
ပဲခူး ဇန်နဝါရီ ၁၂
ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်- ၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ကူးစက်မှု မဖြစ်ပွား စေရေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရမည် ဖြစ်သကဲ့သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုကိုလည်း ဆက်လက် အရှိန်မြှင့် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး တော်ဝင်ဟံသာအစည်း အဝေးခန်းမ၌ ဇန်နဝါရီ ၁၁ ရက် နံနက်ပိုင်းက Online Zoom Meeting System ဖြင့် ကျင်းပ သည့် ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၂) တွင် ထိုသို့ပြောကြား ခဲ့ခြင်းဖြစ်သည်။
ကြိုတင်ပြင်ဆင်ထား
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နေရပ်ပြန်မြန်မာနိုင်ငံသားများနှင့် ပတ်သက်၍ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးမှုကို အထူးအလေးထား ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ မြို့နယ် များ၌ စာသင်ကျောင်းမှအပ Facility Quarantine အဖြစ် ကြိုတင်ပြင်ဆင်ထားရန် လိုအပ် ကြောင်း ပြောကြားသည်။
ထို့နောက် ပဲခူး၊ တောင်ငူ၊ ပြည်နှင့် သာယာဝတီခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက သက်ဆိုင်ရာ ခရိုင်များအလိုက် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူးက ကာကွယ်ဆေး ထိုးနှံပေးနေမှုနှင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေ ကိုလည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးများက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးလုပ်ငန်းများ ကြိုတင်ဆောင် ရွက်ရမည့် အခြေအနေများကို လည်းကောင်း တင်ပြဆွေးနွေး ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် က လိုအပ်သည်များ မှာကြားခဲ့ ကြောင်း သိရသည်။
သတင်းစဉ်