
နေပြည်တော် ဇန်နဝါရီ ၆
ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် လွိုင်မွေ ကျေးရွာ၌ ချယ်ရီပန်းပွဲတော် ၂၀၂၂ ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ချယ်ရီပန်းပွဲတော် ၂၀၂၂ ဖွင့်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးပြီး အဖွင့်အမှာစကားများ ပြောကြားကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ရှမ်း၊ အာခါ၊ လားဟူ တိုင်းရင်းသားများ၏ ရိုးရာအက များဖြင့် ဖျော်ဖြေမှုအားကြည့်ရှုကြပြီး ချီးမြှင့်ငွေများ ပေးအပ်ကာ ချယ်ရီပန်းပွဲတော်ကို လှည့်လည်ကြည့်ရှု ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်