။
ကိုးကား-အေအက်ဖ်ပီ