တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရက နယ်စပ်ရေးရာဝန်ကြီးဌာနအတွက် အမေရိကန်ဒေါ်လာ နှစ်သိန်း လှူဒါန်း

 

နေပြည်တော်      ဇန်နဝါရီ     ၁၂

 


မြန်မာနိုင်ငံ၏ အပစ်အခတ်ရပ်စဲမှု၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုတို့ကို တိုးမြှင့်ရန်နှင့် တရုတ်- မြန်မာ နယ်စပ် ဒေသ၌နေထိုင်သည့် ပြည်သူများ၏လူနေမှုဘဝ တိုးတက်ရေးတို့အတွက်ရည်ရွယ်၍ တရုတ်ပြည်သူ့သမ္မတ နိုင်ငံအစိုးရမှ နယ်စပ်ရေးရာဝန်ကြီးဌာနသို့ အမေရိကန်ဒေါ်လာ နှစ်သိန်း ပေးအပ်လှူဒါန်းခြင်းအခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

 


အခမ်းအနားသို့     နယ်စပ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး    ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဝန်ကြီး များဖြစ်ကြသော ဗိုလ်ချုပ်ခွန်သန့် ဇော်ထူးနှင့်  ဗိုလ်မှူးချုပ်ဖြိုးသန့်၊  ဝန်ကြီးဌာနမှ   တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်နှင့် သံရုံးကိုယ်စားလှယ် အဖွဲ့များ တက်ရောက်ကြသည်။ 

 


ရှေးဦးစွာ    တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က       မြန်မာနိုင်ငံ၏ အပစ်အခတ်ရပ်စဲမှု၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုတို့ကို တိုးမြှင့်ရန်နှင့် တရုတ် - မြန်မာ နယ်စပ်ဒေသ၌ နေထိုင်သည့်    ပြည်သူများ၏ လူနေမှုဘဝ    တိုးတက်ရေးတို့ အတွက်ရည်ရွယ်၍      တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းငွေ များ      ပေးအပ်လှူဒါန်းရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြား သည်။ 

 


ထို့နောက်    တရုတ်ပြည်သူ့ သမ္မတနိုင်ငံ     အစိုးရကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ     တရုတ် သံအမတ်ကြီးက      လွှဲပြောင်း ပေးအပ်လှူဒါန်းသော အမေရိကန် ဒေါ်လာ နှစ်သိန်းကို ပြည်ထောင်စု ဝန်ကြီးက လက်ခံရယူပြီး(ယာပုံ) ဂုဏ်ပြုမှတ်တမ်းလွှာနှင့်    အမှတ် တရ  လက်ဆောင်ပစ္စည်းများကို ပြန်လည်ပေးအပ်သည်။ 

 


ယင်းနောက်    ပြည်ထောင်စု ဝန်ကြီး      ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က လှူဒါန်းငွေ များ ပေးအပ်လှူဒါန်းခြင်းအတွက် ကျေးဇူးတင်စကားပြောကြားကာ နယ်စပ်ဒေသများ     တည်ငြိမ် အေးချမ်းရေးနှင့်  ဖွံ့ဖြိုးတိုးတက် ရေး၊     လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့်   ကိစ္စရပ်များကို  ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။


သတင်းစဉ်