
နေပြည်တော် ဇန်နဝါရီ ၈
တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ဘာသာရေး ခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာ မရွေး အသက် ၄၀ အထက် ဒေသခံ ပြည်သူများ၊ အကျဉ်းသား အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ၊ နာတာရှည်ရောဂါအခံရှိသူ များ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီ တိုက်ပွဲရှောင်စခန်းများ အတွင်းရှိ ပြည်သူများ၊ အသက် ၁၂ နှစ်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း အဆင့် ကျောင်းသား ကျောင်းသူ များ စသည့်ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေး အဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာ ရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ဆောင် ရွက်ပေးလျက်ရှိသည်။
ကာကွယ်ဆေး ထိုးနှံပေး
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၇ ရက်နှင့် ယနေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ရှိ မြို့နယ် ကိုးမြို့နယ်တို့၌ ဒေသခံ ပြည်သူ ၃၁၆၄ ဦး၊ တနင်္သာရီ တိုင်းဒေသကြီး မြိတ်မြို့နယ်နှင့် ပုလောမြို့နယ်တို့၌ ဒေသခံ ပြည်သူ ၇၂၅၀၊ ရန်ကုန်တိုင်း ဒေသကြီး မြောက်ဥက္ကလာပ မြို့နယ်နှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တို့၌ ဒေသခံပြည်သူ ၃၉၀၀၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ဒေသခံပြည်သူ ၂၁၅၈၆ ဦး၊ ရခိုင် ပြည်နယ်အတွင်းရှိ မြို့နယ် သုံးမြို့နယ်တို့၌ ဒေသခံပြည်သူ ၇၅၉၅ ဦး၊ မန္တလေးတိုင်းဒေသ ကြီးအတွင်းရှိ ခရိုင် ခုနစ်ခုတို့မှ ဒေသခံပြည်သူ ၉၄၃၆ ဦး၊ ပဲခူး တိုင်းဒေသကြီး တောင်ငူမြို့နှင့် ထန်းတပင်မြို့နယ်တို့၌ ဒေသခံ ပြည်သူ ၁၂၅၀ တို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသည်။
စေတနာ့ဝန်ထမ်းများနှင့်ပူးပေါင်း
ထို့အတူ ကျောင်းသား ကျောင်း သူများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများထိုးနှံပေး လျက်ရှိရာ ဇန်နဝါရီ ၇ ရက်နှင့် ယနေ့တွင် ရှမ်းပြည်နယ် (မြောက် ပိုင်း) မဘိမ်းမြို့နှင့် မန်တုံမြို့တို့၌ ကျောင်းသား ကျောင်းသူ ၂၁၂ ဦး နှင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ကျောင်းသား ကျောင်းသူ ၆၈၅ ဦး တို့ကို တပ်မတော်မှ ဆေးအဖွဲ့များ က ပြည်သူ့ဆေးရုံများမှ ဆရာဝန် များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း များနှင့်ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည်။
ကြည့်ရှုအားပေး
ထိုသို့ ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြောင်း သတင်း ရရှိသည်။
သတင်းစဉ်