ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးပြီးသူများ၏ ကိုယ်ရေးအချက်အလက်များအား ကွန်ပျူတာများဖြင့် ဖြည့်သွင်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  ဇန်နဝါရီ   ၁၂

 


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်မျိုးဦး၊ အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်စိုး၊ တာဝန်ရှိသူ များနှင့်အတူ ဇန်နဝါရီ ၁၁ ရက်မွန်းလွဲပိုင်းက လူဝင်မှု ကြီးကြပ်ရေးနှင့်       ပြည်သူ့အင်အားဝန်ကြီးဌာန မြစ်ကြီးနားမြို့နယ်   ဦးစီးမှူးရုံးသို့  ရောက်ရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးပြီးသူများ၏  ကိုယ်ရေးအချက်အလက်များကို   Digital  စနစ်သို့ ပြောင်းလဲနိုင်ရေး ကွန်ပျူတာဖြင့် ဖြည့်သွင်းဆောင် ရွက်နေမှုနှင့်   နေပြည်တော်ရှိ  ရုံးချုပ်နှင့်  Online စနစ်ဖြင့် ချိတ်ဆက်၍ အချက်အလက်များ တိုက်ဆိုင် ဖြည့်သွင်းဆောင်ရွက်နေမှု    အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များဖြစ်သည်နှင့်အညီ စနစ်တကျ ထိန်းသိမ်းနိုင်ရေးနှင့် e-ID စနစ်အကောင်အထည် ဖော်ရာတွင်   ချိတ်ဆက်အသုံးပြုနိုင်ရေး  ကြိုတင် မျှော်တွေး ဆောင်ရွက်ကြရန် မှာကြားသည်။

 


ထိထိရောက်ရောက် ဆောင်ရွက်


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မနော ရွှေပြည်ခန်းမ၌ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံး များမှ ဝန်ထမ်းများနှင့် တွေ့ဆုံကာ နိုင်ငံအတွင်းသို့ နိုင်ငံခြားသားများ ပြည်ဝင်ဗီဇာအမျိုးမျိုးဖြင့် ဝင်/ထွက်သွားလာရာတွင် စနစ်တကျဖြစ်စေရေးအတွက် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများကို  ဆောင်ရွက် လျက်ရှိကြောင်း၊ ယင်းလုပ်ငန်းဆိုင်ရာများကို ဥပဒေ နှင့်အညီ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေး သိရှိနားလည်ထားကြရန် လိုအပ်ကြောင်း။

 


နိုင်ငံသားများအား   နိုင်ငံသားဖြစ်မှု  အရည် အချင်းအရ       ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယခုအခါ နိုင်ငံတစ်ဝန်း   ပန်းခင်းစီမံချက်ဖြင့်   အိမ်ထောင်စု လူဦးရေစာရင်းနှင့်    နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူ  နိုင်ငံသားများအား  နိုင်ငံသားစိစစ်ရေး ကတ်ပြားများ       မဖြစ်မနေထုတ်ပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း။

 


စီစဉ်ဆောင်ရွက်ထား 


e-Government  စနစ်၏  အခြေခံအကျဆုံး လုပ်ငန်းဖြစ်သော e-ID စနစ် အကောင်အထည်ဖော် ရေးအတွက်      ကြိုးပမ်းဆောင်ရွက်နေပြီဖြစ်ရာ ဝန်ထမ်းများအနေဖြင့်  လုပ်ငန်းဆိုင်ရာ  ကြိုတင် ဆောင်ရွက်ရန်ရှိသည်များကို   စီစဉ်ဆောင်ရွက် ထားကြရန် လိုအပ်ကြောင်း၊ ထို့ပြင် ၂၀၂၄ ခုနှစ်တွင် ကောက်ယူရန် အလှည့်ကျပြီဖြစ်သည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူ ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင် ခြင်းလုပ်ငန်းကို ဆောင်ရွက်နေပြီဖြစ်ရာ ပြီးစီးနိုင် သမျှသော လုပ်ငန်းများကို အကောင်းဆုံးဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊      ပန်းခင်းစီမံချက် အောင်မြင်ရေးအတွက် မြို့နယ်အလိုက်ဆောင်ရွက် ရန် သတ်မှတ်လျာထားသည့် အရေအတွက်များကို သတ်မှတ်ကာလအတွင်း   ပြီးစီးနိုင်ရေး  နည်းလမ်း ပေါင်းစုံဖြင့်  ထိထိရောက်ရောက်  မှန်မှန်ကန်ကန် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊      တာဝန်ရှိသူ အဆင့်ဆင့်က       ကြပ်မတ်ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း ပြောကြားပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီး   နှုတ်ဆက်အားပေးခဲ့ကြောင်း  သိရ သည်။ 


သတင်းစဉ်